spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းကျိုက္ခမီဘုရားဝင်းလေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် ပျက်စီးမှုများရှိ

    ကျိုက္ခမီဘုရားဝင်းလေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် ပျက်စီးမှုများရှိ

    -

    မိလယီထော – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ဘုရားဝင်းအတွင်း ယမန်နေ့တွင် လေပြင်းမုန်တိုင်းနှစ်ကြိမ်တိုက်ခတ်သဖြင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဘုရားစျေးရောင်းသူများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    သမိုင်းဝင်အထင်ကရ မွန်ပြည်နယ်ကျိုက္ခမီဘုရားနှင့်တန်ဆောင်းပုံ (ဓါတ်ပုံ- en.wiki)
    သမိုင်းဝင်အထင်ကရ မွန်ပြည်နယ်ကျိုက္ခမီဘုရားနှင့်တန်ဆောင်းပုံ (ဓါတ်ပုံ- en.wiki)

    ယမန်နေ့ ဇူလိုင်လ(၂၀) ရက်နေ့ နံနက် (၃) နာရီကျော်ခန့်တွင်ပထမအကြိမ်၊ ည(၁၁) နာရီခန့်တွင်ဒုတိယအကြိမ် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာတွင် ပထမအကြိမ်တိုက်ခတ်မှုမှာ ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့သည်ဟု မြို့ခံများပြောသည်။

    “ကားဂိတ်ဘုရားစျေးတန်းထမင်းဆိုင်တွေ ဇာတ်ရုံ ၂ ရုံပြိုကျပျက်စီးကုန်တယ်၊ အမိုးတွေလွင့်စင်ကုန်တယ်၊ ဒါပေမယ့်််မှာရေပြင်မှာရှတဲ့ဘုရားနဲ့ကျောင်းတော်ရာ၊ တန်ဆောင်းတွေ မပျက်စီးပါဘူး” ဟု ကျိုက္ခမီဘုရားစျေးသူတစ်ဦးက ပြောသည်။

    ထို့အတူ ဇတ်ရုံရှေ့လမ်းမတလျှောက်ရှိ ပိတောက်ပင်များနှင့် သက်တမ်း(၁၀၀) ခန့်ရှိသစ်ပင်ကြီးများလည်း အမြစ်လန်လဲကျပျက်စီးမှုရှိသည်ဟု သိရသည်။

    အဆိုပါလေပြင်းတိုက်ခတ်စဉ်တွင် ဆိုင်ခန်းများအတွင်းလူနေမရှိကြသဖြင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

    “ပျက်စီးဆုံးရှုံးမှုတွေကတော့ ကျပ်သိန်း ၁၃၀၀ ကျော်ရှိမယ်လို့ အာဏာပိုင်တွေခန့်မှန်းကြတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရှိပါတယ်” ဟု ကျိုက္ခမီဘုရားဂေါဗကဝင်တစ်ဦးက ပြောသည်။

    လာမည့်သီတင်းကျွတ်လပြည့်နေ့မှစတင်၍ (၅) ရက်တိုင်တိုင်ကျင်းပမည့် သမိုင်းဝင်ကျိုက္ခမီနှစ်စဉ်ဘုရားပွဲတော်ကျင်းပမည်ဖြစ်သဖြင့် ပြိုလဲပျက်စီးခဲ့သည့် အဆောက်အဦများ အချိန်မီပြန်လည်တည်ဆောက်နိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

    အလားတူ ယမန်နေ့နံနက်စောစောပိုင်းတွင် မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်လည်း လေပြင်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရာဘာပင်အချို့လဲကျပျက်စီးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts