spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်၌တွေ့ရှိနေရသော လယ်ခရုကိုစားသုံးရန်မသင့်

    ချောင်းဆုံမြို့နယ်၌တွေ့ရှိနေရသော လယ်ခရုကိုစားသုံးရန်မသင့်

    -

    ကျလွန်းထော – မွန်ပြည်နယ်၊ ချောင်းဆုံးမြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စပါးပင်များကို ဖျက်ဆီးစားသုံးနေသည့် ခရုမျိုးဆက်သစ်တမျိုးကို စားသုံးခြင်းမပြုရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဒေသခံကျေးရွာသားများအား ပညာပေးဟောပြောခဲ့သည်။

    ချောင်းဆုံမြို့နယ်အတွင် တွေ့မြင်ရသည့် လယ်ခရု
    ချောင်းဆုံမြို့နယ်အတွင် တွေ့မြင်ရသည့် လယ်ခရု

    ၄င်းခရုကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် သုသေတနဌာန၏ ဓါတ်ခွဲခန်းတွင် စမ်းသပ်အဖြေရှာခဲ့ပြီးဖြစ်ကြောင်း အကယ်၍ ၄င်းခရုကို စားသုံးမိပါက သွေးဖြူဥ ကျဆင်းသောရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ သန်ကောင်ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ပြင်းထန်သော အာရုံကြော ပျက်စီးခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    “ဓါတ်ခွဲခန်းမှာ စမ်းသပ်ပြီးလို့ ရောဂါဖြစ်နိုင်ကြောင်းသိတဲ့အတွက် ပြည်သူတွေကို ပညာပေးဟောပြောပွဲ လုပ်ခဲ့တယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ယခုအောက်တိုဘာလ ပထမပတ်တွင် ဒေါက်တာအောင်နိုင်ဦးက ချောင်းဆုံမြို့နယ်ရှိ ကျေးရွာသားများ၌ ပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံရွာသားများက ၄င်းခရုကို လုံးဝ မစားသုံးတော့ကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်ပိုင်ရှင် ဦးမောင်က ပြောသည်။

    “အဲဒီခရုကိုတွေ့ရင် ကောက်ပြီးပင်လယ်ဘက်ကို ပစ်ချဖို့ မှာထားတယ်၊ အစတုန်းက စားလည်းစား၊ ရောင်းလည်းရောင်းစားကြတယ်၊ အရင်က ဒီခရုကိုစားခဲ့ဖူးတဲ့သူတွေ အခု ဘာမှဖြစ်တာမတွေ့မိသေးဘူး” ဟု ဦးမောင်က ပြောသည်။

    ချောင်းဆုံမြို့နယ်အတွင်းရှိ ဟင်္သာကျွန်း၊ ကညှော်၊ ချောင်းဆုံ၊ ကော့မုပွန်၊ တကူကနား၊ ကလယ်ဘို့၊ ကပ်မနဲ၊ ပိုင်ကဒါး၊ ကော့ဒွတ်၊ ခရိုက်သစ်၊ ကလယ်ဘီ၊ ကော့ကဒိုက်၊ ကွမ်လှာ၊ တောကပိုး၊ ကမာကေး၊ ရွာလွတ်၊ မုဒွန်း၊ နတ်မှော် စသောကျေးရွာများ၌ ၄င်းခရုကို အများဆုံးတွေ့ရှိရကြောင်း ချောင်းဆုံမြို့ မြန်မာ့ စိုက်ပျိုးရေးရုံးမှ သိရသည်။

    အဆိုပါခရုအမျိုးအစားကို အများအားဖြင့် ရေချိုရေငန်စပ်လယ်မြေ၊ ရေချိုလယ်မြေများတည်ရှိသည့် မြစ်ဝနှင့် ပင်လယ်စပ်ရှိ လယ်မြေများတွင် ကျရောက်မှုများပြားသည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts