spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းဝင်းကမွန်ရွာနေ (၇) နှစ်ပြည့် မွန်ခလေးငယ်များ ထိုင်းနိုင်ငံသားဖြစ်ခွင့် ရကြတော့မည်

    ဝင်းကမွန်ရွာနေ (၇) နှစ်ပြည့် မွန်ခလေးငယ်များ ထိုင်းနိုင်ငံသားဖြစ်ခွင့် ရကြတော့မည်

    -

    မိလယီထော-နိုင်ငံတွင်းမွေးဖွားခဲ့သူ အသက်(၇) နှစ်ပြည့်သူ ကလေးငယ်များအတွက် ထိုင်းနိုင်ငံသားအဖြစ် တရားဝင်မှတ်ပုံတင်ပြုလုပ်နေပြီဟု ထိုင်းသတင်းဌာနများမှရေးသားဖေါ်ပြပြီး စံခလပူရီမြို့နယ်တဝိုက်နှင့် ဝင်းကမွန်ရွာနေ မွန်ခလေးငယ်များ ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခံရတော့မည် ဖြစ်သည်။

    ၇ နှစ်ပြည့်မှတ်ပုံတင်ရရှိပြီးသူ ထိုင်းကျောင်းသူတစ်ဦး(ဓါတ်ပုံ-ထိုင်းအင်တာနက်)
    ၇ နှစ်ပြည့်မှတ်ပုံတင်ရရှိပြီးသူ ထိုင်းကျောင်းသူတစ်ဦး(ဓါတ်ပုံ-ထိုင်းအင်တာနက်)

    ယခုနှစ် ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံဥပဒေသစ်အရ အသက် (၇) နှစ်ပြည့် ခလေးငယ်များအား နိုင်ငံသားမှတ်ပုံတင်လက်မှတ် စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ဝင်းကရွာမှ ကျောင်းဆရာမ စုကန်ယာ စပ်ထရာဂွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

    “ခလေးတွေကို အခုလို မှတ်ပုံတင်နိုင်ငံသားကဒ် ထုတ်ပေးတာကတော့ နိုင်ငံသားတယောက်ဖြစ်ခွင့်ကို တရားဝင်လမ်းကြောင်းကနေ လွယ်လွယ်နဲ့ ရတာပေါ့၊ ဒါပေမယ့် ဒါကို အခွင့်ကောင်းယူပြီး လူစားထိုးရောင်းစားနိုင်တဲ့အခွင့်အလမ်းတွေလည်း ရှိနေသေးတယ်” ဟု သူမ ဆက်ပြောသည်။

    အဆိုပါ မှတ်ပုံတင်နိုင်ငံသားကဒ် ရရှိသူများသည် ထိုင်းနိုင်ငံသားအဖြစ် တရားဝင်သတ်မှတ်ခြင်း မခံခဲ့ကြရသည့် ဧည့်နိုင်ငံသား၊ အစိမ်းရောင်ကဒ်၊ ပန်းရောင်ကဒ်၊ လိမ္မော်ရောင်ကဒ် ကိုင်ဆောင်သူမိသားစုများနှင့်လည်း အကြုံးဝင်သည်ဟု သိရသည်။

    “ကျနော်တို့ဝင်းကရွာကတော့ လာမယ့်သြဂုတ်လကျမှ အဲဒီမှတ်ပုံတင်ကိုလုပ်ပေးမယ်လို့ ယူဆပါတယ်၊ စာသင်ကျောင်းကျောင်းတွေမှာပဲ တိုက်ရိုက်လာရောက်ပြုလုပ်ပေးပါလိမ့်မယ်” ဟု ဝင်းကမွန်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်စိန်အောင်မင်း ပြောသည်။

    ဝင်းကရွာသည် ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့၏ တဖက်ကမ်းတွင် တည်ရှိပြီး စံခလယ်ချောင်းကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံ၏အရှည်ဆုံး သစ်သားတံတားဖြင့်ဆက်သွယ်ထားသည်။ ထိုမွန်ရွာကို လွန်ခဲ့သည့် နှစ်ပေါင်း (၅၅) နှစ်ကျော်က မွန်ဆရာတော်ဘုရားမဟာထေရ် ဥတ္တမ တည်ထောင်ခဲ့သောရွာဖြစ်သည်။ တရားဝင်စာရင်းအရ ထိုရွာတွင် အိမ်ခြေ (၁၅၀၀) ကျော်ရှိပြီး လူဦးရေ တစ်သောင်းကျော်ရှိရာ အများအားဖြင့် မြန်မာနိုင်ငံမှ လာရောက်ကြသည့် မွန်တိုင်းရင်းသား အမျိုးနွယ်များဖြစ်သည်။ နှစ်ပေါင်းများစွာ နေထိုင်လာသည့်အတွက် မွန်လူမျိုးများအား ထိုင်းနိုင်ငံသားအဖြစ် လက်ခံအသိအမှတ်ပြုပြီး ဖြစ်သည်။

    အဆိုပါ ၇ နှစ်ပြည့်မှတ်ပုံများကို ရုံးချိန်များတွင်၄င်း၊ ရုံးပိတ်ရက်နံနက် ၈ နာရီမှမွန်းလွဲ ၃ နာရီကြားတွင်၄င်း အချို့ခရိုင်များတွင်စတင်ပြုလုပ်နေပြီဟု သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့မှ စက်တာဘာလ ၃၀ အတွင်းပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရအင်တာနက် စာမျက်နှာများတွင် ရေးသား ဖေါ်ပြထားသည်။

     

     

     

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts