spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်း၁၀ မိနစ်ကြာမွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး

    ၁၀ မိနစ်ကြာမွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး

    -

    မင်းသုတ ယမန်နေ့တွင် မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော မွန်ပြည်နယ် လွှတ်တော်အထူးအစည်းအဝေး (/၂၀၁၁) ပထမနေ့မှာအချိန် ၁၀ မိနစ်ကြာသာကြာမြင့်ကြောင်း ယနေ့ထုတ်အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြသည်။

    ယင်းအထူးအစည်းအဝေးတွင် အခြားပြည်နယ်လွှတ်တော်အစည်းအဝေးကဲ့သို့ အလားတူ ပြည်နယ်ဝန်ကြီးဌာနများ ပြင်ဆင်ပြောင်းလဲရန်ဖြစ်ကြောင်း သိရသည်။

     

    အစိုးရသတင်းစာပါ မွန်ပြည်နယ်လွှတ်တော်သတင်းဖေါ်ပြချက်

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်းက “လွှတ်တော်မှာဘာတွေပြောဆိုကြတာကို ကျနော်တို့ပါတီကဝန်ကြီးတွေအနေနဲ့ ကျနော်တို့ကို ပြောဆိုပိုင်ခွင့်မရှိပါဘူး၊ ကျနော့်အနေနဲ့လည်း ကျနော့်ပါတီက ပြည်နယ်ဝန်ကြီးတွေ ဘာလုပ်နေကြတယ်ဆိုတာကိုလည်း မသိရပါဘူး” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်ဖြစ်ကြသော ယခင်မွန်ပြည်နယ်လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမင်းနွယ်စိုးအား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ မွန်ပြည်နယ်စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီးနိုင်လဝီအောင် (နိုင်မြင့်ဆွေ) အား လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ်သို့ ပြောင်းလဲလိုက်ကြောင်း မွန်ဝန်ကြီးများအသိုင်းအဝိုင်းမှသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။  

    အဆိုပါမွန်ဝန်ကြီးနှစ်ဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ကိုင်ဖုန်းများပိတ်ထားကြသဖြင့် အဆက်အသွယ်မရခဲ့ပေ။

    ယမန်နေ့လွှတ်တော်အထူးအစည်းအဝေးမှ ပြောင်းလဲဖွဲ့စည်းလိုက်သော မွန်ပြည်နယ် ဝန်ကြီးဌာနသစ်များမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် လူမှုရေးဝန်ကြီးဌာန စသည်ဖြင့် ဝန်ကြီးဌာန () ဌာနရှိကြောင်း အစိုးရသတင်းစာရေးသားဖေါ်ပြချက်အရ သိရသည်။

    ရက်ပေါင်း ၉၈ ရက်သက်တန်းရှိ ယခင်မွန်ပြည်နယ်ဝန်ကြီးဌာနနှင့်ဝန်ကြီးများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်၊ စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်၊ စက်မှုဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်၊ သစ်တောဝန်ကြီး ဦးဝင်းမော်ဦး၊ သာသနာရေးနှင့် အလုပ်သမားဝန်ကြီး ဦးထွန်းလှိုင်၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီး နိုင်လဝီအောင်၊ လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒေါက်တာမင်းနွယ်စိုးတို့ ဖြစ်ကြသည်။

    ယနေ့တွင်လည်း ဒုတိယနေ့လွှတ်တော်အစည်းအဝေးဆက်လက်ကျင်းပနေသည်ဟု အဆိုပါမွန်ဝန်ကြီးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲမှဖြစ်ပေါ်လာသော အဆိုပါမွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မွန်ပြည်နယ်လွှတ်တော်၌ လွန်ခဲ့သောမတ်လ ၃၀ ရက်နေ့တွင် ကျမ်းကျိန်ကတိသစ္စာပြုခဲ့ကြပြီးနှစ်ရက်အကြာ ဧပြီလ၁ ရက်နေ့မှစတင်၍ လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့ကြကြောင်း သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts