spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအခမဲ့ ပညာရေးစနစ်ဟု ဆိုသော်လည်း ကျောင်းဝင်ကြေး ပေးနေရဆဲ

    အခမဲ့ ပညာရေးစနစ်ဟု ဆိုသော်လည်း ကျောင်းဝင်ကြေး ပေးနေရဆဲ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – အစိုးရသတင်းစာများက အခမဲ့ မူလတန်း ပညာရေးစနစ်ဟု ဆိုသော်လည်း မူလတန်း ကျောင်းများ၌ ကျောင်းဝင်ကြေး အပါအဝင် ဗလာစာအုပ်ကြေးများ ကောက်ခံလျက် ရှိကြောင်း မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ ကျောင်းသားမိဘများက ပြောသည်။

    မူလတန်း ကျောင်းသားတဦးအတွက် အနည်းဆုံး ၃၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိ ပေးဆောင်ကြရပြီး မြို့နယ်အလိုက် ကျောင်းအလိုက် ကောက်ခံမှု အနည်းငယ် ခြားနားကြသည်။

    မုဒုံမြို့နယ်တွင် သူငယ်တန်း ကျောင်းသားတဦး ၃၅၀၀ ကျပ်မှ စတုတ္ထတန်း ၈၅၀၀ ကျပ်၊ သံဖြူဇရပ်မြို့နယ်တွင် သူငယ်တန်း ၄၅၀၀ ကျပ်မှ စတုတ္ထတန်း ၆၅၀၀ ကျပ်၊ ရေးမြို့နယ်တွင် သူငယ်တန်း ၃၀၀၀ ကျပ်မှ စတုတ္ထတန်း ၆၂၀၀ ကျပ် အသီးသီး ပေးဆောင်ကြရသည်။

    “ငွေကြေး တတ်နိုင်သူတွေကတော့ အဲလောက်ပိုက်ဆံက မများပေမဲ့ တနေ့လုပ် တနေ့စား သူတွေအတွက်တော့ ကလေးတွေကို ကျောင်းထားနိုင်ဖို့ ခက်တယ်၊ တချို့က တတန်း နှစ်တန်း ထားပြီးရင် ထုတ်လိုက်ကြတာပဲ၊ စားဖို့ အနိုင်နိုင်ဆိုတော့ ပညာရေးက နောက်မှပေါ့” ဟု မုဒုံမြို့နယ်မှ ကျောင်းသားမိခင် ဒေါ်အေးက ပြောသည်။

    ဓာတ်ပုံ - Eleven Media Group
    ဓာတ်ပုံ - Eleven Media Group

    မေလ ၂၆ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွင် အခမဲ့ မူလတန်း ပညာရေးစနစ်မှ မသင်မနေရ မူလတန်း ပညာရေးစနစ်သို့ တက်လှမ်းနိုင်ရန်အတွက် ၂၀၁၁ -၂၀၁၂ ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော်အတွက် နိုင်ငံတော်မှ ငွေကျပ် သန်း (၂၄၀၀) တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေးက ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံဆိုင်ရာ ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဒေါက်တာသိန်းလွင်ကမူ ကျောင်းသုံးစာအုပ် အခမဲ့ ဖြန့်ဝေခြင်းမျှဖြင့် အခမဲ့ မူလတန်း ပညာရေးစနစ်ဟု မခေါ်ဆိုနိုင်သေးကြောင်း ပြောသည်။

    “မသင်မနေရ ပညာရေး သတ်မှတ်တယ်ဆိုရင် အခမဲ့ လုပ်ရတယ်၊ ကျောင်းအပ်ခ ပေးစရာ မလိုဘူး၊ ခလေးတွေ သွားရေး လာရေး ကျန်းမာရေး အားလုံး အစိုးရက တာဝန်ယူပေးရတယ်၊ နောက် မိဘကိုလည်း ထောက်ပ့ံပေးရတယ်၊ လုံလောက်တဲ့ အဆောက်အဦး လုံလောက်တဲ့ ဆရာ အစိုးရကနေ အားလုံး လုပ်ပေးရတယ်” ဟု သူက ပြောသည်။

    မြန်မာနိုင်ငံတွင် လွတ်လပ်ရေးစရ ၁၉၄၈ ခုနှစ်မှ စ၌ မသင်မနေရ ပညာရေးစနစ် သတ်မှတ်ခဲ့သော်လည်း ပညာရေး အသုံးစရိတ် နည်းပါးခြင်းကြောင့် ယနေ့တိုင် မအောင်နိုင်သေးကြောင်း ဒေါက်တာသိန်းလွင်က ပြောသည်။

    ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းပေါင်း ၃၃၇၄၇ ကျောင်း ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ၄ဝ၈၇၆ ကျောင်း ရှိလာပြီး ကျောင်းသူ ကျောင်းသား ၈ သန်းကျော် ပညာသင်ကြားလျက် ရှိသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts