spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းမြန်မာကျပ်ငွေစျေးမြင့်တက်မှု ထိုင်းနယ်စပ်ကုန်သည်အများစုကုန်သွယ်မှုရပ်နား

    မြန်မာကျပ်ငွေစျေးမြင့်တက်မှု ထိုင်းနယ်စပ်ကုန်သည်အများစုကုန်သွယ်မှုရပ်နား

    -

    ကျလွန်းထော – မြန်မာကျပ်ငွေစျေးမြင့်တက်နေသည့် သြဂုတ်လ ကာလအတွင်း နယ်စပ်ဘုရားသုံးဆူရှိ ကုန်သည်ပွဲစား ထက်ဝက်နီးပါး ကုန်သွယ်မှု ရပ်နားထားကြသည်ဟု ဘုရားသုံးဆူဒေသခံ ကုန်သည်များက ပြောသည်။

    မြန်မာကျပ်ငွေများ
    မြန်မာကျပ်ငွေများ

    မြန်မာပြည်တွင်းမှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ကုန်ခြောက်များ တင်သွင်းနေသည့်ကုန်သည်များက ငွေလဲလှုယ်မှုမကိုက်ခြင်းနှင့် ကုန်ပစ္စည်းများကို စျေးမြှင့်တင်ရောင်းချရသည့်အတွက် ကုန်သွယ်မှုမှ ခေတ္တရပ်နားထားရသည်ဟု ဘုရားသုံးဆူမြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

    “ဒီဘုရားသုံးဆူမှာ ကုန်သည်ထက်ဝက်လောက်က အလုပ်နားနေကြရတယ်၊ ကျမတို့လို ကိုယ့်ပိုက်ဆံ စိုက်ထုတ်နိုင်တဲ့သူတွေပဲ ကုန်ကူးနေကြတာ၊ ရောင်အားမရှိသလို ဝယ်တဲ့သူတောင် သိပ်မရှိတော့ဘူး။ တချို့ ကုန်ခြောက်သွင်းနေတဲ့ ကုန်သည်တွေ နားပြီးတော့ ပြည်တွင်းမှာပဲ လုပ်စားနေကြပြီး” ဟု အဆိုပါဆန်ကုန်သည်က ပြောသည်။

    သြဂုတ်လ လဆန်းပိုင်းမှစ၍ မြန်မာငွေစျေး မြင့်တက်လာပြီး မြန်မာပြည်မှလာသည့်ဆန်ကောင်း တစ်အိတ် ၁၀၀၀ ဘတ်ရောင်းနေရာမှ ၁၂၀၀ ဘတ်အထိ တိုးပြီးရောင်းနေရကြောင်း ၄င်းကုန်သည်က ဆက်ပြောသည်။

    ဇူလိုင်လအတွင်း မြန်မာကျပ်ငွေ ၁ သိန်းလျှင် ၃၈၀၀ ဘတ်ဖြင့် လဲလှုယ်ရာမှ သြဂုတ်လအတွင်းနေ့စဉ် လျော့ကျလာသည်မှာ ယနေ့ မြန်မာကျပ်ငွေ ၁ သိန်းကို ၄၆၀၀ ဘတ်ဖြင့် လဲလှုယ်နေရသည်ဟု မဟာချိုင်မြို့မှ ငွေလွှဲနေသူ ကိုနိုင်က ပြေသည်။

    “ဒီသြဂုတ်လကစပြီးတော့ စျေးကျနေတာ တစ်နေ့ကို ဘတ် ဒသမ ၁၀ ကျနေတာ၊ ဆက်ကျဖို့ ရှိသေးတယ်” ဟု ၄င်းက ပြောသည်။ သို့သော် ဘုရားသုံးဆူနယ်စပ်တွင်မူ ယနေ့ငွေလဲနှုန်းအရ မြန်မာငွေကျပ်တစ်သိန်းရရန် ထိုင်းဘတ်ငွေ ၄၅၄၅ ဘတ်ပေးဆောင်နေရသည်။

    အလားတူ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင်လည်း ကုန်သွယ်မှုလုပ်ငန်းများ မရပ်ဆိုင်းသေးသော်လည်း ၄င်းတို့တင်ပို့ကုန်များကို စျေးနှုန်းများမြှင့်တင်ကာ ရောင်းချနေရသည်ဟု ကုန်ခြောက်များတင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။

    “မြန်မာဖက်ကလာတဲ့ကုန်ပစ္စည်းတွေ အရင်ကဘတ် ၇၀၀ တန်ကို အခု ၁၀၀၀ ဘတ်နဲ့ရောင်းနေရတယ်၊ ဘတ်စျေးက ထပ်ကျဖို့ရှိသေးတယ်လို့ပြောနေကြတယ်” ဟု ဆန်ကုန်သည်က ပြောသည်။

    တစ်လလျှင် လုပ်အားခ ၄၀၀၀ ဘတ်ရရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် မိဘထံ ငွေကြေးမပို့ဆောင်နိုင်ကြောင်းနှင့် ငွေလဲနှုန်းဆက်လက်ကျဆင်းလာပါက နေရပ်ထံ ပြန်မည်ဟု ဘန်ကောက်မြို့မှ မြန်မာအလုပ်သမ မိနီက ပြောသည်။

    “ပြည်တွင်းမှာရတဲ့လုပ်အားခက အခုဒီမှာရတဲ့လုပ်အားခနဲ့ တူသလောက်ဖြစ်နေပြီး၊ ဒီအတိုင်းတာ ဘတ်ငွေဆက်ကျနေမယ်ဆိုရင် ပြည်တွင်းကိုပြန်တော့မယ်” ဟု မိနီက ပြောသည်။

    လက်ရှိပြည်တွင်းရွှေစျေးမှာ အခေါက်သားတစ်ကျပ်သား ကျပ် ၇ သိန်းအထက်တွင်ရှိနေပြီး ထိုင်းရွှေစျေးတစ်ကျပ်သားမှာ ၂၇၀၀၀ ဘတ်ကျော်သွားပြီဟု သတင်းများတွင်ဖေါ်ပြနေသည်။
    ယမန်နေ့ဒေါ်လာငွေလဲလှယ်ရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၆၈၅ ကျပ် (ဝါ) ထိုင်းဘတ်ငွေ ၂၉.၈၃ ဖြစ်သည်ဟု သိရသည်။

    ၂၀၁၁ ခုနှစ် ဧပြီလတွင် မြန်မာငွေကျပ် ၁ သိန်းရရန် ဘတ်ငွေ ၃၀၀၀ ဖြင့်လဲလှုယ်ခဲ့ရပြီး နောက်ပိုင်း ၄၂၀၀ ဘတ်အထိ ငွေလဲလှုယ်နှုန်းကျဆင်းခဲ့ရာ ယခုအခါ ထိုင်းဘတ်ငွေစျေးနှုန်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts