spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းအမေရိကန် အထက်လွှတ်တော် အကြံပေးအဖွဲ့နှင့် ပြည်တွင်း ပါတီများ တွေ့ဆုံ

    အမေရိကန် အထက်လွှတ်တော် အကြံပေးအဖွဲ့နှင့် ပြည်တွင်း ပါတီများ တွေ့ဆုံ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၏ အကြံပေးပုဂိုလ် မစ္စတာ အက်ဒ်မန် ထရီဘာတီနှင့် ဒီမိုကရေစီမိတ်ဆွေများပါတီတို့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်က ရန်ကုန်မြို့ အမေရိကန် သံရုံး၌ တွေ့ဆုံကြသည်။

    ထိုတွေ့ဆုံပွဲတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရအား တိုက်တွန်းပေးရန် ရွေးကောက်အနိုင်ရ တိုင်းရင်းသားပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီ စုစည်းထားသည့် ဒီမိုကရေစီ မိတ်ဆွေများပါတီမှ မစ္စတာ အက်ဒ်မန်အား တိုက်တွန်းခဲ့သည်။

    “မိတ်ဆွေပါတီအနေနဲ့က စာတစ်စောင်ပေးလိုက်တယ်၊ စာမှာက နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ငြိမ်းသွားဖို့ ဆိုတဲ့ အစိုးရကို တောင်းဆိုထားတာပါတယ်၊ အဲဒါကို အမေရိကန်အနေနဲ့ (မြန်မာ) အစိုးရက ဘာလုပ်သင့်တယ်ဆိုတာ ကြားဝင် ဆောင်ရွက်ပေးသင့်တယ်ဆိုပြီးတော့ တိုက်တွန်းတာပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်းက ပြောသည်။

    မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများနှင့် လက်ရှိ မြန်မာအစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်သွားမည့် အနေအထားများကို မစ္စတာ အက်ဒ်မန်က မြန်မာနိုင်ငံသို့ လာရောက် လေ့လာစုံစမ်းနေခြင်း ဖြစ်သည်။

    ယခုကဲ့သို့ မစ္စတာ အက်ဒ်မန်နှင့် တွေ့ဆုံချိန်တွင် ရွေးကောက်ပွဲဝင် ဒီမိုကရေစီမိတ်ဆွေများပါတီက စာတမ်းတစောင်လည်း ပေးအပ်ခဲ့သေးသည်ဟု ဆိုသည်။

    ၎င်းစာတမ်းတွင် ဒီမိုကရေစီမိတ်ဆွေများပါတီမှ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စများနှင့် ပတ်သက်၍ အစိုးရအား တိုက်တွန်းချက်များ၊ မြန်မာ့ဒီမိုကရေစီရေးနှင့်ပတ်သက်၍ အမေရိကန် အစိုးရအား တိုက်တွန်းချက်များနှင့် ဥရောပသမဂ္ဂ (အီးယူ)ထံ တောင်းဆိုချက်များ ပါ၀င်ကြောင်း နိုင်ငွေသိန်းက ပြောသည်။

    “ပါတီဘက်က အမေရိကန်အပေါ် တိုက်တွန်းချက်တွေ ပြောပြီးတော့ သူတို့ (အမေရိကန်) ဘက်က ပါတီတွေရဲ့ အခြေနေကို မေးတယ်၊ အဲဒါပါပဲ ထူးထူးခြားခြားတော့ မရှိဘူး၊ တိုက်တွန်းချက်တွေ အကျိုးရှိ မရှိဆိုတာက စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ဂျွန်ကယ်ရီ၏ အကြံပေးအရာရှိ မစ္စတာ အက်ဒ်မန် ထရီဘာတီသည် ဒီမိုကရေစီမိတ်ဆွေများပါတီအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်လည်း သြဂုတ်လ ၁၇ ရက်နေက တွေ့ဆုံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts