မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / လစာတိုးရန် ဘုရားသုံးဆူဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆို

လစာတိုးရန် ဘုရားသုံးဆူဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆို

ရေးသားသူ:

ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူရွာ (ထိုင်းနိုင်ငံ) တွင် ဖိနပ်စက်ရုံအလုပ်သမား ၂၀၀၀ ကျော်ခန့် လုပ်အားခတိုးမြှင့်ပေးရန် ယနေ့မွန်းလွဲပိုင်း ထိုင်းစံတော်ချိန် ၂ နာရီခန့်၌ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

“အလုပ်သမားတွေက အခုကုန်စျေးနှုန်းတွေတက်နေတဲ့အတွက် တစ်နေ့ဘတ် ၂၀ တိုးပေးဖို့ အလုပ်ရှင်ကိုပြောတာ ဘတ် ၁၀ ပဲတိုးပေးမယ်၊ မပြေလည်ဘူး၊ စက်ရုံကို ၂ ရက်ပိတ်မယ်လို့ အလုပ်ရှင်ဖက်က ပြောတယ်” ဟု ကြားဝင်ဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ မှ တက္ကဆီသမားများ
ဘုရားသုံးဆူမြို့ မှ တက္ကဆီသမားများ

အဆိုပါဆန္ဒပြဖိနပ်စက်ရုံအလုပ်သမားများ ၂၀၀၀ ကျော်ခန့်မှာ Basani ဖိနပ်စက်ရုံကြီး၏အလုပ်ရှင်ထံ အဓိကတောင်းဆိုခြင်းဖြစ်ပြီး အခြားဖိနပ်စက်ရုံ ၃ ရုံမှအလုပ်သမားများလည်း သက်ဆိုင်ရာအလုပ်ရှင်များထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်မှုအလိုက် အလုပ်သမားတစ်ဦး တနေ့လျှင် အလုပ်ချိန်ပုံမှန် ၁၀ နာရီအတွက် အလုပ်လုပ်ခ ဘတ် ၇၀ မှ ၁၁၅ အထိသာ ရရှိကြပြီး အချိန်ပိုအလုပ်လုပ်ခမှာ နာရီအလိုက် ၂ ဆခန့်ရရှိသည်။

“အခုကုန်စျေးနှုန်းနဲ့ဆို စားမလောက်တော့ဘူး၊ တန်းလျားငှားခ၊ နေ့စဉ်နယ်ခြားဂိတ်ဖြတ်ရင် မြန်မာနယ်စပ်ဖွံ့ဖြိုးရေးအဖွဲ့ကို တယောက် ၅ ဘတ်ပေးနေရ၊ ကြိုပို့ကားချိန်နဲ့မတိုက်ဆိုင်ရင် တက္ကစီဆိုင်ကယ်ငှားစီ ၁၀ ဘတ်၊ ဟိုစရိတ်ဒီစရိတ်နဲ့ မလောက်ငှကြတော့လို့ ကျမတို့ လုပ်အားခတိုးပေးဖို့ တောင်းဆိုတာဖြစ်တယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မစိုးစိုးက ပြောသည်။

ဖိနပ်ရုံမှ အလုပ်သမားများ ဆန္ဒပြတောင်းဆိုခဲ့သည့်အတွက် အလုပ်ရှင်များက ယနေ့မှစတင်ပြီး ၎င်းအလုပ်ရုံကို ၂ ရက်အတွင်း ပိတ်သွားမည်ဖြစ်ကြောင်း ကျန်ရှိနေသည့် အလုပ်ရုံများလည်း ပိတ်သွားခဲ့သည်ဟု သူမက ပြောသည်။

ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာတွင် ဖိနပ်စက်ရုံနှင့် အထည်ချုပ်စက်ရုံအပါအဝင် အလုပ်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံ၊ ဘုရားသုံးဆူရွာ အလုပ်ရုံများသို့ နေ့စဉ်သွားရောက်လုပ်ကိုင်နေသူ မြန်မာနေ့စားအလုပ်သမား ၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

စစ်မှန်သောနိုင်ငံရေးတည်ဆောက်ရန် အားလုံးပါဝင်ရေး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား

စစ်မှန်သော နိုင်ငံရေးတည်ဆောက်ရန်အတွက် အားလုံးပါဝင်ကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ Peace Process Steering Team-PPST ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး …

5 comments

  1. ဓာတ်ပုံမရှိရင်တော့ မထည့်တာပိုကောင်းပါတယ် လို ့အကြံပြုပါရစေ

  2. မောင်လော(သုံးဆူ)

    လက်ရှိကုန်စျေးနှုန်းမှာမြင့်ပြီး..လုပ်အားခငွေမှာ..နည်းလွန်းလှပါသည်။စက်ရုံအလုပ်သမားတွေငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုတာမှန်ကန်ပါသည်..ဘုရားသုံးဆူကပြည်သူလူထုတွေအားလုံး..အလုပ်သမားတွေဘက်မှာရပ်တည်ပေး
    ကြမှာပါ။

  3. မှန်လားမှားလား ဒို့မသိပါ ဖိနပ်စက်ရုံမရှိရင်သုံးဆူမြို့လဲ လူကောရှိပါအုံးမလား ????????

  4. မောင်လော(သုံးဆူ)

    နယ်စပ်ဖွံ ့ဖြိုးရေးကဖြတ်စားထားတာတစ်မြို ့လုံးသိတယ်…

  5. မောင်လော(သုံးဆူ)

    နယ်စပ်ဖွံ ့ဖြိ ုးရေးအသင်းက..စက်ရုံလူကြီးတွေကတဆင့်..အကွက်ရိုက်.ကိုယ်ကျိုးရှာစားထားတာတစ်မြို ့လုံးသိတယ်

%d bloggers like this: