spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းကျိုက္ခမီဘုရားပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန်စီစဉ်နေပြီ

    ကျိုက္ခမီဘုရားပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန်စီစဉ်နေပြီ

    -

    မင်းတော်လဝီ် – ယခုနှစ်ဇူလိုင်လတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခံထားရသည့် ကျိုက္ခမီဘုရားပရဝဏ်အတွင်းရှိ သာသနိကအဆောက်အဦးအချို့ပျက်စီးမှုကို ဘုရားပွဲတော်မတိုင်မီ အားလုံးနီးပါး ပြန်လည်ပြုပြင်ပြီးဖြစ်၍ ယခုနှစ်ဘုရားပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

    ကျိုက္ခမီ ရေလယ်ဘုရား
    ကျိုက္ခမီ ရေလယ်ဘုရား

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ၊ ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ မှစ၍ ၅ ရက်တိုင်တိုင်ကျင်းပသဖြင့် ယခုရက်မှစပြီး ဘုရားပွဲတော်အတွက် အကြိုပြင်ဆင်မှုများ စတင်ဆောင်ရွက်နေကြပြီဟု ကျိုက္ခမီဘုရားဂေါပကအဖွဲ့တဦးက ပြောသည်။

    “ခါတိုင်းနှစ်လိုပါပဲ ဒီနှစ်လည်း ပွဲတော်ရက်အတွင်းမှာ သာသနာထုံတမ်းစဉ်လာနှင့်အညီ ဗုဒ္ဓပူဇနိယပွဲအခမ်းအနား၊ ဆွမ်းအိုးမျှောပွဲ၊ ဆီမီးမျှောပွဲ၊ ပဌာန်းပူဇော်ပွဲအပါအဝင် တေးဂီတ၊ဇာတ်ပွဲတွေလည်းထည့်သွင်းကျင်းပသွားမယ်” ဟု ကျိုက္ခမီဘုရားဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

    ဘုရားပွဲတော်တွင်ရန်ကုန်မှမိုးမင်း မိုးဝင်းရုံပွဲသွင်းဖို့ရှိတယ်၊လေးဇီးကလပ်တီးဝိုင်းလည်းရုံသွင်းဖို့စီစဉ် နေတယ်၊ မော်လမြိုင်မြို့ရှိ မွန်ဇာတ်ပွဲ၊မြန်မာဇာတ်ပွဲများလည်းကြည့်ချင်ပွဲအဖြစ်ပါဝင်သည် ဟုကျိုက္ခမီမြို့မှ ရုံပွဲကန်ထရိုက် တာတဦးက ပြောသည်။

    မြို့ပေါ်ရှိသာသနာရေးအသင်းအဖွဲ့များ၊ မြို့ခံများနှင့်အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာဧည့်ပရိသတ်များသည်လည်း နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးတင်ပွဲနှင့်ဆီမီးမျှောပူဇော်ပွဲကို ကျင်းပသည့်ဓလေ့ ရှိကြသည်။

    “ကျိုက္ခမီရေလယ်ဘုရားက ပွဲတော်ရက်မှ လူစည်ကားတာမဟုတ်ပါဘူး၊ ကျန်ရက်တွေမှာလည်း ရပ်ဝေးရပ်နီးဘုရားဖူးတွေနဲ့ အမြဲမပြတ်စည်ကားနေတယ်။ ဓါတ်တော်မွေတော်များကိန်းဝပ်တဲ့ ဘုရားဖြစ်ပြီးတန်ခိုးကြီးတယ်၊ နောက်ပြီးတရုတ်ပြည်ကနေစီးဆင်းလာတဲ့ သံလွင်မြစ်ဝ မုတ္တမပင်လယ်ကွေံမှာ တည်ရှိနေတာမို့လည်း ထူးဆန်းအံ့သြဘွယ် ဘုရားအဖြစ်ထင်ရှားနေတယ်” ဟု ကျိုက္ခမီမြို့သား တဦးက ပြောသည်။

    “ဘုရားပွဲရက်များဆိုရင် ဘီလူးကျွန်းဆီကလူတွေ ကျိုက္ခမီရေလယ်ဘုရားကို မော်တော်စက်လှေနဲ့ဘုရား လာဖူးကြတယ်၊ သံလွင်မြစ် ရေကြောနဲ့ တစ်နာရီလောက်ကြာရင် ဘုရားကိုရောက်တာပဲ၊ ရေကြောင်းခရီးနဲ့ဘုရားဖူးလာရတာ ခရီးမဝေးလှဘူး” ဟု ချောင်းဆုံမြို့နယ် နတ်မှော်ရွာသားတဦးက ပြောသည်။

    ယခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုက္ခမီဘုရားဝင်းအတွင်းရှိ သာသနိကအဆောက်အဦးအချို့၊ ပွဲရုံနှစ်ရုံအပါအဝင် ဇရပ်တန်းဆောင်အချို့နှင့် နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိ သစ်ပင်ကြီးများ ပြိုလဲပျက်စီးမှုရှိခဲ့ရသည်။

    ယင်းလေပြင်းမုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသောသီရိဇေယျာဇာတ်ရုံနှင့် သီရိမင်္ဂလာဇာတ်နှစ်ရုံအနက် ယခုအခါ သီရိမင်္ဂလာဇာတ်ရုံ ပြန်လည်ပြင်ဆင်ပြီးစီးသဖြင့် ဇာတ်ပွဲသွင်းနိုင်သည့် အခြေအနေတွင်ရှိနေပြီ ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့မှ ကျိုက္ခမီရေလယ်ဘုရားသို့ သံဖြူဇရပ်ကားလမ်းမကြီးအတိုင်း ၅၅ မိုင်ကွာဝေးသည်။ ကျိုက္ခမီရေလယ်ဘုရားသည် ပွင့်လင်းရာသီ၏တနှစ်အတွင်း ကျင်းပလေ့ရှိသည့်ဘုရားပွဲတော်များအနက် ပွင့်လင်းရာသီအစတွင် မွန်ပြည်နယ်နယ်၌ ပထမဘုရားပွဲတော်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts