spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းစီမံကိန်းကြောင့် တအာင်းဒေသခံမိသာစု ၆၃ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးမှုရှိ

    စီမံကိန်းကြောင့် တအာင်းဒေသခံမိသာစု ၆၃ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးမှုရှိ

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကြီးမားသော ဖွံ့ဖြိုးမှုစီမံကိန်းများကြောင်း တအာင်းဒေသခံမိသာစု ၆၃ ရာခိုင်နှုန်း လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမှုရှိနေကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး TSYO က ပြောသည်။

    ခြံမြေများ အဓမ္မသိမ်းပိုက်ခံရခြင်း” အမည်ရှိ အစီရင်ခံစာ
    ”ခြံမြေများ အဓမ္မသိမ်းပိုက်ခံရခြင်း” အမည်ရှိ အစီရင်ခံစာ

    မြန်မာအစိုးရနှင့် ၄င်းတို့၏ လက်ဝေခံလုပ်ငန်းရှင်များ အတင်းအဓမ္မသိမ်းပိုက်မှုကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ နယ် ၁၀ မြို့နယ်မှ ပြည်သူများ၏ လယ်မြေ၊ ခြံမြေ၊ လက်ဖက်ခြံဧကပေါင်း ခန့်မှန်းခြေ ၄၂,၉၄၀ကျော်မှ မိသားစု ၈,၅၈၈ ကျော် ထိခိုက်ခံစားနေရသည်ဟု ယမန်နေ့ထုတ် “ခြံမြေများ အဓမ္မသိမ်းပိုက်ခံရခြင်း” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “လယ်မြေသိမ်းဆည်းမှုတွေက တနှစ်ထက်တနှစ်များပြားလာတာပေါ့နော် ဒေသခံပြည်သူတွေလည်း ဆိုးကျိုးနဲ့တွေ ရင်ဆိုင်နေရတယ်၊ ဒါတွေကို ပြည်သူတရပ်လုံး နိုင်ငံတကာကပါ သိရှိဖို့ဖြစ်တယ်” ဟု TSYO ၏ အစီရင်ခံစာကို ပူးတွဲတာဝန်ခံရေးသားသူ မိုင်းပါင်လက ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးရေကာတာ (၃) ခု၊ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ တရုတ်မြန်မာပို့ဆောင်ဆက်သွယ်ရေးမီးရထားစီမံကိန်း စသည့် ကြီးမားသောဖွံ့ဖြိုးမှုစီမံကိန်းများကြောင့် လယ်ယာမြေ သိမ်းဆည်းမှုဖြစ်ပွားခဲ့သည်ဟုလည်း ပါရှိသည်။

    ထိုအပြင် နမ့်ဆန်မြို့နယ်တွင်လည်း စစ်တပ်တိုးချဲလာ့ခြင်း၊ လာဘ်စားမှုများ၊ လမ်းတိုးချဲ့ဖောက်လုပ်နေခြင်းနှင့် ကြက်ဆူစီမံကိန်းများ၏ ဦးတည်ရာ အကျိုးဆက်အဖြစ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံတို့ကို ဒေသခံ တအာင်းပြည်သူများ ခံစားနေ ရသည်ဟု ဖော်ပြထားသည်။

    လယ်ယာခြံမြေများ၊ အိုးအိမ်များ၊ အသက်မွေးဝမ်းကျောင်းများ ဆုံးရှူံးခြင်းနှင့် ဆုံးရှူံးမှုအတွက်ထိုက်တန်သည့် လျော်ကြေးမရရှိခြင်းတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ တအာင်းပြည်သူလူထုအပေါ် ကြီးမားစွာသက်ရောက်စေပြီး စီမံကိန်းမှထွက်ရှိမည့် အဓိက အကျိုးရလာဒ်များကို အိမ်နီးနားချင်း တရုတ်နိုင်ငံသာ ရရှိသည်။

    မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုတို့၏ အိုးအိမ်၊ ခြံမြေနှင့်ပစ္စည်းပိုင်ခွင့်ကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ ရပ်တန့်ရန်နှင့် အစိုးရနှင့်နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လူမှုအသိုင်းအဝိုင်းအပေါ်တိုက်ရိုက် ဆိုးကျိုး သက်ရောက်စေမည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ပွင့်လင်း မြင်သာမှု ကျင့်သုံးခြင်းနှင့် ဒေသခံလူထု၏ ထင်မြင်ယူဆချက်များကို လက်ခံစဉ်းစားခြင်းများ ပြုလုပ်ရန်လည်း TSYO ၏ တိုက်တွန်းတောင်းဆိုချက်ကို အစီရင်ခံစာတွင် ပါရှိသည်။

    TSYO အဖွဲ့ကို ထိုင်းမြန်မာနယ်စပ်ရှိ တအာင်းပလောင် ကျောင်းသား လူငယ်များဖြင့် ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts