spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်း၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်

    ၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်

    -

    ဂျူရီချိုင်း – မတ်လ ၂ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးဌာနက ကျပ် ၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်း ထပ်ချပေးခဲ့ပြီး ဝယ်ယူသူများပြားကြောင်း သိရသည်။

    ကျပ် ၅ သိန်းတန် GSM ဖုန်းနှင့် CDMA မိုဘိုင်းဖုန်းများကို ဝယ်ယူလိုပါက မြန်မာ့ဆက်သွယ်ရေးဌာနတွင် နှစ်ရက်အတွင်း ဝယ်ယူရရှိနိုင်ကြောင်း မော်လမြိုင်မြို့မှ GSM မိုဘိုင်းဖုန်း လက်ဝယ်ရရှိထားသူတဦးက ပြောသည်။

    “ဖုန်းဝယ်ချင်ရင် ဒီနေ့သွားလျှောက်ရင် မနက်ဖြန်ဆိုရပြီ။ ဝယ်သူတွေလည်း တော်တော်များတယ်” ဟု သူမက ပြောသည်။ ဝန်ဆောင်ခအဖြစ် ကျပ် ၁၀ ၀၀၀ မှ ကျပ် ၃၀ ၀၀၀ ထိ မြန်မာ့ဆက်သွယ်ရေးဌာနကို ပေးဆောင်ရသည်။

    ယခင်က တလတာ ကြိုတင်လျှောက်ထားပြီးမှ ဝယ်ယူရရှိသော်လည်း ယခုတွင် ၂ ရက်သာ ကြာကြောင်း သိရသည်။

    အင်တာနက်ကိုလည်း အသုံးပြုနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည့်အတွက် ဝယ်ယူသူများပြားသော်လည်း လတ်တလောတွင် အသုံးမပြုနိုင်သေးကြောင်း GSM မိုဘိုင်းဖုန်း အသုံးပြုသူ အထက်ပါ အမျိုးသမီးက ပြောသည်။

    ဖုန်းလျှောက်ထားလိုသူသည် နိုင်ငံသား စိစစ်ရေးကဒ်ပြား မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ နှင့်အတူ မြန်မာ့ဆက်သွယ်ရေးဌာနတွင် သွားရောက် လျှောက်ထားနိုင်သည်။

    GSM ဖုန်းများကို ၂၀၀၀  ပြည့်နှစ်မှ စတင်ချပေးခဲ့ပြီး ယနေ့အထိ ဖုန်းရေ ၅ သိန်းခန့် ချထားပေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

    ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA 450MHz ဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ နှင့် WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀ ကို ချထားပေးသည်ဟု ဆိုသည်။

    ဖေဖော်ဝါရီ လဆန်းပိုင်းတွင် အင်တာနက်၊ ဖက်၊ TV လိုင်းနှင့် ဖုန်းများကို အသုံးပြုနိုင်သည့် ၈ သိန်းတန် (SKY NET) ဖုန်းတမျိုးကို ပြည်သူများထံ မိတ်ဆက်ပေးခဲ့သည်။

    မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ဝန်းကျင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တယ်လီဖုန်း တပ်ဆင်သုံးစွဲနိုင်သူဦးရေ သုံးသန်းကျော်သာ ရှိကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဦးသိန်းဇော်က မတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်းပေါင်း ၁,၁၀၉,၃၂၃ လုံးနှင့် မိုဘိုင်းလ် တယ်လီဖုန်းပေါင်း ၂,၁၀၁,၄၂၇ လုံး စုစုပေါင်း ၃,၁၉၁,၇၅၆ လုံး ရှိသဖြင့် တနိုင်ငံလုံး၏ ၅ ဒဿမ ၄ ရာနှုန်းသာ ရှိကြောင်း သူက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts