spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမြိတ်ဒေသရှိ မွန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦး ပစ်သတ်ခံရ

    မြိတ်ဒေသရှိ မွန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦး ပစ်သတ်ခံရ

    -

    မင်းသုတ – မြိတ်ဒေသ-ချောင်ချီ (ထိုင်း-မြန်မာ) နယ်စပ်တွင် လှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ အသက် ၄၇ နှစ်ခန့်ရှိ နိုင်အောင်သည် လွန်ခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ည ၆ နာရီကျော်တွင် ချောင်ချီရွာတွင် ပစ်သတ်ခံရကြောင်း သိရသည်။

    မွန်လက်နက်ကိုင် ခေါင်းဆောင် ပစ်သတ်ခံရသည့် ချောင်ချီရွာ
    မွန်လက်နက်ကိုင် ခေါင်းဆောင် ပစ်သတ်ခံရသည့် ချောင်ချီရွာ

    “နယ်စပ်ဂိတ်ကိုပိတ်ပြီး အိမ်ကိုပြန်လာတဲ့အချိန်မှ ပစ်သတ်ခံရတယ်။ သူနဲ့အတူ ရွာလူကြီးတဦးလည်း ဒဏ်ရာ နည်းနည်းရသွားတယ်” ဟု မြိတ်ဒေသ ပြန်လည်စည်းရုံးရေးအဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်မှူးတမော့ချမ်းက လွတ်လပ်သော မွန်သတင်း အေဂျင်စီသို့ ပြောသည်။

    “လွန်ခဲ့တဲ့ စနေနေ့မှာ ဒီချောင်ချီရွာမှာပဲ သူ့အသုဘကို သင်္ဂြိုလ်ပြီးပြီ” ဟု သူက ဆက်ပြောသည်။

    “ဘယ်အဖွဲ့၊ ဘယ်သူ ပစ်သတ်သွားတာတော့သတင်းမရသေးဘူး၊ ဒါပေမဲ့လက်နက်ကိုင်အဖွဲ့တဖွဲ့ကပဲ ပစ်သတ်သွားတာ ဖြစ်မယ်၊ ဘာလဲဆိုတော့ ပစ်ခတ်သွားတဲ့သူတွေက မွန်စကားပဲပြောနေတာ” ဟု ထိုဒေသရှိ မွန်အမျိုးသား ကျောင်းဆရာဟောင်းတဦး ဖြစ်သူ နိုင်လဂွန်းအိမ်က ပြောသည်။

    နိုင်အောင်သည် မြန်မာအစိုးရတပ်နှင့် ပူးပေါင်းကာ ချောင်ချီဒေသတွင် ပြည်သူ့စစ်တပ် ဖွဲ့ထားပြီး အင်အား ၂၀ ခန့် ရှိသည်။

    မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော်၏ စစ်ရေးအကြံပေး ပုဂ္ဂိုလ်တဦး ဖြစ်သူ နိုင်ကောင်းရွတ်က “ နိုင်အောင်ဟာ မွန်ပြည်သစ်ပါတီမှာ ရှိတုန်းကဆို စစ်ထောက်လှမ်းရေးတပ်မှာ ဗိုလ်အဆင့် ရှိတယ်။ ဗိုလ်ကြီးကိုကိုအောင်လို့လည်းလူသိများခဲ့ပါတယ်၊ နောက်ပိုင်း မွန်ပြည်သစ်ကနေ အနားယူခဲ့တယ်။ ၁၉၉၀ ခုနှစ်လောက် မြိတ်ခရိုင်ဘက် မွန်ပြည်သစ်ပါတီ တပ်ပြန်ချတဲ့အခါမှာ စစ်ဘက်ဆိုင်ရာ ကြားဖြတ်သတင်း ဖမ်းယူဖို့ မွန်ပြည်သစ်က သူ့ကို ပြန်ခေါ်တယ်၊ နောက်ပိုင်းမှာ မွန်ပြည်သစ်ကနေ ခွဲထွက်ပြီး စစ်အစိုးရမှာ လက်နက်ချခဲ့တယ်” ဟု ပြောသည်။

    ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှ ဗိုလ်မှူးချမ်းဒိန်နှင့် နိုင်အောင်တို့ မွန်ပြည်သစ်မှ ခွဲထွက်ပြီးနောက် နဝတ စစ်အစိုးရထံ လက်နက်ချခဲ့သည်။ ယင်းနောက် မြိတ်မြို့၌ စီးပွားရေးကုမ္ပဏီ ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ဗိုလ်မှူးချမ်းဒိန်းနှင့် နိုင်အောင်တို့ နှစ်ဖွဲ့ကွဲခဲ့ပြန်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts