spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းမွန်အမတ်တစ်ပါးလယ်မြေပျက်စာရင်းလိုက်လံကောက်ခံ

    မွန်အမတ်တစ်ပါးလယ်မြေပျက်စာရင်းလိုက်လံကောက်ခံ

    -

    ဟောင်းဒိန်း – မွန်ပြည်နယ် မုဒုံမြို့နယ်တောင်ပိုင်းရှိ ဝင်ဖနုံဆည်ဧရိယာရှိ စိုက်ပျိုးမရသည့်လယ်မြေစာရင်းကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် နိုင်ထွန်းအုံမှ လိုက်လံကောက်ခံနေသည်။

    “အခု စိုက်ပျိုးလို့မရတဲ့လယ်မြေစာရင်းကို လိုက်ကောက်နေတုန်းပဲ။ လယ်ဘယ်နှစ်ဧကရှိလဲ၊ ပျက်တာ ဘယ်နှစ်ဧကလဲဆိုတာကို တိတိကျကျ လိုက်ကောက်နေတယ်” ဟု မုဒုံမြို့နယ် ကွမ်ကဗွီးလယ်သမားတစ်ဦးက ပြောသည်။

    ဇူလိုင်လ ၁၈ ရက်နေ့မှ ၄င်းလယ်မြေစာရင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် နေပြည်တော်သို့ တင်ပြနိုင်ရန် ကွမ်ကဗွီးဇာတိဖြစ်သော မွန်လွှတ်တော်အမတ် နိုင်ထွန်းအုံက ကွင်းဆင်းကောက်ခံနေခြင်းဖြစ်သည်

    စိုက်ပျိုးရန်မရသည့်လယ်မြေစာရင်းကို နိုင်ထွန်းအုံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံ လွန်ခဲ့သည့်ရက်သတ္တပတ်တွင် တင်ပြခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်မှ စာရင်းအတိအကျတင်ပြရန် နိုင်ထွန်းအုံးအား ပြောဆိုခဲ့သဖြင့် ယခုကဲ့သို့ကောက်ခံနေခြင်း ဖြစ်သည်ဟု သူနှင့်နီးစပ်သူများကပြောသည်။

    ဝင်းဖနုံဆည်ရေကြောင့် ရေလွှမ်းမိုးခံနေရသည့်လယ်မြေများ
    ဝင်းဖနုံဆည်ရေကြောင့် ရေလွှမ်းမိုးခံနေရသည့်လယ်မြေများ

    မုဒုံမြို့နယ်တောင်ပိုင်း ဝင်ဖနုံဆည်ဧရိယာရှိ ကလော့သောကျေးရွာ၊ ကော့ပီထော၊ ဖယ်ဒို၊ တောင်ပ၊ ထုံမံ၊ ကွမ်ကဗွီး၊ ဒိုးမား၊ ဆက်သွယ်ကျေးရွာများမှ လယ်မြေဧက ၅၀၀၀ အနက် ၂၅၀၀ ခန့်မှာ စိုက်ပျိုးရန် အခက်အခဲရှိသည်ဟု နိုင်ထွန်းအုံမှ ဦးအုန်းမြင့်ထံ တင်ပြခဲ့သည်။

    ယင်းကဲ့သို့ လယ်မြေများ စိုက်ပျိုးရန်အခက်အခဲဖြစ်ရခြင်းမှာ ဝင်ဖနုံဆည်ဆောက်လုပ်ခဲ့ခြင်းေြကာင့်ဖြစ်ပြီး ၄င်းဒေသရှိ လယ်သမား ၂၀ ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေးနှင့် မွေးမြုရေးဝန်ကြီးဌာနသို့ ဝင်ဖနုံဆည်မှ ရေနုတ်မြောင်း ဖောက်လုပ်ရန် ဧပြီလတွင် မေတ္တာရပ်ခံ တင်ပြခဲ့ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှ လာရောက်ကွင်းဆင်းပြီး ရေနုတ်မြောင်း အနည်းငယ်သာ ဖောက်လုပ်ပေးခဲ့သည်။

    “အစိုးရသစ်အနေနဲ့လုပ်မပေးရင်လည်း သူ (နိုင်ထွန်းအုံး) က လုပ်ပေးမယ်” ဟု နိုင်ထွန်းအုံမှ ကွမ်ကဗွီးကျေးရွာသားများနှင့်ေတွ့ဆုံခဲ့စဉ်တွင် ပြောကြားခဲ့သည်ဟု ကွမ်ကဗွီးလယ်သမားက ပြောသည်။

    “အစိုးရက သေသေချာချာ လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ အမြဲတမ်း သူတို့ကို တင်ပြနေမှ သူတို့ လုပ်ပေးမယ်” ဟု နိုင်ထွန်းအုံးက အဆိုပါလယ်သများများအား ပြောကြားခဲ့သည်။

    ဒေသခံများမှာ လယ်ယာမြေနှင့် ရာဘာခြံမှ ထွက်ကုန်များကို အဓိကအားကိုးနေကြရသည်။ လယ်ယာမြေများ ရေလွှမ်းမိုး၍လယ်လုပ်မရဖြစ်နေသောကြောင့် အခက်တွေ့နေကြရသည်။

    လယ်မြေများဆည်ရေလွှမ်းမိုးမှုခံေနရခြင်းကြောင့် ရေနုတ်မြောင်းဖောက်လုပ်ရန် ပြီးခဲ့သည့်ဇွန်လအတွင်း လယ်သမားများထံမှ သက်ဆိုင်ရာကျေးရွာအာဏာပိုင်များ ငွေကောက်ခံခဲ့သည်ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts