spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး

    ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး

    -

    မင်းသုတ – ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ-၁၂) ရက်နေ့ မြန်မာအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၅၉ လွှတ်ပေးခဲ့ရာတွင် ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်းသိရသည်။

    မလွတ်မြောက်သေးသော မွန်နိုင်ငံရေးအကျဉ်းသားများ( အင်တာနက်နှင့် ဓါတ်ပုံမှတ်တမ်းများ)
    မလွတ်မြောက်သေးသော မွန်နိုင်ငံရေးအကျဉ်းသားများ( အင်တာနက်နှင့် ဓါတ်ပုံမှတ်တမ်းများ)

    “နိုင်ယက္ခ မလွတ်မြောက်သေးတာ သေချာတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP မှ တွဲဖက်အတွင်းရေးမှူး- ကိုဘိုကြည်က ပြောသည်။

    မင်းနေဝင်း(ခေါ်) နိုင်ယက္ခသည်အင်းစိန်ထောင်တွင် ထောင်ဒဏ်တစ်သက်ကျခံနေရဆဲဖြစ်သည်။

    ထို့အတူ နိုင်ယက္ခ အမှုတွဲတွင်အတူကျခံနေရသူ မင်းမျိုးသွေးသည်လည်း ယမန်နှစ်တွင် အင်းစိန်ထောင်မှတဆင့် သာယာဝတီထောင်သို့ပြောင်းရွေ့ကာ ထောင်ဒဏ်တစ်သက်ကျခံနေရဆဲဖြစ်သည်။

    “မင်းမျိုးသွေး လွတ်ခဲ့မယ်ဆိုရင် တရွာလုံးသိမှာပါ၊ ခုထိဘာထူးခြားချက်မှမရှိသေးပါ” ဟု ၄င်း၏ဇာတိဖြစ်သည့် သံဖြူဇရပ်မြို့နယ်၊ ပငရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းနေဝင်း(ခေါ်) နိုင်ယက္ခနှင့် ဗိုလ်ကြီးမင်းမျိုးသွေးတို့နှစ်ဦးအား ရန်ကုန်မြို့တနေရာ၌ ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၃ – ခုနှစ်တွင် မြန်မာစစ်အစိုးရထောက်လှမ်းရေးတို့၏ အကွက်ဆင်ဖမ်းဆီးခြင်းကိုခံခဲ့ကြရပြီး ဗုံးခွဲရန်ကြံစည်သည်ဟုစွပ်စွဲကာ ထိုစဉ်ကသေဒဏ်ချမှတ်ခံခဲ့ရသည်။

    ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် မွန်ရဟန်းပျိူ အရှင်ဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ် လွတ်မြောက်သည့်သတင်း မတွေ့ရှိရပေ။

    ဦးဇင်းဇော်လတ်သည် NO 2010 လှုပ်ရှားမှုဖြင့် ထောင်(၁၅) နှစ်ချမှတ်ခံနေရပြီး အင်းစိန်ထောင်မှတဆင့် ပုသိမ်ထောင်သို့ပြောင်းရွေ့ အကျဉ်းကျခံနေရသည်။

    အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်နှင့် မင်းဇေယျာတို့သည်လည်း ရပ်ဝေးထောင်များတွင် ဆက်လက်အကျဉ်းကျခံနေရသည်။

    “အာဏာက အစိုးရလက်ထဲမှာပဲလေ၊ သူတို့လွှတ်ပေးမှလွတ်နိုင်မယ်၊ ဟိုတခါက အကျဉ်းသားတစ်သောင်ကျော်လွှတ်ပေးတာ နိုင်ငံရေးအကျဉ်းသားနည်းနည်းပဲ ပါလာတယ်၊” ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မင်းဇေယျာ၏ညီမဖြစ်သူတစ်ဦးက ပြောသည်။

    သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်ထုတ်ပြန်ခဲ့ရာ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပထမအကြိမ်အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကိုလည်း ထောင်ဒဏ်တသက်တကျွန်း ပြောင်းလဲချမှတ်ခဲ့သည်။

    ယခုသမ္မတဦးသိန်းစိန်၏ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၆၃၅၉ ယောက်လွှတ်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာပါ၀င်နေကြောင်း နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ သတင်းထုတ်ပြန်ထားသည်။

     

    ဆက်စပ်သတင်း

    1 COMMENT

    1. They are not going to release the real political prisioners that only realse theft, robber, drug and human traffickers and killer.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts