spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းထိုင်း စစ်သုံး Black Hawk တစ်စီး မြန်မာပြည်တွင်း ပျက်ကျ

    ထိုင်း စစ်သုံး Black Hawk တစ်စီး မြန်မာပြည်တွင်း ပျက်ကျ

    -

    ရိုင်မရော့ – ထိုင်း စစ်တပ်ရဟတ်ယာဉ် Black Hawk အမျိုးအစားတစ်စီး မြန်မာနိုင်ငံ ပိုင်နက် အတွင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ပျက်ကျသွားကြောင်း ထိုင်းနိုင်ငံ ထုတ် Bangkok post သတင်းစာတွင် ဖော်ပြထားသည်။

    ပထမလေယာဉ်ပျက်ကျရာမှ သေဆုံးသူ ၅ ဦးအလောင်းကို ထိုင်းစစ်တပ်များ သယ်ယူနေစဉ် (Photo by Pattanapong Hirunard)
    ပထမလေယာဉ်ပျက်ကျရာမှ သေဆုံးသူ ၅ ဦးအလောင်းကို ထိုင်းစစ်တပ်များ သယ်ယူနေစဉ် (Photo by Pattanapong Hirunard)

    ယင်း ရဟတ်ယာဉ်သည် ထိုင်းနိုင်ငံ ပက်ချ်ဘူရီခရိုင်နှင့် ထိစပ်သည့် မြန်မာနိုင်ငံ ထားဝယ်ခရိုင်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ရဟတ်ယာဉ်ပျက်ကျရာတွင် ထိုင်းအဆင့်မြင့် စစ်ဘက် အရာရှိ ၈ ဦးနှင့် ထိုင်းရုပ်သံလိုင်း (Channel 5) မှ သတင်းထောက် တစ်ဦး လည်း ပါဝင်သည်။

    ထိုင်းရုပ်သံလိုင်း (Channel 5) မှ တာဝန်ရှိသူတစ်ဦးက ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်း အတည်ပြုကာ “ ကျနော်တို့ ဗီဒီယို သတင်းထောက် တယောက်ပါတယ်၊ အသေးစိတ်ကိုတော့ ကျနော့်အနေနဲ့ မပြောနိုင်သေးပါဘူး”ဟု လွတ်လပ်သော မွန်သတင်း အေဂျင်စီကို ပြောသည်။

    ယခု Black Hawk ရဟတ်ယာဉ် ပျက်ကျခြင်းသည် ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်သကဲ့သို့ မြန်မာ စစ်သားများ ၏ ပစ်ခတ်မှု ကြောင့်လည်း ဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ် အမှတ်(၁) တပ်မမှူး Udomdet Seetabut ၏ ပြောဆိုချက်ကို Bangkok post သတင်း၌ ဖော်ပြထားသည်။

    ထို Black Hawk ပျက်ကျသည့် ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်နှင့် အစိုးရတပ်များ လှုပ်ရှားနေသည့်နယ်မြေ ဖြစ်ကြောင်း သိရသည်။

    “အဲဒီ အခု လေယာဉ်ပျက်ကျတဲ့ နယ်စပ်ဒေသမှာဆိုရင် ကျနော်တို့ ကရင်တပ်တွေရှိတယ်၊ ပြီးတော့ ဗမာတပ်တွေရှိတယ်၊ အဲဒီ တောင်နဲ့က ကျနော်တို့နဲ့က နည်းနည်းဝေးတယ်၊ ဗမာတပ်တွေ ပိုနီးတယ်”ဟု KNU နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    တောတောင်ထူထပ်ခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် ပျက်ကျခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။

    ယမန့်နေ့က ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်သည် ပက်ချ်ဘူရီခရိုင် အမျိုးသား ဥယျာဉ် (Kaeng Krachan National Park) အနီး ပြီးခဲ့သည့် စနေနေ့က ပျက်ကျသွားသည့် စစ်ရဟတ်ယာဉ်မှ အလောင်းများကို သယ်ဆောင်ရန်အသွားတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts