spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်တုုိင်းရင်းသားတို့၏ သံတမန်ရေးရာတိုက်ပွဲကို စမ်းစစ်ကြည့်ခြင်း

    တုုိင်းရင်းသားတို့၏ သံတမန်ရေးရာတိုက်ပွဲကို စမ်းစစ်ကြည့်ခြင်း

    -

    ဗညာဟံသားရေးသည် – ပြည်ပဖိအားပေးမှုသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တစိတ်တပိုင်းအဖြစ် အကျုံးဝင်ပေသည်။ မြန်မာပြည်တပ်မတော် ခေါင်းဆောင်တို့သည် အမေရိက၊ ဥရောပ၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ဒေသခံခေါင်းဆောင်များမှ တိုက်တွန်းသည့် အပြုသဘောဆောင်သော နိုင်ငံရေး၊ တွေ့ဆုံဆွေးနွေးရေးကို မထီမဲ့မြင် ပြုခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များမှလည်း သံတမန်ရေးရာတိုက်ပွဲတွင် အခွင့်သင့်တိုင်း ထိုးနှက်ခဲ့သော်လည်း လက်တွေ့တွင် သုံးပွင့်ဆိုင် တွေ့ဆုံးဆွေးနွေးရေး မပေါ်ပေါက်ခဲ့ချေ။ ပြည်ပဖိအားပေးမှု၊ သံတမန်ဖိအားပေးမှု၊ စီးပွားရေးအရ အကြပ်ကိုင် ပိတ်ဆို့မှု၊ အရှေ့တောင်အာရှအသင်း ဥက္ကဋ္ဌတာဝန်ကို ပယ်ချပေးမှု စသော သံတမန်ရေးရာတိုက်ပွဲအကြားတွင် တပ်မတော်မှ စစ်အာဏာရှင်များက မြန်မာပြည်တွင် အစိုးရအသစ် ဖွဲ့စည်းခဲ့ပြီး အာဏာကို လက်ဝါးကြီးအုပ် ဆက်လက်ထိမ်းချုပ်နိုင်ခဲ့သည်။

    ယခုလ (ဇူလိုင်လတွင်) တိုင်းရင်းသားခေါင်းဆောင်များက ဥရောပ အထူးကိုယ်စားလှယ်များကို မြန်မာပြည်တွင် ပြည်တွင်းစစ် ရပ်စဲပြီး အမြင်မတူကြသည့် နိုင်ငံရေး အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ကြားဝင် စေ့စပ် အကောင်အထယ်ဖေါ် ကျင်းပပေးရန် တောင်းဆိုခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်တို့၏ နိုင်ငံရေးအရ ပြဿနာအားလုံးကို အပြုသဘောဆောင် ကျေအေးစွာ အပေးအယူပြုပြီး ပြည်တွင်းစစ် ရပ်ပေးကာ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရန် နှစ်ပေါင်း (၆၀) နီးပါး လက်နက်ကိုင်တိုက်ပွဲဝင်ကာ ငြိမ်းချး်းရေးအတွက် တောင်းဆိုခဲ့ပေသည်။ လက်နက်ကိုင်တိုက်ပွဲအပြင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကတည်းက ၄င်းတို့ မှ နိုင်ငံရေးနှင့် သံတမန်ရေးရာ တိုက်ပွဲများကို တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း ၄င်းတို့၏ နိုင်ငံရေးတောင်းဆိုချက်ကို မရရှိခဲ့သေးပေ။ ဘာကြောင့်နည်း။

    အထက်ပါ မေးခွန်းကို သာမန်အရပ်သားထက် တိုင်းရင်းသားခေါင်းဆောင်တို့က ပို၍ အဖြေရှာတတ်သည်။ သို့သော် ပြည်ပ၏ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများသည် အခြေအနေ အများအပြားအပေါ်တွင် တည်မီနေပေသည်။ မြန်မာပြည်၏ ပြည်တွင်းစစ်ပြဿနာသည် ဒေသန္တရ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိ မရှိ၊ ပြု မပြု၊ မြန်မာပြည် ပြည်တွင်းစစ်သည် အစုလိုက် အပြုံလိုက် အကြောင်းမဲ့ တရားမဲ့စွာ လုပ်ကြံသတ်ဖြတ်မှု ရှိမရှိ၊ လက်ရှိ တပ်မတော် ကိုယ်စားလှယ် ဦးဆောင်သော အစိုးရက ပြည်တွင်းရေးပြဿနာကို ကိုင်တွယ်နိုင်တဲ့ အပြုအထား ရှိမရှိ စသော အခြေခံ ပကတိရုပ်များအပေါ် အခြေခံပြီ ပြည်ပဖိအားပေးမှု ဝင်ရောက်စွက်ဖက်မှုကို အဆုံးအဖြတ်ပေးတတ်ပေသည်။ မြန်မာပြည်တွင် သွေးထွက်သံယိုမှုရှိခဲ့သော်လည်း ကုလသမဂ္ဂမှ လုံခြုံရေးတပ်မတော် ဝင်ရောက် ကာကွယ်ပေးရမည့် အဆင့်အတန်းသို့ မရောက်ခဲ့ပေ။ ထို့ကြောင့်သာ မြန်မာပြည်အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းရေးကိစ္စများကို သွေးထွက်သံယိုမှု မရှိစေပဲ ပြုပြင်သွားရန် အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂခေါင်းဆောင်တို့က အတိအလင်း တောင်းဆိုခဲ့သည်။

    ၂၀၁၀- ၂၀၁၁ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခေါင်းဆောင်များ၊ ပြည်တွင်းနိုင်ငံရေးခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိသည်။ ဤနှစ် အတောအတွင်း ဒေါ်စုကိုယ်တိုင်က ဒုတိယပင်လုံညီလာခံ ပြည်ထောင်စုတည်ဆောက်ရေး သဘောတရားနှင့် လူ့အဖွဲ့အစည်းမျာအတွက် အခြေခံ နိုင်ငံရေး တိုက်ပွဲများကို ဆင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးက ဒေါ်စု၏ လုပ်ရပ်သည် တရားမဝင်ကြောင်း ဥပဒေမဲ့စွာပြုမှုကြောင့် အန္တရာယ်ရှိကြောင်း စာရေးသား သတိပေးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များက ဒေါ်စုနှင့် တခြားပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် လက်တွေ့တွင် တွေ့ဆုံမှု အမြင်ဖလှယ်မှု ပူးတွဲဆောင်ရွက်မှု စသော မဟာမိတ်၏ရေးရာကိစ္စ ဆောင်ရွက်ချက်များ ပိတ်ပင်ခြင်း ခံခဲ့ရသည်။

    သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးကို ၁၉၉၄ မှ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချခဲ့သည်။ ကုလသမဂ္ဂမှ ကိုယ်စားလှယ်များစု စေလွှတ်ခဲ့သည်။ ဥရောပမှလည်း အထူးသံတမန်များစွာ စေလွှတ်ခဲ့သည်။ ယခုတွင်လည်း အမေရိကန်၏ သတ္တမ အထူးကိုယ်စားလှယ် ပြန်ခန့်ပြီး တာဝန်ပေးခဲ့သည်။

    လက်တွေ့တွင်မူ မြန်မာပြည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် တရုတ်၊ ဆိုဗီယက်၊ အိန္ဒိယ၊ စင်ကာပူ စသော စက်မှုနိုင်ငံကြီးများနှင့် အရှေ့တောင်အာရှအသင်းက ကန့်ကွက်မှုကြောင့်၄င်း၊ မြန်မာပြည် ပြည်တွင်းပြဿနာသည် လစ်ဗျား၊ အီရတ်၊ အာဖကန်နစ္စတန် စသောနိုင်ငံကဲ့သို့ အကြမ်းဖက်သမားများ အခြေစိုက်သော နိုင်ငံမဟုတ်သောကြောင့်၄င်း၊ ဒေါ်စုနှင့် ပြည်တွင်းခေါင်းဆောင်များက သည်းခံနိုင်သမျှ သည်းခံပြီး ခွင့်လွှတ်မှု ကြေအေးမှုနှင့် အမျိုးသားရင်ကြားစေ့ရေးကို အလေးပေးမှုကြောင့်၄င်း စသော အခြေခံ ပကတိရုပ်များကြောင်း ပြည်ပဖိအားပေးမှု သံတမန်တိုက်ပွဲသည် “စကား” မျှသာ ပြောဆို ရေးသားဆော်သြပြီး လက်တွေ့တွင် မဆောင်ရွက်နိုင်ခဲ့ချေ။

    တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်ရင်းသား တော်လှန်ရေးခေါင်းဆောင်များသည် နိုင်ငံတကာသံတမန်အရေး၏ အားနည်းချက်နှင့် အားသာချက်ကို ပြန်လည်စမ်းသပ်ရန် အရေးကြီးသည်။ တိုင်းရင်းသားတို့၏ သွေးစည်းမှုနှင့် အခြေခံကျသော ပြည်တွင်းအင်အား တောင့်တင်းမှု၊ တိုင်းရင်းသား တပ်မတော် တောင့်တင်းမှုနှင့် တိုင်းရင်းသားတို့၏ မဟာမိတ်အဖွဲ့ချုပ် နိုင်ငံရေးလမ်းစဉ် ပြတ်သားမှုသည် သံတမန်ရေးရာ တိုက်ပွဲထက် အရေးပါသည်။ သံတမန်ရေးရာတိုက်ပွဲသည် စီးပွားရေးနှင့် နယ်မြေလုကိစ္စတွင် အောင်မြင်ဖွယ်ရှိသည်။ အရှေ့တီမောနိုင်ငံတွင် သြသတေးလျ တပ်မတော်က ဦးဆောင်ပြီး တိုက်ပွဲဆင်မှုကြောင့် လွတ်လပ်ရေး ရခဲ့သည်။ မြန်မာပြည်တွင် တိုင်းရင်းသားပြည်နယ် ပေါ်ထွန်းရေးနှင့် လက်တွေ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်မှသည် တိုင်းရင်းသားတို့၏ တပ်မတော်အင်အားနှင့် ပြည်တွင်းလူထုအင်အားက နိုင်ငံတကာဖိအားပေးမှုအတွက် သော့ချက်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts