spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းထိုက်သင့်လစာဝင်ငွေရရှိရန်အရေးကြီးလိုအပ်ဟု FTUB ပြော

    ထိုက်သင့်လစာဝင်ငွေရရှိရန်အရေးကြီးလိုအပ်ဟု FTUB ပြော

    -

    မင်းသုတ – နိုင်ငံ့ဝန်ထမ်းအလုပ်သမားများအနေဖြင့် ထိုက်သင့်သည့် လစာဝင်ငွေရရှိရေးသည် အရေးကြီး လိုအပ်ချက်တရပ်ဖြစ်သည့်အတွက် မဖြစ်မနေလုပ်ဆောင်ပေးရမည့် လုပ်ငန်းတရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားများအဖွဲ့ချုပ် FTUB က ယနေ့တွင် ပြောကြားလိုက်သည်။

    ဖေဖော်ဝါရီလ ရ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဝန်ထမ်းလစာ တိုးမြှင့်ရေးအဆိုတင်သွင်းချက်ကို ဘဏ္႑ာရေးဝန်ကြီး ဦးလှထွန်းက ငြင်းပယ်လိုက်ခြင်းအပေါ် FTUB မှ ကြေညာချက် ထုတ်ပြန်ပြီး ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “အောက်ခြေနဲ့ အလယ်အလတ်ဝန်ထမ်းတွေကို သင့်တော်တဲ့အချိုးအစားနဲ့ တိုးပေးဖို့ပါ၊ အထက်ပိုင်းအရာအရှိတွေဖြစ်ကြတဲ့ ညွှန်ကြားရေးမှူးတို့ ဗိုလ်ကြီးတို့ကို တိုးပေးဖို့အရေးတကြီးမလိုအပ်ပါဘူးလို့ မြင်တယ်၊ ဦးရွှေမန်းကတောင် နေပြည်တော်က အလုပ်ကြမ်းသမားတွေ တနေ့ သုံးထောင် တလကိုးသောင်းတစ်သိန်းနီးပါးရနေတယ်ဆိုတော့ ဝန်ထမ်းတွေရဲ့လစာဟာ အနိမ့်ဆုံးကျပ်တစ်သိန်း ဖြစ်သင့်တယ်လို့ ဆိုထားတယ်” ဟု FTUB ၏ အကြီးတန်းသုတေသနမှူး ဦးအောင်သင်းက ပြောသည်။

    လက်ရှိမြန်မာနိုင်ငံ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏လစာမှာ ကျပ်သုံးသောင်းခွဲ (၃၅၀၀၀ိ) သာရရှိနေပြီး အမြင့်ဆုံးဖြစ်သော သမ္မတမှာ လစာကျပ်သိန်း ၅၀ ရရှိ၍ ကား ၆ စီးနှင့် ယာဉ်မောင်း ၆ ဦးပါဝင်ကာ နိုင်ငံရပ်ခြားသို့ အခမဲ့သွားရောက် ဆေးကုခွင့်နှင့် အခြားခံစားခွင့်များ ရရှိနေသည်။

    ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ရန်နှင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး အမှန်တကယ်ဖြစ်ပေါ်ရန် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆို တင်သွင်းခဲ့သော်လည်း လက်ရှိ ဘဏ္႑ာရေးဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများအားလစာတိုးပေးမည်ဆိုလျှင် လာမည့်ဘဏ္႑ာရေးနှစ်တွင် တိုင်းပြည်စီးပွားရေးတိုးတက်မှုနှေးကွေးသွားမည်ဟု ထောက်ပြ ပယ်ချခဲ့သည်။

    တဖန်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ဝန်ထမ်းလစာကျပ်တစ်သိန်းအထိတိုးပေးရန် အချက် (၁၅) ချက်ပါသဝဏ်လွှာတစ်စောင်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ ယနေ့တွင်ပေးပို့သွားမည်ဟု သတင်းဌာနများက ရေးသားဖေါ်ပြသည်။

    ဦးအောင်သင်းက “တိုင်းပြည်ကအကြွေးတင်နေလို့ ဝန်ထမ်းတွေလစာမတိုးပေးသင့်ဘူးဆိုတာလည်း မဖြစ်သင့်ဘူး၊ ဝန်ထမ်းတွေက တိုင်းပြည်ဖွံဖြိုးရေးအတွက် အစစအရာရာအနစ်နာခံလုပ်ပေးရသူတွေပါ၊ အကြွေးတင်တာက ဦးလှထွန်းဘဏ္႑ာရေးဝန်ကြီးဖြစ်လာကတည်းက အကြွေးတွေပါပဲ”

    ဦးသန်းရွှေစစ်အစိုးရလက်ထက်မှ ဦးလှထွန်း ဘဏ္႑ာရေးဝန်ကြီးဖြစ်ခဲ့ပြီး ဝန်ထမ်းလစာ (၅) ကြိမ်တိုးပေးခဲ့ရာ လက်ရှိကာလတွင် တိုင်းပြည်အနေဖြင့် ဒေါ်လာ ၁၁ ဘီလီယံ (သန်းတစ်သောင်းတစ်ထောင်) အကြွေးတင်ရှိနသည်ဟု လွှတ်တော်၌ တင်ပြခဲ့သည်။

    မြန်မာနိုင်ငံ၏ကြွေးမြီများတင်ရှိခြင်းနှင့် ဘတ်ဂျက်လိုငွေပြမှုကိစ္စများသည် (၁၉၈၈-နောက်ပိုင်း) ဦးသန်းရွှေ၊ ဦးသိန်းစိန်စစ်အစိုးရလက်ထက်တွင် မလိုလားအပ်သည့်စစ်လက်နက်များဝယ်ယူခြင်း၊ နြူးကလီးယားစက်ရုံတည်ဆောက်ခြင်း၊ တိုင်းရင်းသားဒေသများတွင်ထိုးစစ်ဆင်နွှဲခြင်း၊ ငွေကြေးအမြောက်အများကုန်ကျခံကာ နိုင်ငံခြားသို့စစ်ပညာသင်ကြားသင်ကြားခြင်းနှင့် မလိုလားအပ်သည့် အခွင့်ထူးခံအသုံးစားရိတ်များရယူခံစားနေခြင်းကြောင့်ဟု FTUB ကြေညာချက်တွင် ထောက်ပြထားသည်။

    ပြည်ပအခြေစိုက် မြန်မာနိုင်ငံအလုပ်သမားများအဖွဲ့ချုပ် FTUB ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသားများအတွက် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတခုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts