spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကွန်ပျူတာ၌မြန်မာစာသုံး လင်းနစ် OS ယနေ့ထွက်ပြီး

    ကွန်ပျူတာ၌မြန်မာစာသုံး လင်းနစ် OS ယနေ့ထွက်ပြီး

    -

    HV –  မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်မှုတစ်ရပ် သာလွန်လင်းနစ် Myanmar OS ယနေ့တွင်ထွက်ရှိပြီး အခမဲ့ဖြန့်ဝေနေသည်ဟု သိရသည်။  

    TharLon-OS
    သာလွန် မြန်မာ OS

    သာလွန်ဆိုတာ မြန်မာ့သမိုင်းထဲက standardization ကို နားလည် တန်ဖိုးထားတဲ့ မြန်မာဘုရင် သာလွန်မင်းကြီးရဲ့ အမည်ကို ယူထားတာပါ။ သာလွန်ဆိုတာ မြန်မာလိုအသုံးပြုနိုင်တဲ့ Operating System တစ်ခုဖြစ်ပါတယ်။ သာလွန် OS မှာ ပါဝင်တဲ့ application တွေဟာ မြန်မာလိုမြင်ရအောင် Myanmar L10nteam မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ Download ရယူသုံးစွဲနိုင်ပါတယ်”ဟု သာလွန် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

    ၄င်းအစီအစဉ်ကို လပေါင်းများစွာကစိတ်ကူးပုံဖေါ်ခဲ့ပြီး အဓိကဦးစီလုပ်ဆောင်နေသူမှာ solveware solution မှ ကိုငွေထွန်း ဖြစ်သည်။

    သာလွန် OS ကို ပြည်တွင်းပြည်ပရှိ မြန်မာစာသုံး ကွန်ပြူတာ လည်ပတ်မှုစနစ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် ထောက်ခံအာပေးသူများ စုပေါင်းကာ လွန်ခဲ့သော မေလက စတင်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် အစမ်းသုံးဖြန့်ဝေခဲ့ရာ ယနေ့ ၁၁၊ ၁၁၊ ၁၁ ရက်နေ့မှာ ဗါရှင်းအပြည့် အခမဲ့ဖြန့်ဝေနေသည်။ ဤနေရာ တွင်ရယူနိုင်ပါသည်။

    လင်းနစ်အသုံးပြုနေသူ မောင်းဖိုးကြည်ကတော့ သာလွန် မြန်မာလင်းနစ်နှင့် ပတ်သက်ပြီး “ဗမာလိုဖြစ်သွားတာ သုံးရတာ အဆင်မပြေတာတွေတော့ရှိတယ် ဥပမာပြောရရင် package တွေသွင်းရတာ အဆင်မပြေဘူး၊ source file တွေက ဗမာလိုနားမလည်ဘူး manual install မှ အဆင်ပြေမယ် သာမာန် အသုံးပြုသူတွေအနေနဲ့ကတော့ နည်းနည်းကွကျတယ် ကြိုးစားထားတာဂုဏ်ယူဖို့ကောင်းတယ် လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး” ဟု ပြောသည်။

    သာလွန် OS ဘာသာပြန်မှုဆိုင်ရာများကို Myanmar L10N Group (Myanmar Localization Group) က အဓိက ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ပြီး သာလွန် OS  ရှိ မြန်မာဘာသာပြန်ဆိုမှုများအတွက် မြန်မာ Open Source Developer များ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်သည့် Libre Works ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar L10N Group (Myanmar Localization Group) က ကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

    Myanmar L10N Group သည် မြန်မာစာသုံး ကွန်ပြူတာ စက်လည်ပတ်မှုစနစ် ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပရှိလူငယ်များ စုဖွဲ့လုပ်ဆောင်နေသော အသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။

    သာလွန် OS မှာ ပါဝင်သော ဖေါင့်စာလုံးမှာ Unicode ကို အခြေခံထားပြီး မြန်မာစာသာမက တိုင်ရင်းသားစာပေများဖြစ်ကြသည့် မွန်၊ ရှမ်း၊ ကရင် ဘာသာတို့ကို rendering လုပ်ယူနိုင်ပြီး၊ Linux TharLon OS မှာသာမက Window OS ၊ အခြား Linux နှင့် Mac OS X တွေမှာလဲ Rendering အလုပ်လုပ်သည်။ ၄င်ဖေါင့်ကို ရှမ်းတိုင်းရင်းသား စိုင်းဒီဒီဇွန်က ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ (၄င်းဖေါင့်စာလုံးများအား ရယူနိုင်ပါသည်။ (http://code.google.com/p/tharlon-font/)

    သာလွန် စက်လည်ပတ်မှုစနစ်သည် ဦးဘွန်တုလင်းနက်(စ်) ကို အခြေခံထားသော မြန်မာကွန်ပျူတာစနစ် (OS) တစ်ခုဖြစ်သည်။ မြန်မာတို့နှင့် ဆီလျော်အောင် ပြုပြင် မွမ်းမံ ပြန်ဆိုထားသော် မူကွဲတစ်မျိုးလည်းဖြစ်ပါသည်။ သာလွန်သည် အများပိုင်ကွန်ပျူတာစနစ်တစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်း အိုင်တီလုပ်အားပေးများ စုပေါင်းလုပ်ဆောင်ထားကာ အကန့်အသတ်မဲ့ လွတ်လပ်စွာ အခမဲ့ ရယူ၊ သုံးစွဲ၊ ပြန်လည်ဖြန့်ဝေနိုင်သည်ဟု သိရသည်။

    ယခုထုတ်လုပ်ခဲ့သော သာလွန်လင်းနစ် OS သည် ကွန်ပျူတာစက်လည်ပတ်စနစ်တွင် မြန်မာစာဖြင့်အသုံးပြုမှုအတွက် ပထမဆုံးစတင်တီထွင်မှုလည်း ဖြစ်သည်။

    ၄င်နှင့်ပတ်သတ်သော အသေးစိတ်များကိုလည် ဝင်ရောက်ဖတ်ရှု ဒီနေရာမှာ အကြံပေးနိုင်ပါသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. ဖုန်းထဲမှာ ထည့်သုံးနိုင်တဲ့ဗားရှင်းများရနိုင်မလားမသိဘူးဗျာ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts