spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားရေးအားကောင်းရန်အတွက် မွန်နှစ်ပါတီပေါင်းရန် သဘောတူညီမှုရရှိ

    မွန်အမျိုးသားရေးအားကောင်းရန်အတွက် မွန်နှစ်ပါတီပေါင်းရန် သဘောတူညီမှုရရှိ

    -

    ဂျူရီချိုင်း – မွန်အမျိုးသားရေးကိစ္စရပ်များ ပိုမိုအားကောင်းရန်အတွက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပူးပေါင်းရန် ပဏာမအဆင့်ဆွေးနွေးမှုအရ သဘောတူညီမှုရရှိကြပြီဖြစ်ကြောင်း ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီတို့က ပြောသည်။

    မွန်ပါတီကိုအားပေးနေကြသော သံဃာတော်များနှင့် မဲဆန္ဒရှင်များ
    မွန်ပါတီကိုအားပေးနေကြသော သံဃာတော်များနှင့် မဲဆန္ဒရှင်များ
    မွန်ပါတီနှစ်ခုပူးပေါင်းရန် ရာမညနိကာယမွန်သံဃာတော်အဖွဲ့မှ မွန်ကျောင်းထိုင်ဆရာတော် ၈ ပါးဦးဆောင်ပြီး နှစ်ဘက်မွန်ပါတီခေါင်းဆောင်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၌ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “ပါတီနှစ်ခုပူးပေါင်းဖို့တော့ နှစ်ဘက်စလုံးသဘောတူလက်ခံပြီ၊ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ ထပ်တွေ့ဦးမယ် အဲအခါကျမှ အတည်ပြုသွားမယ်” မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်စိုးမြင့်က ပြောသည်။

    ယင်းဆွေးနွေးပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) မှ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ နိုင်စိုးမြင့်၊ နိုင်ရာဇာ၊ နိုင်လရီတမ၊ နိုင်ပန်းအောင်နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင် နိုင်ချစ်ဦး ဦးဆောင်ပြီး နိုင်အံက်စာ၊ နိုင်ချမ်းမြင့်၊ နိုင်တလချမ်း၊ နိုင်မြင့်နိုင်၊ နိုင်တင့်လွင်၊ နိုင်ကျော်တို့ တက်ရောက်ခဲ့ကြသည်ဟု နိုင်စိုးမြင့်က ပြောသည်။

    မွန်ပါတီနှစ်ခုပူးပေါင်းပြီးသွားပါက ပါတီနာမည်အသစ်ကို ပေးသွားမည်ဖြစ်ကြောင်း၊ “မွန်ဒီမိုကရက်တစ်ပါတီ”အမည်သစ်ပေးသွားရန်လည်း ဆရာတော်များက အကြံပြုမိန့်ကြားခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ၂၀၁၀ ခုနှစ်၊ ဧပြီက (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ၁၆ နေရာ အနိုင်ရခဲ့သည်။

    “ကွန်တော်တို့ပါတီအနေနဲ့ ဘာလို့မှတ်ပုံမတင်လဲဆိုတော့ မွန်ဒေသလုံးဆိုင်ရာပါတီက မှတ်ပုံတင်ထားတဲ့အတွက် မွန်အမျိုးအသားထဲမှာ တစ်ပါတီတည်းဖြစ်ရမယ် သွေးမကွဲစေချင်လို့ ကျွန်တော်တို့မတင်ပဲ နေလိုက်တယ်” ဟု နိုင်စိုးမြင့်က ဆက်ပြောသည်။

    ပါတီနှစ်ခုပေါင်းသွားလို်က်ပါက မွန်လူငယ်အဖွဲ့အစည်းများ ယခင်ကထက် ပိုမိုလှုပ်ရှားနိုင်ခွင့်ရရှိလာနိုင်မည်ဟု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှနေထိုင်သည့် နိုင်ငံရေးအကဲခတ်လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၌ အမတ်လောင်း ၁၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာရရှိခဲ့သည်။

    MNDF ကို ၁၉၉၂ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် တရားဝင်ပါတီမှ စစ်အစိုးရဖျက်သိမ်းခဲ့ပြီးနောက် ခေါင်းဆောင်များကိုလည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့ဘူးသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့်အလားတူ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ဖျက်သိမ်းခံထားရသည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပါတီပြန်လည်မှတ်ပုံတင်ရန် စီစဉ်နေကြသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ပုပ်နေတဲ့ငါးနှစ်ကောင် ငါးကောင်းတွေနဲ့ ရောနှောလိုက်မှ ရောင်းလို့ထွက်မယ်။ဝယ်စားမိသူတိုင်း ပကတိ
      အရသာတော့ ခံစားလို့ရမည်မထင်ထားတော့ဘူး။ငါးကန်လှလှလေးကို ပိုင်ဆိုင်ထားသော သူရဲကောင်း ပိုင်ရှင်တို့ခင်ဗျား ပုပ်နေတဲ့ငါးနှစ်ကောင်ကို အနံ့မထွက်မိအောင် ကြိုတင်သတိထားသွားပါ နိုးဆော်ချင်တယ်။

    2. မန်ပံၚ်ကဵုမန်ဂှ် ဒှ်ကမၠောန်သပ္ပရိုဟ်တအ်ရ မန်ဟွံပံၚ်ကဵုမန်ဂှ် ဒှ်မန်သရိုဟ်ဂကူရ မန်ပံၚ်ကဵုအေန်အေလ်ဒဳ တစည
      ကျဖေါတ်တအ်ဂှ် ဒှ်မန်ဇွောတ်စဆီဂကူမန်ရ ဒယကါတအ်ဓဝ် ညဳသာဍေအ်ဟွံတုဲ ခမဳသၚ်တအ်လေဝ်သဒးညဳကီု
      ရောၚ် သာဲက္ဍုဟ်မၠေအ်သမ်အုဲ ရုဲက္ဍုဟ်မၠေအ်မြမောဝ် ညးမကၠောန်သွက်ပရဟိတ ဂကူဍာံဂှ် ဆာန်ဓဝ်ညဳသာ
      ညးမရန်သွက်အတ္တ ဝိသမဝလာဘ ဇကုတအ်ဂှ် က္ဍုဟ်မၠေအ် ဓဝ်ညဳသာရ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts