spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းပြန်ပေးသမားရန်ကာကွယ်ရေး ဘုရားသုံးဆူမြို့ အာဏာပိုင်အစည်းအဝေးပြုလုပ်

    ပြန်ပေးသမားရန်ကာကွယ်ရေး ဘုရားသုံးဆူမြို့ အာဏာပိုင်အစည်းအဝေးပြုလုပ်

    -

    မိလယီထော-  လတ်တလောအတွင်း ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့နှင့် အနီးအနားတ ဝိုက် ပြန်ပေးသမား များ သောင်းကျန်းနေ သဖြင့် မြို့အာဏာပိုင်များနှင့် ဒေသခံရာဘာခြံပိုင်ရှင်များ တွေ့ဆုံပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခမ်းမ၌ အစည်းအဝေးကျင်းပခဲ့ကြောင်း တက်ရောက်ခဲ့သူအချို့က ပြောသည်။

    ဘုရားသုံးဆူြံမို့ရှိ ရာဘာခြံတစ်ခြံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    ဘုရားသုံးဆူြံမို့ရှိ ရာဘာခြံတစ်ခြံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    ၄င်းအစည်းအဝေးတွင် ခလရ ၂၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောရန်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ရာဘာခြံပိုင်ရှင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    “သူခိုးဓါးမြရန်က ုိကာကွယ်ဖို့၊ တစ်ဦးတစ်ယောက်တည်း ခြံမသွားဖို့၊ အနီးအနားခြံသမားတွေနဲ့ စုစုစည်းစည်းရှိကြဖို့၊ တပ်ရင်းမှူးက အဲလိုမှာသွားပါတယ်၊ သူတို့က လုံခြုံရေးယူပေးတာမဟုတ်ဘူး၊ ကိုယ့်ခြံသမားအချင်းချင်း စုပြီး အဆင်ပြေကြသလို လုံခြုံရေးသတိနဲ့နေဖို့ပါ” ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင် ဘုရားသုံးဆူရပ်ကွက် ၄ မှ ရာဘာခြံပိုင်ရှင်နှင့် ခြံလုပ်သား (၃) ဦး ခြံအလုပ်လုပ်နေစဉ် အင်အား ၉ ဦးရှိ လက်နက်ကိုင်များပြန်ပေးဆွဲသဖြင့် ဘတ်ငွေငါးသောင်းဖြင့် ရွေးယူခဲ့ရသည်။

    ၄င်းပြန်ပေးသမားလက်မှ ပြန်လည်လွတ်မြောက်လာသူ ၃ ဦးအား အာဏာပိုင်များ ခေါ်တွေ့ခဲ့ရာ ကြောက်လန့်သဖြင့် အတွေ့မခံရဲပဲ ရှောင်ပုန်းနေရသည်ဟု သိရသည်။ ၄င်းတို့အသွင်သဏ္ဍာအား မြန်မာအာဏာပိုင်များကိုပြောပြလျှင် သတ်ပစ်မည်ဟု ပြန်ပေးသမားများ ခြိမ်းချောက်ထားသဖြင့် ပြန်လွတ်လာသူ ၃ ဦးမှာ စိတ်ဝေဒနာများ ဖိစီးနေကြောင်း နီးစပ်သူများက ပြောသည်။

    ယမန်နေ့နံနက်ပိုင်းတွင်လည်း စျေးလာဝယ်သော မျက်နှာစိမ်းနှစ်ဦးအား အာဏာပိုင်များ ခေတ္တဖမ်းဆီးစစ်ဆေးခဲ့ပြီး အသိမိတ်ဆွေများ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု မြို့ခံများက ပြောသည်။

    “ဒီဖမ်းထားတဲ့မျက်နှာစိမ်းနှစ်ဦးကို ဟိုနေ့ကပြန်ပေးလွတ်လာတဲ့လူ ၃ ဦးနဲ့ မျက်နှာချင်းဆိုင်ပြပေးမလို့ ဟုတ်မဟုတ်သိချင်လို့၊ ဒါပေမယ့် ဟို ၃ ယောက်ကမလာဘူး၊ရှောင်နေတယ်” ဟု မြို့အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယခင်လပိုင်းတွင်လည်း ဘုရားသုံးဆူမြို့အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အဆိုပါအမည်မသိ လက်နက်ကိုင်အဖွဲ့ငွေတောင်းခံထားသဖြင့် ရပ်ကွက်လူကြီးများ မိမိတို့နေအိမ်တွင်နေထိုင်မရဲ ဖြစ်နေကြသည်။

    ပြန်ပေးသမားများမှာ ဘုရားသုံးဆူမြို့ ဆင်ခြေဖုန်းရပ်ကွက်များတွင် ခိုလှုံနေကြောင်း မြို့ခံအချို့သတင်းပေးခဲ့သော်လည်း မြန်မာစစ်တပ်မှ လိုက်လံရှင်းလင်းခြင်းမရှိဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်း မြို့ပေါ်သို့ အမည်မသိ မျက်နှာဖုန်းစွပ်လက်နက်ကိုင်များ နေလည်ခင်းဝင်ရောက်ပစ်ခတ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာတွင်လည်း မြို့ခံခလရ ၂၈၄ တပ်ရင်းမှ အချိန်မှီ မလာရောက်နိုင်ခဲ့ပေ။

    ဘုရားသုံးဆူပြန်ပေးရန်ကာကွယ်ရေး အစည်းအဝေး ပြုလုပ်ပြီးစီးခဲ့သော်လည်း ခြံပိုင်ရှင်များခြံထဲ အလုပ်မဆင်းရဲသေးဟု ခြံပိုင်ရှင်များက ပြောသည်။

    ဘုရားသုံးဆူမြို့အနီး ဂျပန်ရေတွင်း အခြေစိုက်မွန်ပြည်သစ်ပါတီတပ်ဖွဲ့သည်လည်း မိမိနယ်မြေအတွင်း ပြန်ပေးသမားများ ရှိနိုင်သည့်နေရာများကို ဒေသခံခြံသမားများနှင့်အတူ ဝင်ရောက်ရှင်းလင်းနေသည်ဟု မြို့နယ်အရာရှိတစ်ဦးထံမှ သိရသည်။

     

     

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts