spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ပေါ်လာရန် လက်ရှိသမ္မတ တာဝန်ဖြစ်

    ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ပေါ်လာရန် လက်ရှိသမ္မတ တာဝန်ဖြစ်

    -

    မင်းသုတ – တပြည်လုံး အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည် ပေါ်လာရန် လက်ရှိသမ္မတဦးသိန်းစိန်တွင်သာ အဓိကတာဝန်ရှိကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် MNDF ဒုဥက္ကဌ နိုင်ငွေသိမ်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောကြားခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် MNDF ဒုဥက္ကဌ နိုင်ငွေသိမ်း
    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(MNDF) ဒုဥက္ကဌ နိုင်ငွေသိမ်း

    “လက်ရှိအစိုးရမှာ သူကအကြီးအကဲဖြစ်နေလို့ပါ၊ ဦးသိန်းစိန်ကသာ ဒီကိစ္စအကောင်အထည် မဖေါ်ချင်ဘူးဆိုရင် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးသီတင်းပတ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည်တို့ တွေ့ဆုံခဲ့စဉ် မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကို မသိရှိရသော်လည်း လာမည့် သြဂုတ်က ၂၂ ရက်နေ့ နေပြည်တော်လွှတ်တော်အစည်းအဝေးများ ကျင်းပသည့်အခါ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ ထည့်သွင်း ဆွေးနွေးသွားကြမည်ဟု ယူဆရကြောင်း နိုင်ငွေသိမ်း ဆက်ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) နာယက နိုင်တင်အောင်က “ပြည်တွင်းငြိမ်ချမ်းရေးကိစ္စဟာ တစ်ရက်နောက်ကျလေ မြန်မာပြည်အတွက် တစ်ရက်နစ်နာရသလို ဒီမိုကရေစီ ဖေါ်ဆောင်ရာမှာလည်း တစ်ရက် နောက်ကျတာပါပဲ၊ ဒါကြောင့် ဒီမိုကရေစီအကျိုးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် လက်ရှိအစိုးရက ဦးဆောင်ပြီး အမြန်ဆုံး လုပ်ဆောင်ပေးသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရရင် ပိုပြီး အဆင်ပြေပါမယ်” ဟု ပြောသည်။

    ယခင် အပစ်အခတ်ရပ်စဲမှု ဆွေးနွေးခဲ့စဉ်ကာလများက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်အား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တောင်းဆိုတိုင်း နောင်တက်လာမည့်အစိုးရနှင့် ဆွေးနွေးရန် ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် အစိုးရသစ်ပုံစံပြောင်းလဲဖွဲ့စည်းခဲ့သည့် နအဖအစီအစဉ်များတွင် တိုင်းရင်းသားလက်ကိုင် အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအရဆွေးနွေးရန် အစီအစဉ် မချမှတ်ခဲ့သဖြင့် တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပေါ်လာကြောင်း နိုင်တင်အောင် သုံးသပ်ခဲ့သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမွန်က “နိုင်ငံရေးအရ မဖြေရှင်းကြပဲ စစ်ရေးနဲ့ပဲ ဖိတိုက်နေရင်တော့ တာဝန်အရ ကျနော်တို့မဟာမိတ် UNFC တွေကိုကူညီဖို့ တိုက်ပွဲဝင်သွားမယ်၊ အဲဒီလိုဖြစ်သွားရင် ပြည်တွင်းစစ်မီး ပြန့်ပွားသွားလိမ့်မယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိသမ္မတဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (SSA) စသည့်အဖွဲ့အစည်းတို့ထံ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်စွဲဖြင့် ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲကြပါရန်၊ ယင်းလုပ်ငန်းစဉ်များကိုပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်ဟု ပြီးခဲ့သည့် ဇူလိုင်လ(၂၈) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိပ်ဖွင့်ပေးစာရေးသားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts