spot_img
Thursday, April 25, 2024
More
    spot_img
    Homeဆောင်းပါး“ကောင်းမှုမြတ်နိုးကောင်းအောင်ကြိုး၍ ကောင်ကျိုးကို၌တည်စေမည်”

    “ကောင်းမှုမြတ်နိုးကောင်းအောင်ကြိုး၍ ကောင်ကျိုးကို၌တည်စေမည်”

    -

    မင်းတော်လဝီ

    ပဲခူးမြို့၊မွန်ဓမ္မာရုံအကြောင်း
    ပဲခူးမြို့ရွှေမော်ဓေါဘုရားအနောက်မုခ်ရှိ မွန်ဓမ္မာရုံကြီးကို ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး လှူဒါန်းခဲ့သည်။ မွန်အလှူရှင်များ ဆောက်လုပ်လုပ်ဒါန်းခဲ့သော ယင်းမွန်ဓမ္မာရုံကြီးကို မွန်တို့၏အမျိုးဘာသာသာသနာအကျိုးအတွက် ထာ၀ရကုသိုလ်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲသွားနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ရည်မှန်းထားကြသည်။ သို့သော် ရေစက်ချပွဲမှာပင် ရွှေမော်ဓေါဘုရားဂေါပကအဖွဲ့သို့ အပြီးအပိုင်လွှဲအပ်ပေးခဲ့ရသည်။ သို့တိုင်အောင် မွန်မ္မာရုံသည် ဂုဏ်ယူစရာအမျိုးသားရေးလက္ခဏာ၏ ပြယုဂ်သင်္ကေတတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်ဟု မွန်လူမျိုးတို့က ပြောဆိုနေကြသည်။

    ပဲခူးမြို့ မွန်ဓမ္မာရုံကို ရွှေမော်ဓေါဘုရား အနောက်ဘက်စောင်းတန်းမုခ်ဦးရှိ ခြင်္သေ့ရုပ်ကြီးနှစ်ကောင်နှင့် ယှဉ်လျှက် ဆောက်လုပ် ထားရှိသည်။ ရနု်ကုန်-မန္တလေးမော်တော်ကားလမ်းမမှ ရွှေမော်ဓေါဘုရားလမ်းခွဲကို ၀င်လိုက်လျှင် ဟင်္သာရုပ်အမှတ်အသားနှင့် မွန်ဓမ္မာရုံကြီးတစ်ဆောင်ကို ရွှေမော်ဓေါဘုရားနှင့်အတူ အေးမှပင် လှမ်းမြင်နိုင်ပါသည်။

    ပဲခူးမြို့မွန်ဓမ္မာရုံ
    ပဲခူးမြို့မွန်ဓမ္မာရုံ

    ဤမွန်ဓမ္မာရုံကြီးသည် နှစ်ပေါင်း၂၀ နှစ်ခန့် ရွှေမော်ဓေါဘုရား၏ သာသနိကအဆောက်အဦးတစ်ခုအဖြစ်တည်ရှိခဲ့ပြီ။ မွန်တို့၏အနုပညာလက်ရာဖြင့် ထယ်ဝါးခန့်ညားနေပြီး ထင်ရှားသည့် ဓမ္မာရုံတစ်ခုဖြစ်သည်။ သာသနာရေးဆိုင်ရာ စုဝေးမည့်နေရာနှင့် ကုသိုလ်ဒါနပြုနိုင်မည့်နေရာအဖြစ်ရည်မှန်းထားပြီး မွန်လူမျိုးတို့အလေးအမြတ်ထားသည့် အဆောက်အဦတခုလည်း ဖြစ်နေပေသည်။

    “ဒီမွန်ဓမ္မာရုံရဲ့ ဒီဇိုင်းပုံစံက သာသနိကဗိသုကာလက်ရာနဲ့ နန်းဆန်တဲ့ ဗိသုကာလက်ရာပုံစံနှစ်မျိုး ပေါင်းစပ် ဆောက်လုပ်ထားတဲ့ အဆောက်အဦတစ်ခုလို့ ဆိုနိုင်တယ်။ ရွှေမော်ဓေါဘုရားရင်ပြင်ပေါ်က ရှေးခေတ်တန်ဆောင်းပုံစံတွေနဲ့ ရှေးဟံသာ၀တီနေပြည်တော်ရဲ့ နန်းဟန်ပုံစံအငွေ့အသက် ပါအောင်လည်း ပေါင်းစပ်ဆောက်လုပ်ထားတော့ အမြင်တမျိုးဆန်းနေပါတယ်” ဟု မွန်ဓမ္မာရုံဆောက်လုပ်စဉ်က ကိုယ်တိုင်ပါ၀င်ခဲ့သူ ပဲခူးမြို့ မဟာစေတီရပ်ကွက်က ဗိသုကာဆရာ နိုင်ထွန်းလင်းက ပြောသည်။

    “မွန်ဓမ္မာကို ဆောက်လုပ်လှူဒါန်းရာမှာ မွန်အလှူရှင်တွေက စေတနာသုံးတန် ပြဌာန်းပြီး ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။ ဆောက်လုပ်တုန်းက ဆိုရင် နေ့စဉ်လုပ်အားဒါနလာပြုကြသူတွေနဲ့ အမြဲတမ်းစည်ကားနေတာပဲ၊ နှိုးဆော်စရာမလိုပဲ မိမိဆန္ဒအတိုင်း လာလုပ်ကြတယ်။ ဆောက်လုပ်ပြီးရင် ရွှေမော်ဓေါဘုရားကိုလှူဒါန်းဖို့ စိတ်အားထက်သန်နေကြတယ်။ နောက်ပြီး ဒီဓမ္မာရုံကြီးပြီးသွားလို့ ရေစက်ချအလှူဒါနပြုပြီးသွားရင် မွန်အလှူရှင်တွေက ဒီကောင်းမှုကုသိုလ်အကျိုးတရားတွေရှင်သန်နေဖို့ ဆက်လက်စောင့်ရှောက်ပြုပြင် ထိန်းသိမ်းခွင့်ရရှိဖို့ကိုလည်း ဂေါပကအဖွဲ့နဲ့ ပဲခူးမြို့ပေါ်မှ မွန်အလှူရှင်တို့ က တောင်းခံထားပြီးပြီ”ဟု ပဲခူးမြို့ မွန်စံပြရပ်မှ ဓမ္မာရုံအလှူရှင် နှင့် ဆောက်လုပ်ရေးအဖွဲ့၀င်တဦးဖြစ်သူ “နိုင်လော့”က ယခင်အတိတ်ဖြစ်ရပ်များကို ပြန်လည်ပြောပြသည်။

    ယင်းမွန်ဓမ္မာရုံကြီး ဆောက်လုပ်ပြီးစီးပြီး ရေစက်ချအလှူမင်္ဂလာပွဲကို ၁၉၉၂-ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ဖြစ်သည့် မွန်အမျိုးသားနေ့တွင် ပြုလုပ်ခဲ့သည်။ ထိုရေစက်ချပွဲတွင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ဆရာတော်များ၊ ဒေသအသီးသီးမှ မွန်ဆရာတော်ကြီးများ၊ ထိုစဉ်က တိုင်းမှူးဗိုလ်ချုပ်အေးသောင်၊ အနယ်နယ်အရပ်ရပ်မှ မွန်လူမျိုးများနှင့် အခြားအလှူရှင်များလည်း ကြွရောက်လာခဲ့ကြသည်။
    “အဲဒီရေစက်ချပွဲမှာ မွန်ဇာတ်ပွဲ၊ မွန်တေးဂီတအဖွဲ့၊ မွန်ရိုးရာ လက်ေ၀ှ့ပွဲ၊ မွန်ရိုးရာနတ်ကနားပွဲ အပါအ၀င် အခြားပွဲလမ်းသဘင်အစုံအလင်နှင့် အထူးစည်ကားခဲ့တယ်၊ အထူးသဖြင့် မွန်ရိုးရာနတ်ကနားပွဲကို ပြန်ဖေါ်မယ်လို့လည်း ပြောသံကြားတော့ လူတွေအထူးစိတ်၀င်စားကြတယ်၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီတိုင်းဒေသများက မွန်သွေးမကင်းတဲ့သူတွေအများအပြား ရောက်လာကြတယ်။ သူတို့လည်း မွန်လူမျိုးတွေပါလို့ ပြောလာကြတယ်” ဟု ယင်းနတ်ကနားပွဲကို ဦးဆောင်ကျင်းပခဲ့သူ ပဲခူးမြို့၊ အင်း၀င်ရပ်ကွက်ရှိ ယက်ကန်းလုပ်ငန်းရုံပိုင်ရှင် “နိုင်ရ” က ပြောပြသည်။

    ဝမ်းနည်းဘွယ် ရေစက်ချအခမ်းအနား
    “ရေစက်ချ အခမ်းအနားပွဲကို မွန်ဆရာတော်ကြီးများနဲ့ မွန်လူကြီးတွေသတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ကျင်းပခဲ့တယ်၊ ဒါပေမယ့် အစီအစဉ်ပြီးခါနီးလောက်မှာ မွန်ဆရာတော်များ၊ မွန်ဒါယကာကြီးများနဲ့ အလှူရှင်တွေကိုတောင် အသိမပေးပဲ ရွှေမော်ဓေါဂေါဘုရား ဂေါပကအဖွဲ့ရဲ့ ကြားဖြတ်ချမှတ်လိုက်တဲ့ အစီအစဉ်တစ်ခုကြောင့် မွန်ဆရာတော်ကြီးတွေ၊ မွန်အလှူရှင်ပရိသတ်တွေ ၀မ်းနည်းဘွယ်ကြေကွဲရတဲ့အဖြစ်နဲ့ကြုံတွေ့ခဲ့ရတယ်။ အဲဒီအစီအစဉ်ကတော့ “ဒီမွန်ဓမ္မာရုံကို ရွှေမော်ဓေါဘုရားဂေါပကအဖွဲ့ဆီ အခုအပြီးအပိုင်လွှဲအပ်ပေးရမယ်၊ သော့ခလောက်နှင့် သော့ချောင်းကိုပါ တခါတည်း အပ်နှံရမဲ့ အစီအစဉ်ပဲဖြစ်တယ်”လို့ အခမ်းအနားမှူးထံမှ ထွက်ပေါ်လာတဲ့ ကြေညာသံပါပဲ။ လမင်းသာခိုက် လငပုတ်အဖမ်းခံလိုက်ရသလိုပါပဲ။ စိတ်မထိန်းနိုင်သူတွေကတော့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ကြတော့တယ်ကွာ”ဟု ထိုစဉ်ကဓမ္မာရုံဆောက်လုပ်ရေးနှင့် ရေစက်ချအလှူမင်္ဂလာပွဲမှာ ကိုယ်တိုင်ပါ၀င်ခဲ့သူ ပဲခူးမြို့ မွန်စံပြရပ်ကွက်မှ “နိုင်ထွန်းလှိုင်” အသက် (၆၅) နှစ်က ပြန်လည်ပြောပြသည်။
    ယင်းမွန်ဓမ္မာရုံရေစက်ချ အလှူမင်္ဂလာပွဲကျင်းပခဲ့စဉ် အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့သည့် ထိုစဉ်ကပဲခူးမြို့ ဗဟိုစိုက်ပျိုးရေးခြံမန်နေဂျာဖြစ်ခဲ့သူ ဦးထွန်းရီက “အခမ်းအနား အစီအစဉ်အားလုံးကို မွန်ဓမ္မာရုံဆောက်လုပ်ရေးအဖွဲ့က အတည်ပြုထားတဲ့ အစီအစဉ်အာဂျင်တာအတိုင်း ကျင်းပပါတယ်၊ ဘုရားကိုလှူဒါန်းရာမှာလည်း သံဃာတော်ကိုပဲ လှူဒါန်းရတယ်၊ သံဃာတော်က ရေစက်ချပေးလိုက်ရင် အလှူထမြောက်ပြီးလို့မွန်ဆရာတော်ကြီးတွေကမိန့််ကြားခဲ့တယ်။ ဂေါပကအဖွဲ့ကို သော့နဲ့အတူဒီဓမ္မာရုံ အပ်ပေးဖို့ မူလအစီအစဉ်ထဲမှာ မပါပါဘူး” ဟု ပြောပြသည်။

    ပဲခူးမြို့ရွှေမော်ဓေါဘုရား
    ပဲခူးမြို့ရွှေမော်ဓေါဘုရား

    “နောက်ဆုံးရေစက်ချအမျှေ၀အစီအစဉ် ဆက်မသွားမီအချိန်လေးထဲမှာ ရွှေမော်ဓေါဂေါပကအဖွဲ့၀င်တဦးက အခမ်းအနားမှူးဆီလာပြီး ဓမ္မာရုံကိုသော့ခလောက်နဲ့အတူ သော့ချောင်းတွေပါပေးအပ်ဖို့ အစီအစဉ်ရှိတဲ့ အကြောင်းကို ကြေညာခိုင်းတယ်၊ အဲဒီလို ကြားဖြတ်အစီအစဉ်လုပ်ခိုင်းတာကလည်း အဲဒီအချိန်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးသောင်နဲ့ ဘုရားဂေါပကအဖွဲ့တို့က ချက်ချင်းလုပ်ခိုင်းလိုက်တာပဲလို့ ယူဆကြတယ်၊ ဒါမှဒီဓမ္မာရုံက ပဲခူးမြို့ကမွန်အမျိုးသားတွေလက်ထဲမရှိနိုင်မှာ”ဟု ဦးထွန်းရီက သူကြုံတွေ့ခဲ့ရသည့်အပေါ် သုံးသပ်ပြောဆိုသည်။

    ထို့အပြင် မွန်အလှုရှင်များအနေဖြင့် ထိုဓမ္မာရုံကို ပြုပြင်မွမ်းမံလှူဒါန်းလိုလျှင် ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိနိုင်မည်။ ဤမွန်ဓမ္မာရုံသည် သာသနာရေးကိစ္စမှတပါး အခြားကိစ္စရပ်များ ဆောင်ရွက်ခွင့်မရှိစေရဟုလည်း ဂေါပကအဖွဲ့မှ ပိတ်ပင်ထားခဲ့သည်ကိုလည်း သူကဆက်ပြောသည်။
    “ဒီမွန်ဓမ္မာရုံကို မွန်တွေလွတ်လွတ်လပ်လပ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခွင့်မပေးသလို မွန်တို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာအတွက်အသုံးပြုခွင့်မပေးတာကို ဒေသအနှံ့အပြားကမွန်အလှူရှင်တွေရော ပဲခူးမြို့ပေါ်မွန်လူထုတွေကပါ စိတ်မကောင်းဖြစ်ကြတာတော့အမှန်ပဲ၊ နောက်ပြီး အလှူရှင်တွေရဲ့သဒ္ဓါစိတ်ကို အလေးအမြတ်မထားတဲ့ ဆက်ဆံမှုပုံစံမျိုးနဲ့ ပြုမူနေပုံတွေကို မွန်အလှူရှင်တွေက စိတ်မကောင်းဖြစ်ကြပါတယ်၊ ဒါနဲ့ ဆက်စပ်ပြီး ဆန္ဒာဒေါသော အကုသိုလ်စိတ်တွေလည်း ဖြစ်ပေါ်လာရတယ်၊ ဒါတွေအားလုံးဟာ အရင်တိုင်းမှူးနဲ့ ဂေါပကအဖွဲ့တွေရဲ့ အသိညာဏ်ကင်းမဲ့တဲ့လုပ်ရပ်နဲ့ မွန်တို့ရဲ့ကုသိုလ်စိတ်ကိုပစ်ပယ်ခဲ့ပြီး မွန်တို့ရဲ့စေတနာ၊ သဒ္ဓါစိတ်ကို ညှိုးနွမ်းအောင် လုပ်လိုက်တာပါပဲ” ဟု ပဲခူးမြို့ မွန်စံပြရပ်မှ ဓမ္မာရုံ ဆောက်လုပ်စဉ် အလှူရှင်နှင့် ဆောက်လုပ်ရေးအဖွဲ့၀င် “နိုင်ရွှေအပ်” (အသက်၈၀နှစ်) က ပြောသည်။

    အရှည်တည်တံ့မည့် မွန်တို့ကောင်းမှု
    ယင်းကဲ့သို့ မွန်တိုင်းရင်းသားတို့ ဆောက်လုပ်လှူဒါန်းထားသည့် ဓမ္မာရုံ၏ကုသိုလ်ကောင်းမှုတွေကို မည်သို့ပင် နှောင့်ယှက် ဟန့်တား ပိတ်ပင်ထားခဲ့ပါစေ စေတနာသုံးတန် ပြဌာန်းထားပြီးလှူဒါန်းထားခြင်းကြောင့် မွန်တို့၏ကောင်းမှုသည် အလှူဒါန အထမြောက်ခဲ့ပါပြီ။ ထို့အပြင် ရပ်ေ၀းဘုရားဖူးဧည့်သည်များလာရောက် တည်းခိုနေကြသည်ကို မြင်တွေ့နေရသဖြင့် ပို၍ပင် ၀မ်းသာပီတိဖြစ်ရပြန်သည်ဟု ပဲခူးမြို့မှ မွန်အလှူရှင်များက ပြောနေကြသည်။

    “ဒကာတို့ရဲ့ဒီမွန်ဓမ္မာရုံကို ဘုရားသာသနာတော်ကိုလှူဒါန်းတယ်ဆိုတာ သိပ်အကျိုးများပါတယ်၊ နေ့စဉ်နေ့တိုင်း ဘုရားဖူးဧည့်သည်တွေ စိတ်လက်ချမ်းသာစွာ နားခိုရတယ်၊ ညအိပ် ညနားလည်း တည်းခိုရတယ်၊ နောက်ပြီး မွန်တို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ဟင်္သာရုပ်ကို မွန်ဓမ္မာရုံရဲ့ အမှတ်တံဆိပ်အဖြစ် ခပ်နှိပ်ထားတော့ မွန်တွေရဲ့ အရိပ်အာ၀ါသအောက်မှာ နေကြရသလိုပဲ။ မွန်တို့နှင့် အတူနေနေရသလိုပဲ၊ ဘုရားဖူးတွေလည်း ကျေးဇူးတင်နေကြမှာပါ၊ သူတို့စိတ်ချမ်းသာကြသလို မွန်ဒါယကာတို့လည်း စိတ်ချမ်းသာကြမယ်၊ တူသောအကျိုးကိုရတယ် ဒကာတို့” ဟု ပဲခူးမြို့၊မဟာစေတီရပ်ကွက်၊ သုခကာရီမွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ထ ကောသလ္လ (ပါမောက္ခ-ဌာနမှူး အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာ့တက္ကသိုလ်ရန်ကုန်) က မိန့်တော်မူခဲ့ဘူးသည်။

    ဟံသာ၀တီ(ယခုအခေါ်ပဲခူး)တွင် ဟင်္သာမောင်နှံတွေ့ရှိခဲ့ကိုအစွဲပြု၍ “နောင်ကာလတွင် ဗုဒ္ဓသာသနာတော် ထွန်းကားမည့်ဒေသ” ဟု ဂေါတမမြတ်စွာဘုရားဗျာဒိပ်တော်ပေးခဲ့သည်မှာ နှစ်ပေါင်း (၂၅၀၀) ကျော်တိုင်ရှိခဲ့ပါပြီ။ ဟင်္သာရုပ်သည် မွန်တို့၏အမျိုးသား အမှတ်အသား၊ ယခင်ဟံသာ၀တီ မွန်နေပြည်တော်(သို့မဟုတ်) ယခုပဲခူးမြို့၏ အမှတ်အသားသည် “ဟင်္သာ” ဖြစ်နေဆဲ။ ယခုမွန်ဓမ္မာရုံတွင် မွန်တို့၏သင်္ကေတပြယုဂ် “ဟင်္သာ”ဆက်လက် တည်ရှိနေဆဲဟု ပဲခူးမြို့ဒေသခံမွန်တို့က ဆိုကြသည်။
    ထိုစဉ်ကာလဘက်စုံပြုပြင်မွမ်းမံရေးတွင် ပဲခူးမြို့ ရွှေမော်ဓေါဘုရား ပရ၀ုဏ်အနောက်ဘက်မုခ်ရှိ ဇင်းကျိုက်(အနောက်)မွန်ကျောင်းကိုလည်း ခိုင်ခန့်အောင်ပြန်လည်ပြုပြင်ဆောက်လုပ်ရာ၌ ကျောင်းကြီးပြီးမြောက်သည်အထိ မွန်ဒါယကာစေတနာရှင်များကပင် လှူဒါန်းခဲ့သည်။ မွန်အလှူရှင်များ၏ကောင်းမှုကြောင့် ယနေ့ပကတိအခြေအနေအတိုင်း ကျောင်းတော်ကြီးလည်း တည်တံ့လျှက်ရှိနေသည်။

    ပဲခူးမွန်ဓမ္မာရုံကြီး ဆောက်လုပ်ထားရှိသည့် မြေနေရာသည် ရှေးစဉ်ဆက်မွန်ဒါယကာများ ဆောက်လုပ်လှူဒါန်းလာခဲ့သည့် ဇရပ်မြေနေရာဖြစ်ပြီး နောက်ဆုံးဇရပ်အလှူရှင်မှာ “နိုင်ကျော်မြိုင်” ဖြစ်သည်။ မွန်ဓမ္မာရုံဆောက်နိုင်မည့်အလှူရှင်များထံ “နိုင်ကျော်မြိုင်” ကတဆင့်လှူဒါန်းခဲ့သည့်မြေနေရာဖြစ်သည်ဟုလည်း “ရွှေမော်ဓေါ” ဘုရားခြေတော်ရင်းရှိ အလယ်မွန်ကျောင်းဆရာတော်က မိန့်ကြားခဲ့ဘူးသည်။
    မွန်ဓမ္မာရုံတည်ဆောက်နိုင်ရေးအတွက် ပဲခူးမြို့ပေါ်နှင့်ဒေသအသီးသီးမှ မွန်လုပ်ငန်းရှင်များ၊ စေတနာရှင် မွန်လူမျိုးတို့၏လှူဒါန်းငွေကျပ်သိန်း ၂၀၀ ကျော်ဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ပန်းချီဒီဇိုင်းပညာရှင်နှင့် ဗိသုကာပညာရှင် ယဉ်ကျေးမှု၀န်ကြီးဌာနမှဆရာကြီး “နိုင်စံတင်” (ပုဂံစုတ်တံလုပ်ငန်းပိုင်ရှင်) ကိုယ်တိုင်ပုံစံရေးဆွဲပြီး ဦးဆောင်ဆောက်လုပ်ခဲ့ရာ ၁၉၉၂ခုနှစ် ဖေဖေါ်၀ါရီလ (တပို့တွဲလပြည့်ကျော် (၁)ရက်၊ မွန်အမျိုးသားနေ့) ၌ ရေစက်ချ အလှူတော်မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
    “မွန်တို့စိတ်ရင်း မွန်တို့စိတ်ထားကား ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကို၌ တည်စေမည်သာတည်း။”

    ဆက်စပ်သတင်း

    3 COMMENTS

    1. လိက်ပရေင်ဝွံ ခိုဟ်ကွေံကွေံရ။ ဇဿာပ်ကောန်မန် ဆုႝဒး ဇြပ်သဘင်ဓဝ်မန်ဝွံမ္ဂး ဒှ်အမ်သဝ် လတူကုသိုလ် ပု႙မန်တဲု လုပ်အာ ပႜဲဇြပ်ဂှ် ဟိုတ်နူ မန်ဟွံသေင် မင်မွဲလဝ်တဲု ဒှ်ဒေသလေဝ် ခိုဟ်ကွေဟ်ရ။ မွဲတၛဲ မွဲတၛဲ ဆဇြပ်မန်သဿး ဟွံသေင် ဍုင်ဗဂေါလေဝ် ကုႝကလေင်စိုပ် တဲမန်ပၜန်ညိဂှ်။

    2. ဂွံဗှ်ကေတ်လိက်ပရေင်ပရောဇြပ်သဘင်ဓရ်မန် ‘ဂကူမန်ပိုဲမဒက်ပ္တန်သိုင်ခှံလဝ်နကိုဝ်သဒ္ဓါဍာ်ဓတ်ကာယပေင်င်’
      တုဲကာလစိုပ်ကၞောတ် ‘ဒးဒုင်သီကဿာတ်အခေါင်အဝဵု သွက်ဂွံမင်မွဲသုင်စောဲလ္တူ ပရေင်ဂကူမန်ပိုဲတုဲ သီုကဵုဒှ်
      ဓရ်အောန်စိုတ်သီုကဵုမိက် ဂွံကဵုဏာဓရ်သတိကုအလုံဆီဇာတိဂကူမန်ပု႙ သီုဖအိုတ်ဂှ် ဣဏအ်ဂှ် ပိုဲဒးဒုင်ဍဵုဍိုက်
      နကဵု ပရေင်ဍုင်ကွာန်သၟး ဟွံသေင်’ ပိုဲဒးဒုင်ဍဵုဍိုက်ဏာနကဵုပရေင်ဂကူ’ ပရေင်သာသနာ’ ပရေင်ဘာ
      သာပေင်င်ရောင်၊ ဍေံကဵု ဏာဓရ်သတိကုဂကူမန်ပိုဲ ဇ​ၞော်ဇၞော် သွက်ဂွံပေၜပ်အာကႜဟ်ပ႙ုဂ်ှ ‘ဒဒ်ှရဂကူမန်မဟဿဲကႝု
      ပရေင်သၜးပွးဂကူကီု မဟဿဲကိုဝ်ပရေင်ဇြဟတ်ကောံကလောံပႜဲဂကူကီု မဟဿဲကိုဝ်ဇြဟတ်ပရေင်ဍုင်ကွာန်ဂကူကီုဂ်ှ
      ဍေံကိုဝ်ကၜုင်သွဟ်ကုဂကူမန်ပ႙ုတအ်ရ၊ ပ႙ုဂိုင်ကေတ်လ္တူဓရ်သတိဏအ်တဲုသွက်အနာဂတ်ဂကူမန်ပ႙ုဂွံနွံတိုန်
      ကိုဝ်ဇြဟတ်ဇှော်ပိသာ်လ္တူတေံဂ်ှဇဿာပ်ကောန်မန်ဒက်ပ္တန်အာပေင်င်အိုတ်ညိဂ်ှ ဆဝ်မၛုဟ်ဏာနစိုတ်ဓါတ်ရအဵ၊၊

    3. ဒြပ်မန်ရောင် ညးညးအဲအဲ တီဖအိုတ်ရ မှိဟ်ပၜံင်ဂှ်ပၜံင်ရတီ ကုသိုလ်-အကုသိုလ်လေဝ်ဟွံတီ ဘဝဍေံတအ် ဟီုဗီုရေဝ်ဍေံတအ်မဂး(သူများဖင် ကိုယ်မျက်နှာ)ညးတှဟ်ပ္တိုန် ဇကုပတၜ မံင်တိဍာ်ညးတဲုဟီု ဒြပ်ဇကုဂှ်(ဂွ ဂွ ဂွ)ဟွံလေပ် (ဂွ)ဂှ်ဍေံတအ်ပံင်ဟွံလေပ် ဟိုတ်နူဂကူဟွံဇေတ် ကောန်ဂကူဇေတ်ဇေတ် ဂှ် ဍေံတီမံင် ကုသိုလ်-အကုသိုလ်ရောင် (ကောန်ဂကူ ရာမည)လ္ပအောန်စိုတ်ညိ

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts