မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ပြည်ထောင်စုသားတို့၏ ရိုးရာအစားစာ ကောက်ညှင်းကျည်တောက်

ပြည်ထောင်စုသားတို့၏ ရိုးရာအစားစာ ကောက်ညှင်းကျည်တောက်

ရေးသားသူ:

မင်းတော်လဝီ – ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသည့် ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်ကို မြန်မာနိုင်ငံပြည်သူများသာမကဒေ
သတွင်းနှင့်ဒေသဆိုင်ရာအိမ်နီးချင်းနိုင်ငံများမှာလည်းလူမျိုးမရွေး ဘာသာမရွေး စားသုံးနေကြသည့်အစားအစာတမျိုးဖြစ်သည်။ ဤအစားအစာကို အထူးသဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ကျေးလက်တောရွာများတွင် အများဆုံးပြုလုပ်ကြပြီး စားသုံးရန်အပြင်စီးပွားရေး လုပ်ငန်းတရပ်အဖြစ်လည်း မြို ကြီးများသို့ တင်ပို့ရောင်းချနေကြသည်။

မြန်မာနိုင်ငံမှာ ပြည်နယ်ပြည်မ တောင်ပေါ်မြေပြန့် တောရောမြိုးပါ နေထိုင်ကြသည့် ပြည်ထောင်စု သားချင်းတွေမှာခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်ကို ရာသီမရွေး အမြဲစားသုံးနေ ကြသလို အမြဲလုပ်ရောင်းနေသူတွေလည်းရှိနေသည်။အထူးသဖြင့်ခရီးသွားဧည့်သည်အသွားအလာ များသည့်နေရာ၊ မီးရထားဘူတာ၊ သင်္ဘောဆိပ်နှင့်မော်တောယာဉ်ဂိတ်တည််ရှိရာမြိုးတွေမှာ အမြဲ တမ်းရောင်းချနေသည်။

ခဲတံကျည်တောက်ခေါ် ကောက်ညှင်းကျည်တောက်
ခဲတံကျည်တောက်ခေါ် ကောက်ညှင်းကျည်တောက်

“ခဲတံကျည်တောက်ကို ကျမတို့တောနယ်မှာအမြဲလုပ်စားကြတယ်၊ထမင်းအစား စားလို့လည်းရ တယ်။စျေးတွေမှာအမြဲရောင်းနေတယ်၊ပွဲတော်တွေမှာဆိုရင် ဘုရားပွဲမှာရောင်းတယ်၊ ကရင်နှစ်သစ် ကူး၊ခရစ္စမတ်ပွဲလိုမျိုးမှာဧည့်သည်တွေကိုကျွေးတယ်၊ လက်ဆောင်အဖြစ်လည်း ပေးကြတယ်၊မြ၀တီ မြို့မှထိုင်းနိုင်ငံမဲဆောက်မြိုးကိုလည်းသွားရောင်းကြသေးတယ်”ဟု ကရင်ပြည် နယ်ဖါးအံမြို့နယ်တ ရုတ်လှစံပြရွာသူ နော်သူသူ ကပြောသည်။

ဒါ့ပြင်ကရင်လူမျိုးတို့က ကောက်ညှင်ကျည်တောက်အစားအစာကို ကရင်ဘာသာဖြင့်“ဝါးဖလောင်”ဟုခေါ်သည်။ အနံ့အရသာနဲ့ပြည့်စုံပြီးဖြူစင်သန်းရှင်းနေတဲ့ ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်း ကျည်တောက်ကိုနှလုံးစိတ်ထားဖြူစင်နေသည့်ကရင်လူမျိုးတို့စိတ်ထားနှင့်နှိုင်းနိုင်သည့်အတွက်ကရင်လူမျိုးများတန်ဖိုးထားသည့် အစားအစာတမျိုးဖြစ်နေသည်ဟုဆရာမနော်ရင်လှဖါးအံမြို့နယ် ကရင်ယဉ် ကျေးမှုအဖွဲ့ဝင် က ဆိုပါသည်။

ထိုနည်းတူစွာ ချင်းပြည်နယ် ဖလမ်း၊ဟာခါး၊မတူပီ မြို့နယ်များတွင်လည်း ရိုးရာအစားအစာအဖြစ် အဓိကထားစားတတ်ကြသလိုရိုးရာနတ်ပူဇော်ပွဲတော်၊ခေါင်ရည်ပွဲတော်တွေမှာလည်း ကျွေးမွေးကြ၊ လက်ဆောင်ပေးကြကာ မပါလျှင်မပြီးသည့် ရိုးရာအစားအစာလည်း ဖြစ်နေပြန်သည်။

“တောင်ယာထွက် ကောက်ညှင်းဆန်ကအဆင်သင့်ရှိတယ် ၊နောက်ပြီးသဘာ၀ပေါက်နေတဲ့ ဝါးက လည်းရှိနေတော့ငွေကြေးလည်းမကုန်ဘူး၊အလုပ်လည်းမရှုပ်ရဘူး၊
လူတိုင်းလွယ်လွယ်ကူကူလုပ်စားနိုင်တယ်။ တောကရတဲ့သားကောင်အသားကင်တမျိုးမျိုးနဲ့သိပ်လိုက်ဖက်တယ်၊ နောက်ပြီးရွာမှာ စီးပွားဖြစ်တောင်လုပ်တဲ့လူတွေရှိနေတယ်။အန္ဒိယမြန်မာနယ်စပ်က ချင်းလူမျိုးတွေဆိုရင် မီဆိုရမ် ဘက်က၊တမူးမြိုးဘက်ကနေအိန္ဒိယနယ်စပ်မြိုးများဘက်ကိုသွားရောင်းတာရှိနေတယ်”ဟုချင်းပြည် နယ် မတူပီမြိုကဆလိုင်းဇာဘွယ် ကပြောသည်။

ဒါ့ပြင်ရခိုင်ပြည်နယ် မောင်တောမြိုးနယ်သည် မြန်မာ ဘင်္ဂလာဒေ့ချ်နိုင်ငံနယ်စပ်ဒေသဖြစ်ပြီးနယ်စပ် ဒေသတလျှောက်မှာတိုင်းရင်းသားများဖြစ်သည့်ရခိုင်၊ချင််း၊မြိုးခမီး၊ဒိုင်းနက်၊သက်လူမျိုးအစရှိသည့်လူ မျိုးများမှာ လူနည်းစုအဖြစ် နေထိုင်ပြီးအများစုမှာရိုဟင်ဂျာမွတ်စလင်လူမျိုးများနေထိုင်ကြသည်။ အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်လူမျိုးများသည် ကောက်ညှင်းဆန်ကိုပုံစံအမျိုးမျိုး ပြုလုပ်စားသုံးရာမှာကောက်ညှင်းကျည် တောက်လုပ်ပြီးပုံမှန်(ဖေးဖရိတ်)အစားအစာအဖြစ် စားသုံးကြသည်ကို တွေ့နိုင်သည်။

“အုန်းနို့နဲ့သကြားမထည့်ဘဲ ကောက်ညှင်းဆန်သက်သက်ကိုဝါးနဲ့လုပ်ထားတော့ တခါလုပ်ထားရင် သုံးရက်လေးရက်လောက်ထားပြီးစားနိုင်တယ်၊အလုပ်မရှုပ်ဘူး၊မောင်တောမြိုးနယ်ကနေ နတ်မြစ်ရဲ့ဟို ဘက်ကမ်း ဘင်္ဂလာနိုင်ငံနယ်စပ် တက်ကနပ်မြိုး၊ကော့ဘဇာမြိုးဆီကို မြန်မာဘက်က နေ့စဉ်သွား ရောင်းနေတာရှိတယ်”ဟု မောင်တောမြို့အခြေစိုက် နယ်စပ်ဒေသဆိုင်ရာ သီးနှံပိုးမွှားရောဂါကာ ကွယ်ရေးဌာန  (ဿဿQuarantine)မှ စိုက်ပျိုးရေး၀န်ထမ်း တဦးကပြောသည်။

၎င်းပြင်ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်ကိုမွန်ဘာသာဖြင့်“ဟဠာမ်”(ဟလမ်း) ဟုခေါ်ပြီး တချို့မွန်ဒေသမှာ မွန်အခေါ်နှင့်ဗမာအခေါ်နှစ်မျိုးရောပြီး “ဖလံကျည်တောက်”လို့လည်း ခေါ်ဝေါ်ကြသေးသည်။ဤအစားအစာကိုမွန်လူမျိုးတို့ကြိုက်နှစ်သက်သည့်အစားအစာ တမျိုးလည်း ဖြစ်သည်။

မွန်ပြည်နယ်ကျိုက်ထိုမြိုးနယ်ရှိကမ္ဘာကျော်ကျိုက်ထီးရိုးဘုရားကိုလာရောက်ဖူးမျှော် ကြသည့်ဧည့် သည်တွေက ကျိုက်ထီးရိုးတောင်ထွက်ဝါးတွေနှင့်လုပ်ထားသည့် ဝါးပစ္စည်းအနုအလှအမျိုးမျိုးနှင့် ဝါးကိုမီးဖုတ်ပြီးရသည့်ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်အစားအစာကိုအိမ်ပြန် လက်ဆောင်အဖြစ် တမြတ်တနိုး၀ယ်ကြလေ့ရှိသည်။

“အနောက်တိုင်းဧည့်သည်တွေက ကောက်ညှင်းကျည်တောက်ကိုကြည့်ပြီး ဖြူဖွေးနေတဲ့ကောက် ညှင်းဆန်အပေါ်မှာ သဘာဝဝါးအမြှေးပါးနဲ့သပ်သပ်ယပ်ယပ်အလိုက်သင့်ဖုံးအုပ်ထားတာကို အံ့ သြတယ်၊နောက်ပြီးမီးဖုတ်ထားတဲ့ကောက်ညှင်းကျည်တောက်ကထွက်လာတဲ့သဘာ၀သင်းချိုအေး မွေး ရနံ့လေးကို်ကြိုက်နှစ်သက်တယ်”ဟုကျိုက်ထိုမြိုးနယ် ကျိုက်ထီးရိုးတောင်ခြေ ကင်းမွန်းစခန်းရှိ စား သောက်ဆိုင်ပိုင်ရှင် မိငွေကပြောပြသည်။

ဒါ့အပြင်ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘုရားသုံးဆူမြိုးနှင့်ထိုင်းနိုင်ငံစံခလပူရီမြိုးများမှကောက်ညှင်း ကျည်တောက်ကို စီးပွားဖြစ် ဘန်ကောက်၊မဟာချိုင်နှင့်ဖူးကစ်၊ပတ်တယား အစရှိသည့်မြိုးကြီးများ သို့ လည်းကားဖြင့်တင်ပို့ ရောင်းချနေကြသည်ကိုတွေ့နိုင်သည်။

“အသင့်ဖုတ်ပြီး ကောက်ညှင်းကျည်တောက်တွေကို တင်ပို့ရောင်းချတယ်၊ ကောက်ညှင်းဆန်သက် သက်နဲ့လုပ်တာတမျိုး။အုန်းနို့၊သကြားပါတဲ့ ကောက်ညှင်းကျည်တောက်ကတမျိုး နှစ်မျိုးပေါ့။ တချို့ကကောက်ညှင်းကျည်တောက်ဖုတ်ဖို့ဝါးပိုင်းသက်သက်ရောင်းတာလည်းရှိသေးတယ်”ဟုစံခလပူရီ မြိုးမှ ခဲတံကျည်တောက်အစားအစာ ပြုလုပ်ရောင်းချနေသူ မိထောလယီ ကပြောသည်။

ကောက်ညှင်းကျည်တောက်ကို ခွာထုတ်နေပုံ
ကောက်ညှင်းကျည်တောက်ကို ခွာထုတ်နေပုံ

“ကောက်ညှင်းကျည်တောက်ကို ကော်ဖီ၊လ္ဘက်ရည်တခွက်နဲ့ဆို နံနက်စာပြီးတယ်၊ ဗိုက်ပြည့်စာအ ပြင်အဟာရလည်းဖြစ်တယ်၊နောက်ပြီး လွယ်ကူစွာ၀ယ်ရနိုင်ပြီး စျေးနှုန်းလည်းချိုသာတဲ့အတွက်လူ တိုင်း၀ယ်စားနိုင်တယ်။ ဆန်ကိုအဓိကမစားတဲ့နိုင်ငံကလာပေမယ့် ကောက်ညှင်းနဲ့ပဲထည့်ရောထားတဲ့
ကောက်ညှင်းကျည်တောက်အစားအစာကိုကြိုက်တယ်”ဟုစံခပူရီမြို့မှာအန်ဂျီအိုအဖွဲ့တဖွဲ့တွင် နှစ် နှစ်ကြာအလုပ်လုပ်နေသူ ဘယ်လဂျီယံနိုင်ငံသူ နီလာကပြောသည်။

ခဲတံကျည်တောက်ကိုမြန်မာနိုင်ငံရှိတချို့တိုင်းရင်းသားများ၏ ရိုးရာအစားအစာအဖြစ်သတ်မှတ်ကြပြီး အမြတ်တနိုးထိန်းသိမ်းထားကြသလိုနှစ်သက်စွာလည်းစားကြသည်။ ကောက်ညှင်းကျည် တောက် ကိုပြုလုပ်ရာမှာဓါတုအစားအစာတမျိုးမျိုးဖြင့်ရောစပ်စရာမလိုပဲသဘာ၀၀ါးပင်နှင့်ကာဘိုဟိုက်ဒြိတ် ကြွယ်၀သည့် ကောက်ညှင်းဆန်ဖြင့်သာပြုလုပ်ထားခြင်းကြောင့် ဘေးကင်းပြီး အဟာရပြည့်၀သည့် အစားအစာတမျိုးဖြစ်တဲ့အကြောင်း သူမက ဆက်ပြောသည်။

ကောက်ညှင်းကျည်တောက်အစားအစာဟာ တကယ်တော့ ထူးဆန်းတဲ့အစားအစာ တမျိုးတော့ မဟုတ်ပါဘူး၊ရိုးစင်းတဲ့သဘာ၀အစားအစာအဖြစ်ယနေ့တိုင်လူတွေယုံကြည်စွာစားနေဆဲဖြစ်သည်။ သို့သော်ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်အကြောင်းကိုလူတိုင်းသေသေချာချာ သိချင်မှ သိမည်။

ဝါးကျည်တောက်ထဲဆန်၊ကောက်ညှင်းဆန်ထည့်ပြီးကောက်ညှင်းကျည်တောက်ကိုအစားအစာအနေ
ဖြင့်စားတတ်လာခဲ့သည်မှာလူသားတွေယဉ်ကျေးမှု စတင်ထွန်းကားလာချိန်နှင့် ယှည်တွဲ၍ဖြစ်ပေါ် လာနိုင်သည်ဟုခန့််မှန်းကြသည်။ မြေအိုး၊ ကြေးအိုး ၊ဒန်အိုးမပေါ်သေးမီကာလကဆန်၊ကောက်ညှင်း ဆန်ကိုဝါးဆစ်မှာထည့်ပြီး မီးဖုတ်စားလာသည့်ဓလေ့မှတဆင့် ဖြစ်လာနိုင်သည်ဟုသာသက်ကြီးစ ကားမှတဆင့်ကြားသိခွင့်ရလာခဲ့သည်ဟု စံခပူရီမြို့နေအဖွားဒေါ်တင်မြအသက် ၈၀ နှစ်က ပြော ပြသည်။

ကောက်ညှင်းကျည်တောက်ပြုလုပ်ပုံလည်းစိတ်၀င်စားစရာပင်၊ထိုင်းနိုင်ငံစံခလပူရီမြို့ရပ်ကွက်(၁)နေ  ကရင်အမျိုးသမီးကြီး နန်းသိန်းထော အသက် ၆၅ နှစ်ကသူမနေ့စဉ်လုပ်ရောင်းနေသည့်လုပ်နည်းမှာ-

“ပထမအချက်ကကောက်ညှင်းဆန်သန့်သန့်ကို ရှစ်နာရီကြာခန့်ရေစိမ်ပြီးနောက်  ဆေးကြောပြီး ရေစစ်ထားပါ၊ပဲထည့်လိုကပဲကိုနူးနပ်အောင်ပြုတ်ပါ၊ ကောက်ညှင်းဆန်ထဲမှာပြုတ်ပြီးသားပဲစေ့ကို သမအောင်ရောပြီးဆားအတန်သင့်ထည့်ပါ။ဒုတိယအချက်ကအရေးကြီးပါတယ်၊ဝါးကိုရွေးတတ်ဖို့လိုပါတယ်။ ကောက်ညှင်းကျည်တောက်လုပ်မဲ့ဝါးကဝါးတိုင်းသုံးလို့မရဘူး။ ဝါးအတွင်းမှာအမြေးပါးရှိတဲ့ဝါးမှသုံး နိုင်တယ်။ခဲတံဝါးလို့အရပ်ကခေါ်နေတဲ့တင်းဝါး နဲ့ ကြခတ်ဝါးကိုပဲသုံးနိုင်ပါတယ်။အထူးသဖြင့်ခဲတံဝါးလို့ ခေါ်နေတဲ့တင်းဝါးကိုပဲ အများဆုံး သုံးကြပါတယ်” ဟုနော်သိန်းထောက ပြောသည်။

တခါ ဝါးကိုရွေးချယ်ရာမှာဝါးသက်တမ်းက တနှစ်အတွင်းပေါက်တဲ့ မနုမရင့်ဝါးဖြစ်ရသလို ရောဂါရှင်း ပိုးကိုက်ရာကင်းပြီးအစိမ်းရောင်မပျက်ဝါးဖြစ်ရမယ့်အပြင် ဝါးဆစ်အရှည် တစ်ပေကျော်ပြီး လုံးပတ် လည်း(လက်မနှင့်လက်ညှိုးထိအဝိုင်း)အရွယ်ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။နောက်ပြီး ဝါးဆစ်ထဲ ကိုကောက်ညှင်းဆန်ထည့်သည့်အခါလက်သုံးလုံးခန့်ချန်ထားပြီး ရေသို့မဟုတ်အုန်းနို့ရည်ထပ်ဖြည့် ဖို့အတွက်ဖြစ်တယ်။ဝါးဆစ်ထိပ်၀ကိုငှက်ပျောရွက်သို့မဟုတ်သင်းရနံ့ရှိတဲ့အရွက် တမျိုးမျိုးနှင့်ပိတ်ပြီး မီးမြှင်မြှင်တိုက်ရတယ်၊တစ်နာရီခန့်ကြာမှနပ်ပြီးကျက်ပါ့မယ်၊မီးမြှိုက်ရာမှမည်း တူးနေသည့်ဝါးအပြင် ခွံကိုခွါထုတ်ပြီး အဖြူရောင်နှင့်ရနံ့သင်းပြမွှေးနေတဲ့ ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည် တောက်ကိုရသည်ဟု နော်သိန်းထောကပြောပြပါသည်။

မဆန်းပေမယ့်မရိုးနိုင်သည့် ခဲတံကျည်တောက်(ခေါ်)ကောက်ညှင်းကျည်တောက်အစားအစာကိုမြန် မာနိုင်ငံပြည်သူများသာမက ဒေသတွင်းနှင့်ဒေသဆိုင်ရာနိုင်ငံများမှာလည်း စားသုံးနေကြသည်။ရောင်း ၀ယ်ဖေါက်ကားနေကြသည်။ လူမျိုးမရွေးဘာသာမရွေးလည်းစားနေကြသည်။ဒါ့အပြင် ဓါတုဗေဒ အစားအစာတမျိုးမျိုးနှင့်ရောစပ်အသုံးပြုစရာမလိုပဲသဘာ၀ကောက်ညှင်းဆန်နှင့်သဘာဝဝါးဖြင့်သာ
ပြုလုပ်ထားခြင်းကြောင့်ရိုးရိုးသဘာ၀အစားအစာတမျိုးကိုပြပါဟုဆိုလာလျှင် ကောက်ညှင်းကျည် တောက် အစားအစာကိုပဲ ညွှန်ပြလိုပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

%d bloggers like this: