spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းမွန်ရိုးရာ ဆို က ရေး တီး သင်တန်း မော်လမြိုင်မြို့ တွင် ဖွင့်လှစ်

    မွန်ရိုးရာ ဆို က ရေး တီး သင်တန်း မော်လမြိုင်မြို့ တွင် ဖွင့်လှစ်

    -

    မင်းတော်လ၀ီ – တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်သော မွန်ရိုးရာ ဆို က ရေး တီး သင်တန်းတရပ်ကို မော်လမြိုင်မြို့ရှိ့မွန်ဓမ္မာရုံတွင် မတ်လ ၂၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

    ထိုင်းနိုင်ငံ စံခလဘူရီမြို့မှ မွန်ရိုးရာ ဆို က ရေး တီး သင်တန်း ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ထိုင်းနိုင်ငံ စံခလဘူရီမြို့မှ မွန်ရိုးရာ ဆို က ရေး တီး သင်တန်း ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “မွန်တို့ရဲ့ အမွေအနှစ် အနုသုခုမဂီတတွေဟာ ပျောက်ကွယ်တော့မယ်၊ မပျောက်ပျက်သွားဖို့၊ဖေါ်ထုတ်ဖို့၊ထိန်းသိမ်းဖို့နဲ့ အစဉ်အမြဲ ရှင်သန်နေဖို့ ဒီသင်တန်းကို ဖွင့်ရတာပါ” ဟု သင်တန်းဖြစ်မြောက်ရေး ကော်မတီမှ မိစုစု က သင်တန်းဖွင့်ရသည့် ရည်ရွယ်ချက်ကို ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်မှ တမြို့နယ် ၂ ဦးကျ သင်တန်းသား/သူ ၂၀ ကို ရွေးချယ်ပြီး ၂ လတာ သင်ကြားပို့ချမည် ဖြစ်သည်။ သင်တန်းသား ၁၄ဦး၊ သင်တန်းသူ ၆ ဦး ပါဝင်ကြောင်း သိရသည်။

    သင်တန်းသား/သူများမှာ မွန်စာပေကို တတ်မြောက်ရမည့်အပြင် ဂီတဝါသနာအထုံနှင့် ဂီတအခြေခံ ရှိပြီးသူများ ဖြစ်ကြရပြီး သင်တန်းဆင်းပြီးပါက မိမိနှင့် သက်ဆိုင်သည့် မြို့နယ်များတွင် လက်ဆင့်ကမ်း သင်ကြားပေရမည်ဟုလည်း သိရသည်။

    “ဒီသင်တန်းမှာ ပတ္တလားကို အဓိကတူရိယာအဖြစ် သင်ပေးတယ်၊ ပတ္တလားကို အခြေခံပြီးတော့ အခြားတူရိယာကို Note (နိုင်ငံတကာ ဂီတသင်္ကေတ) နဲ့ တီးခတ်သွားနိုင်အောင် သင်ပေးတယ်” ဟု ပေါင်မြို့နယ်မှ သင်တန်းဆရာတဦးက ပြောသည်။

    မွန်ဂီတကို အစဉ်အဆက်က ဂီတသင်္ကေတဖြင့် သင်ကြားခဲ့ခြင်း မရှိပဲ သမရိုးကျနည်းစနစ်ဖြင့်သာ တတ်ကြားတတ်မြောက်လာခဲ့ကြသည်။

    “ဒီသင်တန်းမှာ Note နဲ့ သင်ခွင့်ရလို့ တတ်သွားရင် အခြား တူရိယာတွေကိုလည်း Note နဲ့ တီးခတ်သွားနိုင်တော့မယ်” ဟု မုဒုံမြိုနယ်မှ သင်တန်းသားတဦးက ပြောသည်။

    သင်တန်းဖွင့်ပွဲသို့ မွန်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းအဖွဲ့မှ ဒေါက်တာမင်းနွယ်စိုး၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ဒေါက်တာမင်းကြည်၀င်း၊ မွန်အဆိုတော် နိုင်ဇဲ့ဟန်မွန် အပါအ၀င် ဖိတ်ကြားထားသူများနှင့် သင်တန်းသား /သူ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။

    ထိုင်းနိုင်ငံ စံခလဘူရီမြို့မှ မွန်ရိုးရာ ဆို က ရေး တီး သင်တန်း ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ထိုင်းနိုင်ငံ စံခလဘူရီမြို့မှ မွန်ရိုးရာ ဆို က ရေး တီး သင်တန်း ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    အလားတူ မွန်ရိုးရာ ဆို က ရေး တီး သင်တန်းမျိုးကို ၂၀၁၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ၀ှတ်၀ိန်းမြို့နှင့် ထိုင်းနိုင်ငံ စံခပူရီမြို့တို့တွင်လည်း ဖွင့်လှစ်သင်ကြားခဲ့ပြီး ဖြစ်သည်။

    ၎င်းပြင် မွန်ရိုးရာ မိကျောင်းတူရိယာ အခြေခံ တီးခတ်နည်းသင်တန်းကို ပထမအကြိမ် ၁၉၇၈ ခုနှစ်တွင် သံဖြုဇရပ်မြို့ စက်စဲကမ်းခြေတွင်လည်းကောင်း၊ ဒုတိယအကြိမ် ၂၀၀၈ ခုနှစ်တွင် မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင်လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts