spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူဒေသ သစ်ရှားပါးသဖြင့် ပရိဘောဂလုပ်ငန်းများတွက်ချေမကိုက်

    ဘုရားသုံးဆူဒေသ သစ်ရှားပါးသဖြင့် ပရိဘောဂလုပ်ငန်းများတွက်ချေမကိုက်

    -

    မိလယီထော – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသတဝိုက်တွင် သစ်များရှားပါးလာသဖြင့် ပရိဘောဂလုပ်ငန်းများ တွက်ချေမကိုက်ဖြစ်နေကြောင်း မြို့ခံပရိဘောဂလုပ်ငန်းရှင်များထံမှ သိရသည်။

    ဘုရားသုံးဆူမှအသေးစားပရိဘောဂအလှပစ္စည်းအရောင်းဆိုင်( Photo- OMWO)
    ဘုရားသုံးဆူမှအသေးစားပရိဘောဂအလှပစ္စည်းအရောင်းဆိုင်( Photo- OMWO)

    “ကျွန်း၊ ပျဉ်းကတိုးတွေအင်မတန်ရှားသွားပြီ၊ သစ်ပုတ်တွေပဲအနည်းအကျဉ်းရှိတာ အပိုင်းတိုတွေပဲရတော့တယ်၊ ဒါတောင်မှမြို့ပြင်ကနေ ၁၀ မိုင်လောက်မှာလိုက်ဝယ်ရတာ” ဟု ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    လက်ရှိပျဉ်းကတိုးတစ်တန် ဘတ်တစ်သောင်းရှစ်ထောင်ခန့် စျေးပေါက်နေသော်လည်း အလွယ်တကူဝယ်ယူရန်မလွယ်ကူကြောင်း သူကဆက်ပြောသည်။

    “ကျနော်တို့အဖေါ်နှစ်ယောက် တောထဲမှာ နှစ်ရက်သုံးရက် သစ်ပုတ်အတိုတွေလိုက်ဖြတ်တာ တစ်ယောက်ကို ဘတ်နှစ်ထောင်လောက်ရတယ်၊ လောလောဆယ်တွက်ချေကိုက်နေတာပေါ့” ဟု မဲကသာတောထဲတွင် သစ်ရှာဖွေခဲ့သူတစ်ဦးက ပြောသည်။

    သူ၏အပြောအရ သစ်ပုတ်အတိုဆုံး ၁ ပေခန့်ရှိလျှင် ရောင်းတန်းဝင်ပြီး လက်ရှိတစ်တန်လျှင် ဘတ် ၉၀၀၀ စျေးပေါက်နေသည်ဟု သိရသည်။

    “ကျမတို့ဆိုင်က နာရီပုံစံအစရှိတဲ့အသေးစားပရိဘောဂပုံစံငယ်တွေထုတ်လုပ်ပြီး ရောင်းချပါတယ်၊ သစ်ပုတ်တိုအပိုင်းအစတွေနဲ့ပဲလုပ်တယ်၊ တခါတလေ သစ်အညံ့စားတွေနဲ့ဆို ပေါလစ်ဘယ်လိုပဲတင်တင် နောက်တော့မှိုတွေတက်ပြီး ဖေါက်သည်တွေပြန်ပို့လာတာရှိတယ်၊ အခုတွက်ချေမကိုက်လို့ လုပ်ငန်းရပ်လိုက်ရတယ်” ပရိဘောဂဆိုင်ရှင်တစ်ဦးက ပြောသည်။

    ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေ မဲကသာဒေသအတွင်း စစ်အစိုးရတပ်များ ထိုးစစ်ဆင်နေမှုကြောင့် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလမှ စ၍ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းနှင့် မဲကသာသစ်တောတို့ကို ကေအဲန်ယူတပ်မဟာ (၆) မှ သစ်ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။

    သစ်ထည်လုပ်ငန်းသည် သုံးဆူဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်ပြီး၊ ၎င်းမှ ထုတ်လုပ်သည့် ပရိဘောဂများ၊ ပါကေးကြမ်းခင်းပြားများနှင့် ယွန်းထည်များကို မှောင်ခိုလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ အများဆုံး တင်ပို့ရောင်းချသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts