spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဒေသခံတို့၏ရာဘာခြံများကို တပ်မြေအဖြစ်သိမ်းယူရန်စီစဉ်နေ

    ဒေသခံတို့၏ရာဘာခြံများကို တပ်မြေအဖြစ်သိမ်းယူရန်စီစဉ်နေ

    -

    မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပေါ် ဘုရားသုံးဆူလမ်းခွဲတဝိုက်ရှိ ဒေသခံတို့၏ရာဘာခြံများကို တပ်မြေအဖြစ်သိမ်းယူရန် စီစဉ်နေသည်ဟု ခြံပိုင်ရှင်များထံမှသိရသည်။

    သက်ဆိုင်ရာမြေစာရင်းဌာနမှ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌ ပဏာမတိုင်းတာမှုများပြုလုပ်ခဲ့သည်ဟု ခြံပိုင်ရှင်များပြောသည်။

    “သက်ဆိုင်ရာက ဘာလုပ်မယ်လို့မပြောဘူး၊ သတင်းပြန့်နေတာက ဒီနေရာကိုစစ်တပ်လာထိုင်မယ်လို့ ပြောနေကြတယ်၊ ဒီခြံတွေကို ရောင်းတဲ့လူရှိတယ် ဒါပေမယ့် ဝယ်သူမရှိတော့ဘူး” ဟု ခြံပိုင်ရှင် နိုင်မြင့် (အမည်ရင်းမဟုတ်) က ပြောသည်။

    ခြံမြေသိမ်းမည့်နေရာတွင်မြန်မာစစ်တပ်ရှေ့တန်းလုံခြုံရေးကင်းတဲ
    ခြံမြေသိမ်းမည့်နေရာတွင်မြန်မာစစ်တပ်ရှေ့တန်းလုံခြုံရေးကင်းတဲ

    အဆိုပါ မြေတိုင်းတိုင်းထွာမှုများနှင့် ပတ်သက်၍ မွန်သတင်းအေဂျင်စီမှ သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံးသို့ မေးမြန်းရာ ၄င်းတို့မှ တစုံတရာ ရှင်းလင်းပြောဆိုခြင်း မပြုနိုင်ကြောင်း တယ်လီဖုန်းမှ ငြင်းပယ်ပြောဆိုခဲ့သည်။

    အဆိုပါ တပ်မြေအဖြစ် သိမ်းပိုက်မည့်မြေဧရိယာမှာ ခြံ ၆၀၀ ဧကကျော်ရှိလိမ့်မည်ဟု သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထိုရော်ဘာခြံများကို သံဖြူဇရပ်မြို့ နှင့် မြို့အနီးတဝိုက် ကျေးရွာများမှ မွန်အမျိုးသားများ သွားရောက်လုပ်ကိုင်လျှက်ရှိသည်။

    “ကားလမ်းမကြီးတလျှောက် ရာဘာပင်တစ်ပင် လက်ရှိပေါက်စျေးက ကျပ်ငါးသောင်းနီးပါး ရှိနေတယ်၊ အတွင်းပိုင်း ခေါင်နေတဲ့ခြံတွေကျတော့ ရာဘာပင်တစ်ပင်ကို အနည်းဆုံး ကျပ်တစ်သောင်းနှုန်းရှိတယ်” ဟု ရာဘာခြံပိုင်ရှင် နိုင်အေးမောင် (အမည်ရင်းမဟုတ်) က ပြောသည်။

    မွန်ပြည်နယ်တွင် ရာဘာခြံ စျေးအမြင့်ဆုံးမှာ သံဖြူဇရပ်မြို့နယ်ဟု သိရပြီး ရာဘာခြံစျေးကို အပင်အရေအတွက်ဖြင့် သတ်မှတ် ရောင်းချနေကြသည်။
    ပုံမှန်အားဖြင့် တစ်ဧကတွင် ရာဘာ ၂၂၀ ပင်အကွက်ချ၍ စိုက်ပျိုးလေ့ရှိသည်ဟု အငြိမ်းစားမြို့နယ်ခြံစိုက်မန်နေဂျာတစ်ဦးက ပြောသည်။

    ယခု လက်ရှိမြေသိမ်းမည့်နေရာတွင် မည်သည့်တပ်ချမည်ကို အတိ်အကျမသိရသော်လည်း အမြောက်တပ် (သို့ မဟုတ်) လေကြောင်းရန်ကာကွယ်ရေးတပ် (သို့ မဟုတ်) တပ်မဌာနချူပ်ရုံး တခုခုတည်ဆောက်ရန် ရည်ရွယ်ထားရှိသည် တပ်နှင့်နီးစပ်သူတို့ က ပြောသည်။

    လက်ရှိ နယ်မြေခံမြန်မာစစ်တပ်မှ ရှေ့တန်း လုံခြုံရေးကင်းတဲအချို့ ပြုလုပ်ထားလျှက်ရှိရာ သံဖြူဇရပ်-ရေးကားလမ်းမပေါ်တွင် လှုံခြုံရေးယူထားပြီး ကားလမ်းတလျှောက်တွင် တပ်များချထားသည်။ (ဓါတ်ပုံ)

    ယခုခြံမြေသိမ်းပိုက်မှုများကိစ္စအား မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ အနီးကပ်စောင့်ကြည့်နေသည်ဟု သိရသည်။ ယခင်က ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် ဆယ်နှစ်တာကာလတွင် မွန်ပြည်နယ်တွင် မြေဧကပေါင်း (၁၂၀၀၀) ဧက ကျော် သိမ်းဆည်းထားသည်ဟု မွန်ပြည်လူ့ အခွင့်အရေးဖောင်ဒေးရှင်း အစီရင်ခံစာများအရ သိရသည်။

    အထူးသဖြင့် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ အပစ်ရပ်စဲသည့်ကာလများ၌ ရေးမြို့နယ်တဝိုက်တွင် ဥယျာဉ်ခြံမြေဧက ထောင်ပေါင်းများစွာ မြန်မာစစ်တပ်မှ တပ်ပိုင်မြေအဖြစ် သိမ်းယူပြီး တပ်ရင်း ၁၀ ရင်းထက်မနည်း ထပ်မံတိုးချလာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင်လည်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဇေကမ္ဘာကမ္မဏီမှ ကျိုက်မရောမြို့နယ်တွင် မြေယာများသိမ်းဆည်းရာ ဒေသခံ လယ်သမားများနှင့် ပြဿနာတက်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts