spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဆင်းရဲမှုလျော့နည်းရန်အခမဲ့ဆေးကုခန်းမုဒုံမြို့တွင်ဖွင့်လှစ်

    ဆင်းရဲမှုလျော့နည်းရန်အခမဲ့ဆေးကုခန်းမုဒုံမြို့တွင်ဖွင့်လှစ်

    -

    ကျလွန်းထော – ဆင်းရဲသားများ ကျန်းမာရေးစောင့်ရှောက်မှုအဆင်ပေစေရေး ရည်ရွယ်ချက်ဖြင့် ဆရာဝန်များစုပေါင်းဖွဲ့စည်းကာအခမဲ့ဆေးကုခန်းတစ်ခုကိုမွန်ပြည်နယ်မုဒုံမြို့ ၊မြို့မ(၄) ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးအရှေ့၌သြဂုတ်လ၁၉ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်။

    ဆင်းရဲမှုလျော့နည်းရန်အခမဲ့ဆေးကုခန်းမုဒုံမြို့တွင်ဖွင့်လှစ်
    ဆင်းရဲမှုလျော့နည်းရန်အခမဲ့ဆေးကုခန်းမုဒုံမြို့တွင်ဖွင့်လှစ်

    မုဒုံမြို့နယ်ရှိဆရာဝန်များစုပေါင်းဖွဲ့စည်းကာ “ကုသိုလ်ဖြစ်ဆေခန်း” အမည်ဖြင့်ဖွင့်လှစ်ထားသည်ဟုမြို့မ(၄) ရပ်ကွက်မှဒေသခံတစ်ဦးကပြောသည်။

    “ဆင်းရဲ၊ချမ်းသာမရွေးဆေးခန်းလာပြလို့ရတယ်၊စပယ်ရှယ်လစ်တော့မရှိဘူး၊ရိုးရိုးဆရာဝန်တွေပဲရှိတယ်၊ခေါင်းကိုက်၊ကိုယ်ပူ၊တုတ်ကွေးလို အထွေထွေရောဂါတွေ ကိုပဲကုပေးနိုင်တယ်၊ရောဂါကြီးရင်တော့ အထူးကုဆေးခန်းကိုသွားရမယ်” ဟု၄င်းကပြောသည်။

    “ကုသိုလ်ဖြစ်ဆေးခန်း” ဖွင့်လှစ်သည့်နေ့မှစ၍ယနေ့အချိန်ထိလူနာအနည်းငယ်သာလာရောက်နေသည်ဟုမျက်မြင်ဒေသခံတစ်ဦးကပြောသည်။

    ဆင်းရဲမှုလျော့နည်းပပျောက်ရေးအတွက်စီမံချက်ချအကောင်အထည်ဖော်လျှက်ရှိရာဆင်းရဲသူများ၏ကျန်းမာရေးစောင့်ရှောက်မှုအ
    ဆင်ပြေစေရေးနှင့်ကျန်းမာရေးပူပင်သောကမရှိစေရေးရည်ရွယ်ချက်ဖြင့်ကုသိုလ်ဖြစ်(အခမဲ့) ဆေးကုခန်းဖွင့်လှစ်ကြောင်းသြဂုတ်လ၂၂ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

    အခမဲ့ဆေးကုခန်းကိုဖြစ်မြောက်ရေးကော်မတီဥက္ကဌမုဒုံမြို့ခံဒေါက်တာစိုးမြင့်ဝင်းကတာဝန်ယူဆောင်ရွက်သွားပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ပြည်နယ် လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှဦးနှင့်မြို့နယ်အုပ်ချုပ်ရေးမှုးဦးခင်မောင်သန်းတို့ကကုသိုလ်ဖြစ်(အခမဲ့)
    ဆေးကုခန်းကိုလာရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

    အထက်မြန်မာပြည်ဘက်တွင်ယခုလိုအခမဲ့ဆေးခန်းများနေရာအနှံ့ဖွင့်နေကြသော်လည်းမွန်ပြည်နယ်မုဒုံမြို့တွင်ပထမဦးဆုံးအကြိမ်ဖွင့်
    လှစ်ထားသည့်အတွက်မရှိဆင်းရဲသားများအတွက်အလွန်တန်ဖိုးရှိကြောင်းမုဒုံမြို့မှအသက်၂၆အရွယ်လူငယ်တစ်ဦးကပြောသည်။

    “မရှိဆင်းရဲသားတွေဆေးကုသစရိတ်မကုန်တော့ဘူး၊ဆရာဝန်တွေလည်းအသင့်ရှိနေတယ်ဆိုတော့အရမ်းကောင်းတာပေါ့၊
    ဒီလိုမျိုးများများဖွင့်လေပြည်သူတွေ အတွက်အကျိုးရှိလေပဲ” ဟု၄င်းလူငယ်ကပြောသည်။

    သို့သော်အခမဲ့ဆေးခန်းများများများဖွင့်နိုင်သော်လည်းလိုအပ်သည့်စက်ကိရိယာနှင့်ဆေးဝါးများလုံလောက်မှုမရှိပါကအခမဲ့ဖွင့်လည်း
    အသုံးမဝင်နိုင်ကြောင်းရေးမြို့NGOs အဖွဲ့အစည်းမှလူငယ်တစ်ဦးကပြောသည်။

    “ကျနော်တို့နယ်မှာတော့ဘာမှမရှိသေးဘူး၊အခမဲ့ဆေးခန်းဖွင့်တယ်ဆိုတာလွယ်ပါတယ်၊အဓိကရေရှည်သွားဖို့ဆေးဝါးလုံလောက်
    မှုရှိရမယ်၊ဆရာဝန်တွေလည်းပြည့်စုံ မှရမယ်လေ” ဟု၄င်းကပြောသည်။

    အလားတူမွန်ပြည်နယ်မော်လမြိုင်မြို့ရှိပျက်စီးယိုယွင်းနေသည့်ပြည်သူ့ဆေးရုံကြီးကိုအသစ်ပြန်လည်ပြုပြင်ရန်နိုင်ငံတော်၏ခွင့်ပြုငွေဖြင့်မလုံလောက်
    သည့်အတွက်မြို့မိမြို့ဖများကတာဝန်ယူပြင်ဆင်သွားရန်မွန်ပြည်နယ်ပြည်နယ်လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှဦးကခွင့်ပြုချက်ပေးခဲ့သည်။

    ၄င်းအစည်းအဝေးကိုသြဂုတ်လ၁၀ရက်နေ့တွင်ဆေးရုံအုပ်ကြီးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်ဟုပေါ်ပြူလာ(Popular News) သတင်းဌာနကဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts