spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဒေသအခြေစိုက်မြန်မာအစိုးရတပ်၏ နှိပ်စက်မှုဒဏ်ဒေသခံတို့ခံနေရဆဲ

    ဒေသအခြေစိုက်မြန်မာအစိုးရတပ်၏ နှိပ်စက်မှုဒဏ်ဒေသခံတို့ခံနေရဆဲ

    -

    နိုင်မာန် – မြန်မာနိုင်ငံတောင်ပိုင်း ရေဖြူမြို့နယ်နှင့် ခေါဇာမြို့နယ်ခွဲရှိ ဒေသခံများကို တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံပြီး အစိုးရတပ်ရင်းများက နိုင်ထက်စီးနင်းပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

    ခေါ်ဇာမြို့မှ အလုပ်သမားများ လုပ်ငန်းခွင်းသို့ သွားနေစဉ်။
    ခေါ်ဇာမြို့မှ အလုပ်သမားများ လုပ်ငန်းခွင်းသို့ သွားနေစဉ်။

    ဒေသခံများပိုင်ဆိုင်သည့် ခြံများ၌ ဆေးလိပ်အပိုင်းအစများနှင့် အရက်ပုလင်းလွတ်များ ပြန့်ကျဲနေသည်ကို တွေ့ရှိပါက တရားမဝင်လက်နက်ကိုင်အဖွဲ့များကို ဆက်သွယ်ကျွေးမွေးထားသည်ဟု စွပ်စွဲပြီး ခြံရှင်ကို အစိုးရစစ်တပ်က ဖမ်းဆီးကာ အပြစ်ဒဏ်ပေးနေသည်ဟုလည်း ခေါဇာမြို့နယ်ခွဲ ကဗျာဝကျေးရွာခံ နိုင်ရွှေပြီက ပြောသည်။

    ၎င်းက “ပြီးခဲ့တဲ့ တပတ်လောက်က မိထော်လှာငယ်ရွာခြံတစ်ခြံမှာ သစ်ခုတ်သမားတွေကို ငှားထားတာရှိတယ်၊ သုတ်ခုတ်သမားတွေက အဲဒီခြံမှာ စားကြွင်းစားကျန်တွေကို စစ်သားတွေသွားတွေ့တော့ လက်နက်ကိုင်တွေကို ကျွေးထားတယ်လို့စွပ်စွဲချက်ပြီး ဖမ်းသွားပြီးတာ ငွေ ၅ သိန်းနဲ့ ဘိလပ်မြေ ၃၀ အိတ်ဒဏ်ငွေဆောင်ခဲ့ရတယ်” ဟုပြောသည်။

    ထိုဒေသတွင် နိုင်ချမ်းဒိန်းခေါင်းဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက် လှုပ်ရှားမှုရှိနေသည့်အတွက် အစိုးရတပ်ရင်းအင်အားများ တိုးချဲ့လာသည့်အပြင် ဒေသခံများ ရွာပြင်ထွက်ပြီး ဥယျာဉ်ခြံသို့သွားပါက ဒေသခံအစိုးရတပ်ရင်း၏ ထောက်ခံဖြင့်သာ သွားခွင့်ရှိသည်။
    ယခုရက်ပိုင်းအတွင်း ရေးမြို့အခြေစိုက် ခလရ ၆၁ တပ်ရင်းကလည်း ထိုဒေသအတွင်း တပ်အင်အား ပိုမိုတိုးချဲ့ပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

    ထိုဒေသအတွင်း အခြေစိုက်ထားသည့် အစိုးရတပ်များသည် ဒေသခံများ၏ခြံမြေများကို သိမ်းဆည်းမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်နေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။

    ၎င်းက “ဒေသခံပြည်သူတွေကတော့ ခုထိ မြန်မာစစ်တပ်ကနေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံနေရတယ်၊ လက်ရှိ အစိုးရသစ်လက်ထက်မှာလည်း အဲဒီအခြေအနေတွေက လျော့သွားတာမရှိတဲ့အပြင် တချို့ဒေသမှာဆို ပိုများလာနေတာလည်းရှိတယ်”ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်ခတ်ရပ်စဲယူခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်း မြန်မာအစိုးရတပ်ဖွဲ့တို့၏ဒဏ်ကိုမခံမရပ်ဖြစ်ပြီး ထိုဒေသအတွင်း၌ မွန်လက်နက်ကိုင်ခွဲထွက်အဖွဲ့များ စတင်ပေါ်ပေါက်လာလာခဲ့ရသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. It is proven that Burmese terrorist army is the most coward one in the world and of course they have support of stupid MAHAR BARMARS. ha ha ha

    2. The Burmese army has a very bad reputation of killing , raping and robbing properties that belong to civilians, but too coward to fight those who have weapons, hee hee hee!

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts