spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းနိုင်ရွှေကျင်စာကြည့်တိုက်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဖွဲ့စည်း

    နိုင်ရွှေကျင်စာကြည့်တိုက်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဖွဲ့စည်း

    -

    နိုင်မာန် – မြို့နယ်အသီးသီးရှိ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းပြီး မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) အဖြစ် မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ ပြီးခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့တွင် အစည်းအဝေးတရပ် ကျင်းပဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    “မြို့နယ်မွန်စာပေယဉ်ကျေးမှုအဖွဲ့တွေက ရှိခဲ့ပြီးသားဖြစ်တယ်၊ အဲဒီမြို့နယ်အဖွဲ့အားလုံးကို စုစည်းပြီး စာပေနှင့် ယဉ်ကျေးမှုပူးပေါင်းအဖွဲ့ ဖွဲ့ခဲ့တယ်၊ အခုတော့ ကာလအနေအထားအရ ဗဟိုလို့ ပြောင်းလဲ သတ်မှတ်သင့်ပါတယ်” ဟု မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) ဥက္ကဌနိုင်သက်လွင်က ယင်းအစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
    မော်လမြိုင်နှင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နှစ်ဖွဲ့တည်းသာ တရားဝင်အသင်းမှတ်ပုံတင် ရှိခဲ့သော်လည်း လက်ရှိတွင် မော်လမြိုင်မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းအား သက်ဆိုင်ရာမှ အသင်းမှတ်ပုံတင် သက်တမ်းတိုးခွင့် မပြုသေးဟု သိရသည်။

    မွန်စာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း ယခင်အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်
    မွန်စာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း ယခင်အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်

    ယခုအသစ် ဖွဲ့စည်းခဲ့သော မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) အား လက်ရှိတည်ဆဲဥပဒေအရ တရားဝင် လူမှုအဖွဲ့အသင်းအဖြစ် သက်ဆိုင်ရာတွင် မှတ်ပုံတင်ပြုလုပ်သွားမည် ဖြစ်သည်။
    ယခုအသစ် ဖွဲ့စည်းလိုက်သည့် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) အစည်းအဝေး၌ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများရှိ မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်များ ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ယင်းအဖွဲ့၏ တည်နေရာမှာ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ ကွယ်လွန်သူဥက္ကဌကြီးနိုင်ရွှေကျင် စာကြည့်တိုက်အဆောက်အဦတွင် ထားရှိကြောင်း သိရသည်။ သို့သော် ထိုစာကြည့်တိုက်သည် မွန်ပြည်သစ်ပါတီနှင့် မသက်ဆိုင်ပေ။

    အဆိုပါ စာကြည့်တိုက်အား စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်အခတ်ရပ်စဲမှု မပျက်ပြယ်မီကာလ ကတည်းက အစိုးရ၏ ထောက်ပံ့မှုအပါအဝင် မွန်ပြည်သူများ၏ အလှုငွေများဖြင့် တည်ဆောက်ထားကာ မွန်လူမျိုးတို့၏ စာပေ ယဉ်ကျေးမှု ပညာရေးနှင့် အခြားသောလူမှုရေးကိစ္စများအတွက် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

    “မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)အနေနဲ့ တရားဝင် ရပ်တည်ခွင့် ရရှိဖို့လုပ်ဆောင်သွားမှာ ဖြစ်သလို ဒီစာကြည့်တိုက် အဓွန့်ရှည် တည်တန့်ဖို့ ထိန်းသိမ်းရေးကော်မတီတွေကိုလည်း ဖွဲ့စည်းရပါဦးမယ်” ဟု လက်ရှိ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
    ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပသည့် အစည်းအဝေး၌ မွန်စာပေနှင့် ယဉ်ကျေးမှုပူးပေါင်းအဖွဲ့ အမှုဆောင်သစ်ကို ပြန်လည် ရွေးချယ်ခဲ့ရာ၌ ဒေါက်တာမင်းကြည်ဝင်း ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ယခင်ဥက္ကဌဟောင်းမှာ ဒေါက်တာမင်းနွယ်စိုးဖြစ်ပြီး လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးရာထူး ရရှိထားသည်။

    အဆိုပါ မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ကို မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အသီးသီးမှ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေ သင်ကြားရေးအဖွဲ့များ၊ တက္ကသိုလ် ပညာသင်ကြားမှု ထောက်ပံ့ရေးအဖွဲ့၊ မွန်ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့၊ မွန်လူငယ်များ အစည်းအရုံး၊ မွန်သဘင်သည်များ အစည်းအရုံးနှင့် မွန်ဂီတ အစည်းအရုံး စသည့် အဖွဲ့အစည်းများဖြင့် (၂၀၀၈/၂၀၀၉) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    သတင်းပြင်ဆင်ချက် 

     

    ဇူလိုင်လ (၂၇) ရက်နေ့ ထုတ် နိုင်ရွှေကျင်စာကြည့်တိုက်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဖွဲ့စည်း ဆိုသည့်သတင်းတွင်၊ နေရာအမှားအယွင်းကြောင့် အထူးတောင်းပန်ပါသည်။ 

     

    သတင်းတပုဒ်လုံးအတွက် ‘နိုင်ရွှေကျင်စာကြည့်တိုက်’ အစား ‘မော်လမြိုင်မြို့ မွန်ဓမ္မာရုံ’ ဟု ပြင်ဆင်ဖတ်ရှုစေလိုသည်။

     

     

     

     


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts