မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ရာဘာခြံ စျေးကောင်းနေ

ရာဘာခြံ စျေးကောင်းနေ

ရေးသားသူ:

ရိုင်မရော့ – ရာဘာကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေသည့် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရာဘာခြံများ အဆမတန် စျေးကောင်းရရှိနေသည်။ ရာဘာခြံပေါက်စျေးကို အပင်နှင့် ရေတွက်ပြီး ရောင်းဝယ်ကြသည်။

မွန်ပြည်နယ်ရှိ ရာဘာခြံ တစ်ခြံ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
မွန်ပြည်နယ်ရှိ ရာဘာခြံ တစ်ခြံ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

“ရာဘာခြံစျေးက မနှစ်ကထက် ဒီနှစ်က ပိုစျေးကြီးသွားတယ်၊ ဝယ်တဲ့လူတွေကလည်းများတယ်၊ ရောင်းဖို့မခေါ်နဲ့ မေးတဲ့လူကရောက်လာရောပဲ စျေးဘယ်လောက်နဲ့ ရောင်းမလဲဆိုတာထက် ခြံကို ရောင်းမရောင်း အရင်မေးကြတယ်” ဟု မိအေးက ပြောသည်။ ကားလမ်းဘေးရှိ ၃ နှစ်စိုက်ထားသည့် ရာဘာ ၃၀၀ ပင်ရှိ ခြံတစ်ကွက်ကို ကျပ်သိန်း ၁၃၀ ဖြင့် ရောင်းသည်။

၃ နှစ်စိုက်ပျိုးထားသည့် ရွာများနှင့်နီးသည့်ရာဘာခြံတွင် ရာဘာတစ်ပင်ကို ၆ သောင်းကျပ်နှင့် အစေးထုတ်နိုင်သည့်ရာဘာတစ်ပင်မှာ ကျပ် တစ်သိန်းထိ ဝယ်ယူနေကြသည်။ ရွာနှင့်ဝေးသည့်နေရာတွင် ၄င်းစျေးထက် အနည်းငယ်လျော့ကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် မိအေးက ပြောသည်။ “စျေးဘယ်လောက်ကြီးကြီး ဝယ်တာပဲ၊ ခြံဝယ်မယ်ဆိုရင် စျေးကြီးတာ မှန်တယ် ဒါပေမယ့် တနေ့ကျရင် အကျိုးခံစားရမယ် ရှုံးဖို့မရှိဘူး။ ခုဆို ရာဘာခြံခေတ်တောင် ဖြစ်နေသလိုပဲ အိမ်တိုင်း လူတိုင်းက ရာဘာခြံရှိကြတယ်” ဟု မကြာခင်ကမှ ကျပ် သိန်း ၁၆၀ တန်ရာဘာခြံ ဝယ်ထားသည့် အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ရာဘာစျေး ကောင်းလာခြင်း၊ ပြည်ပနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူတို့မှ ပေးပို့သည့် ငွေပမာဏ များလာနေပြီး ၄င်းငွေများကို ထားသိုနိုင်သည့် ယုံကြည်စိတ်ချရသည့်နေရာမရှိကြောင်း မိအေးက ပြောသည်။

ငွေကြေးများပြားလာသည့် မွန်ပြည်သူတွေအတွက် ငွေကို ထားသိုနိုင်သည့် ဘဏ်လို နေရာမျိုး ထားသိုခြင်းမရှိခြင်းနှင့် ဒေသခံတွေကလည်း ဘဏ်မှာ ငွေထားဖို့အပေါ် ယုံကြည်မှုမရှိခြင်းကြောင်း စုဆောင်းလုပ်ရသမျှငွေတွေကို ခြံမြေဝယ်ကြသည်။

“အခုလို ရာဘာခြံစျေး အဆမတန်တက် တက်လာနေတာဟာ ထိုင်းက ပို့တဲ့ငွေ များလာတာဖြစ်တယ်၊ လူတွေက ငွေရတာနဲ့ ရာဘာခြံကိုပဲ ဝယ်ကြတယ်၊ ဘာလို့လဲဆိုတော့ ရာဘာခြံက ရေရှည်လုပ်စားလို့ရတယ် စျေးကြီးဝယ်ထားရပေမယ့် ရေရှည် အကျိုးခံစားရတယ်” ဟု မိအေးက ဆက်ပြောသည်။

မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့သည် ရာဘာခြံစျေး အမြင့်ဆုံးဒေသဖြစ်ပြီး ရာဘာခြံမြေ စျေးနည်းသည့် သထုံ၊ ကျိုက်မရောသို့ သွားရောက် တိုးချဲ့စိုက်ပျိုးသူများလည်း ရှိသည်။

မွန်ပြည်နယ်သည် ရာဘာအများဆုံးစိုက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး၊ အများစုမှာ ရာဘာခြံစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။

၂၀၁၀ ခုနှစ်စာရင်းအရ မွန်ပြည်နယ် ရာဘာခြံစိုက်ပျိုးဧက ၄ သိန်းခွဲကျော်ရှိပြီး၊ အစေးထုတ်နိုင်သည့် ဧက ၂ သိန်း ၇ သောင်းကျော်ရှိသည်ဟု မုဒုံမြို့နယ် မြန်မာ့နှစ်ရှည်ပင် မန်နေဂျာရုံးက ပြောသည်။ အများဆုံးစိုက်သည့် သံဖြူဇရပ်မြို့နယ်၌ ၄ သောင်း ၆ ထောင်ဧကကျော်ရှိပြီး ဒုတိယအများဆုံးမှာ ဧက သုံးသောင်းကျော်စိုက်သည့် မုဒုံမြို့နယ် ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာကို ရာဘာအများဆုံးဝယ်သည့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး၊ စင်ကာပူနိုင်ငံ ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်ဟု ပြည်တွင်းထုတ် (weekly-eleven) ဂျာနယ်မှာ ဖော်ပြထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

နိုင်လှုံ-လက်တက်ကျေးရွာအုပ်ချုပ်ရေးမှူးကိစ္စတိုင်ကြားသူများအား စတင်စစ်ဆေး

မုဒုံမြို့နယ် နိုင်လှုံ-လက်တက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအား တာဝန်မှ ရပ်နားပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူတိုင်ကြားသူများအနက် (၁၀) ဦး ကို မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇူလိုင်လ ၂၄ …

2 comments

  1. Yes,very glad to hear that the people from *Mon* state,are buying and keeping as inmovable properties,have become an investment,by buying the rubber plantation.The money in that area is not save to keep the currencies,in the banks,so true. How to trust,the policies of Burma,changing every time ? It is a good idea,for those people,from that area.
    But,as for me,our family,was owned many rubber plantation in Tavoy(Dawei) and Mergui(Myeik).One of our farm in Tavoy has 1000 acre, with 333 workers, and we did that business for last 100 years,by ours ancestors. In round about 1970 (Ne Win’s Socialist Time),the Government authorities have encourage the Labours,who are villagers from that area,,not to do business with the owners,they admired and persuade them to take away all the rubbers. We, the owners side invest every thing,but, the labours gets 50% of the products,they worked,how fair is that? So,after all,the villagers from Tavoy(Thabyechaung and Zalun)area, cutting down the rubber trees,(Their ancestors,have survived by decades from our Rubber Plantation,but,because of that time Socialist propergandas and encouragements,we,have lost, all our 1000 acre,there, and many area in Myeit were lost by the authorities and their workers of that time, What I have mean is * These Dictators,with dirty minded,Government has played over the villagers ,who are also rubber plantation workers to become like robbers.Our ancestors have invest for long time business for us,but, we have lost everything,and become poor,because of the bad Government encouragement and propargandas.How dangerous is these * Military Governments and their followers,who have wicked minded,upon the clean and sincere business men. This is the true story that we have suffered. The whole town of Tavoy, who we were, using the firewoods ,were ,from our rubber trees,at that time. The white gold turns into smoke ,because of the bad policy.

  2. Yes,it is very good to hear that the people from *Mon State,are now buying with their money,to invest in rubber plantation.The policy of Burma,situation, is not secure,to keep their money,in the bank.Because,the rules are changing every time. Concerning about Rubber,my memories have lingered back to 1970,Ne Win’s Military, Myanmar ways to Democracy,that effects the whole country,turns into poverty,starting from that time, till now. Our ancestors(Great grand father),have doing their business in rubber plantation,at that time,we had many rubber plantation,as our relative main business,in Tavoy(Dawei),and Mergui(Myeik).In earlies ’70s,we did that business,by owners have to invest all including farms and all their needfuls materials,and workers have to work,and get 50% from the products they have worked.how fair is that system. But,due to the propagandas and encouragements from Government Authorities,the villagers who are also workers from that area,start to become mutiny,to the owners,by taking away all the rubbers their got,in the factory.After,that,they cut down the rubber trees,and turns into firewood,nearly the whole town of Tavoy,were usin the rubber trees,that wethe owner,and the labours(also the villagers,were survived,decades by decades,even their ancestors,are by those rubber business.So, we have lost all of our rubber business,in Tavoy(Thabyechaung and Zalun)areas, and also many in Mergui,because of these bad,robbers minded,encouragements from that time Authorities.Finally,we,the owners (all the relatives)becomes poor,by those wicked policies of the government. Now,also the Information Minstry, and Dawei (Kha-wa-ta) has intentionally took away our piece of land, in Anauk Yat and U Kyaw Yin,(Zay gyee)corner,that worth in billions of Kyats,by now. They wants to take for their own benefits,by playing,and using wrong decisions,that makes a big money, for they and their partners ,Colleagues,which we only had left. Please take a lesson of my story,which is 100% true.believe me.

%d bloggers like this: