spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းတိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝ ဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ

    တိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝ ဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ

    -

    မင်းသုတ – ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေး အစီအစဉ်ပြုလုပ်နေခြင်းမှာ တိုင်းရင်းသားဘာသာစကားများ တဖြေးဖြေးမှေးမှိန်ပျောက်ကွယ် သွားစေရန်ရည်ရွယ်နေကြောင်း ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် မိခင်ဘာသာအခြေပြုပညာသင်ကြားရေး MLE ဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောသည်။

    တိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ
    တိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ

    “မုဒုံမြို့နယ်ဖက်ကို ကျနော်ရောက်ခဲ့တော့ စာသင်ကျောင်းတွေမှာ ဆရာနဲ့ကျာင်းသားတွေ ဗမာစကားသက်သက်ကိုပဲပြောဆိုခိုင်းနေတယ်၊ ဆရာတွေကလည်းမွန်တွေပဲ၊ ကျောင်းသားတွေကလည်း မွန်ပါပဲ၊ ဒီတော့ဆရာနဲ့ကျောင်းသားဆက်ဆံရေးမှာ မိခင်ဘာသာအသုံးပြုခွင့်မပေးတာက ကောင်းတဲ့အလားအလာတွေမဟုတ်ပါ၊ ခလေးတွေကမိခင်တိုင်းရင်းသားတွေအစား ဗမာစကားပိုပြောလာဖို့ အစီအစဉ်တကျလုပ်နေတာပဲ” ဟု ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဝင်းကရွာအလယ်တန်းကျောင်းရှိ မိခင်ဘာသာအခြေပြုပညာသင်ကြားရေး MLE ဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်စွန်းထွန်းက ဆက်ပြောသည်။

    ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ မွန်ပြည်နယ် မုဒုံမြို့၊ ရှမ်ပြည်နယ် တာချီလိတ်မြို့နယ်တို့ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၀၈ -၂၀၀၉ ပညာသင်နှစ်၌စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ – ၂၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့တွင် ထပ်မံတိုးချဲ့စမ်းသပ်ဆောင်ရွက်နေသည်ဟု သိရသည်။

    ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့ပူးပေါင်း၍ဘာသာစကား ကြွယ်ဝဖွံ့ဖြိုးမှု (LEP) အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းမြို့နယ်ခြောက်မြို့နယ်၌ စမ်းသပ်ဆောင်ရွက်နေလျက်ရှိကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒုတိယဦးစီးမှူးဦးငွေတိုး၏ပြောကြားချက်ကို ယခုအပတ်ထုတ် The Voice Weekly ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။

    “မုဒုံမြို့ပေါ်က မူလတန်းကျောင်းတွေမှာပဲ အဲဒီမြန်မာဘာသာစကား ကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ကို ဖေါ်ဆောင်ရင် ထိရောက်နိုင်ပါတယ်၊ ဒါပေမယ့် မွန်ရွာတွေမှာ ဒီလိုအစီအစဉ်နဲ့သင်ကြားနေတာကတော့ အပိုအလုပ်တွေပါပဲ၊ အဲဒီကခလေးတွေအတွက် မလိုတဲ့ဝန်ထုပ်ဝန်ပိုးတွေ ထပ်ပိလာတယ်၊ တိုင်းရင်းသားခလေးတွေအတွက် မူလတန်းပညာရပ်ကို မိခင်ဘာသာနဲ့သင်ကြားတာက အထိရောက်ဆုံးပဲ” ဟု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး (အထက်မြန်မာပြည်) နိုင်ငွေသိန်း (လက်ရှိ-ဥက္ကဌ-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ) က ပြောသည်။

    ထို့အပြင် အထက်ပါသင်ကြားမှုအစီအစဉ်သည် တိုင်းရင်းသားခလေးငယ်များအတွက် တွေးခေါ်မှုဉာဏ် Thinking တီထွင်မှုဉာဏ် Creating Thinking ပိုင်းခြားဝေဖန်မှုဉာဏ် Critical Thinking စသည့်ဉာဏ်ရည်တိုးတက်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း နိုင်ငွေသိန်းက သူ၏ပညာရေးဘဝဖြတ်သန်းလာမှုနှင့်ယှဉ်ပြီး သုံးသပ်ပြောခဲ့သည်။

    “ကချင်ပြည်နယ်ပညာရေးမှူးဘဝနဲ့ ဝိုင်းမော်မြို့ကိုရောက်ဘူးပါတယ်၊ အဲဒီကခလေးငယ်တွေ ဗမာစကားကိုမပြောတတ်ကြဘူး၊ ကချင်ဘာသာနဲ့စာသင်ရင် စာမေးပွဲအောင်ကြတယ်၊ ဗမာလိုသင်ရင်တော့ စာမေးပွဲမဖြေနိုင်ကြဘူး၊ မိခင်ဘာသာရပ်မဟုတ်ဘူး တခြားဘာသာစကားဖြစ်နေတော့ အကြောင်းအရာတွေကို နားမလည်နိုင်ဘူး၊ အဲဒီမှာသွားလုပ်နေတဲ့ မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ကလည်း ကချင်တိုင်းရင်းသားတွေအတွက် လုံးဝအကျိုးရှိမှာ မဟုတ်ဘူး” ဟု သူကဆက်ပြောသည်။

    ယင်းသင်ကြားမှုအစီအစဉ်များတွင့် မူလတန်းအဆင့်မြန်မာဘာသာစကားတတ်ကျွမ်းမှုအဆင့် သတ်မှတ်ချက်များ၊ ဆရာလက်စွဲ၊ ဆရာလမ်းညွှန်၊ ပုံပြအဘိဓာန်၊ အထောက်အကူပြု ကျောင်းသားကိုင်စာအုပ်နှင့် ပုံပြင်စာအုပ်များဖြင့် ဆရာ၊ ဆရာမများကသင်ကြားနေကြကြောင်း မုဒုံမြို့နယ်မှ မူလတန်းကျောင်းဆရာမတစ်ဦးက ပြောသည်။

    တဖက်တွင်လည်း တိုင်းရင်းသားကျောင်းသားခလေးများအတွက် မူလတန်းပညာရေးစနစ်တွင် 3- language (မိခင်ဘာသာ၊ ဗမာစာ၊ အင်္ဂလိပ်စာ) များသင်ကြားသင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး ယခင်လွှတ်တော်အစည်းဝေးတွင် အဆိုပြုတင်သွင်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts