spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အဆင့်ဆင့်ဆွေးနွေးရန်လိုသေးကြောင်း KNU ပြော

    စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အဆင့်ဆင့်ဆွေးနွေးရန်လိုသေးကြောင်း KNU ပြော

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပဏာမအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူထားသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အဆင့်ဆင့်ဆွေးနွေးရန်လိုသေးကြောင်း KNU က ပြောသည်။

    “အခု ပြည်နယ်အဆင့် အပစ်ရပ်ဖို့ ပဏာမသဘောတူထားတာပေါ့နော်၊ ဒါပေမယ့် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့က အများကြီးဆွေးနွေးဖို့လိုသေးတယ်၊ ဥပမာ ကရင်ဒေသထဲမှာ ဗမာတပ်တွေ အများကြီးရှိတယ်၊ အဲဒါတွေ ဘယ်လို ရုပ်သိမ်းမလဲ စသဖြင့်ပေါ့ အဆင့်ဆင့် ဆက်ဆွေးနွေးရဦးမယ်” ဟု ကရင် အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကဘောက ပြောသည်။

    ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြစဉ် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူထားကြပြီး၊ KNU ဘက်မှ အချက် (၁၁) တောင်းဆိုထားသည်ကိုလည်း အစိုးရကိုယ်စားလှယ်တို့က မူအာဖြင့် သဘောတူလက်ခံထားသည်ဟု ယမန်နေ့ KNU သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    KNU အနေနှင့် အစိုးရကိုယ်စားလှယ်တို့နှင့် ပဏာမသဘောတူထားချက်များကို ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ အစိုးရနှင့် ထပ်မံဆွေးနွေးရန်အတွက် လိုအပ်သည့်အဆင့်များကို ဆက်လက်ဆွေးနွေးမည်လည်း ပါရှိသည်။

    ၄င်းက “ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဟာ တပြည်လုံးအပစ်ရပ်မယ် ထိုမှတဆင့် နိုင်ငံရေးဆွေးနွေးမယ်၊ အခုဆို ကချင်ဘက်က တိုက်ပွဲတွေလည်း ဖြစ်နေသေး ဒါတောင်မကဘူး ကရင်နီ၊ ကျနော်တို့ ကရင်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလေ” ဟု ပြောသည်။

    ဆွေးနွေးပွဲတွင် KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ပဒို စောအောင်မော်အေး၊ ပဒိုစောရွှေမောင်းနှင့် ပဒိုစောအယ်ဝါးတို့နှင့် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်သည့်ကိုယ်စားလှယ်တို့ ပါဝင်သည်။

    ပြည်ထောင်စုအဆင့် မြန်မာအစိုးရကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ယခုလ ၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) တွေ့ဆုံခဲ့ကြပြီး၊ အချက် ၅ ချက်ပါ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူလက်မှတ်ထိုးခဲ့ကြသည်။

    ယခုလ ၂၀ ရက်နေ့တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ၂၅ ရက်နေ့ဝန်းကျင်တွင် မွန်ပြည်သစ်ပါတီနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ရှိသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

    အစိုးရ ကိုယ်စားလှယ်များနှင့် KNU အကြား အောက်တိုဘာ ဒုတိယပတ်ခန့်တကြိမ်၊ နိုဝင်ဘာ ၁၉ ရက်နှင့် ဒီဇင်ဘာ ၂၁ ရက်စသည်တို့ အကြိမ်ကြိမ်တွေ့ဆုံခဲ့အပြီး ယခု အပစ်ခတ်ရပ်စဲရေး ပဏာမအဆင့် သဘောတူထားပြီး နောက်ထပ် အဆင့်ဆင့်ဆွေးနွေးသွားမည်ဖြစ်သည်။


    ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ရက်နေ့မှ စတင်ကာ မြန်မာအစိုးရအဆက်ဆက်ကို တော်လှန်လာခဲ့ကြသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. KNU had an experience when general Mya still alive.But they need to becareful and to watch Dictatorship cause they are very clever and silly.They should not stand their paddle at this time.Still need to have stand by and don’tn need dismiss karren armies.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts