spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းCDMA ဖုန်းအရှိန်မပြယ်ခင် ဆက်သွယ်ရေး Skynet တစ်မျိုးထွက်ရှိ

    CDMA ဖုန်းအရှိန်မပြယ်ခင် ဆက်သွယ်ရေး Skynet တစ်မျိုးထွက်ရှိ

    -

    နိုင်မာန် – ပြည်တွင်းဆက်သွယ်ရေး CDMA ဖုန်း ခေတ်စားနေချိန်တွင် အင်တာနက်၊ ဖုန်းနှင့် တီဗွီလိုင်းများ အသုံးပြုနိုင်သည့် SKY NET ဆက်သွယ်ရေးနည်းသစ် ထွက်ရှိနေကြောင်း သိရသည်။SKY NET တပ်ဆင်ခြင်းကို ဖေဖော်ဝါရီလဆန်းမှစ၍ စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီး SKY NETတွင် အင်တာနက်ဆက်သွယ်ရေး၊ ဖုန်းနှင့် ရုပ်မြင်သံကြားလိုင်းမျာ အသုံးပြုနိုင်သည်။

    သံဖြူဇရပ်မြို့မှ အမျိုးသားတစ်ဦးက “skynet စတပ်ဆင်မယ်ဆိုရင် ကျပ် ၉ သိန်း နဲ့ ကုမ္ပဏီက လာတပ်ပေးတယ်”။ သံဖြူဇရပ်မြို့တွင်လည်း skynet စတင်တပ်ဆင်နေပြီးဟု ၄င်းအမျိုးသားက ဆိုပါသည်။

    SKY NET တစ်စုံကုန်ကျနှုန်းမှာ ငွေကျပ် ၈ သိန်းခန့်ရှိပြီး အင်တာနက်လိုင်းနံပါတ် (128) နှင့်အသုံးပြုဆက်သွယ်လိုပါက တစ်လကိုသွင်းငွေ ၃၅၀၀၀ ကျပ်၊ လိုင်းနံပါတ် (256) အတွက် ၄၅၀၀၀ ကျပ်၊ (512) ကို ၅၅၀၀၀ ကျပ်နှင့် (1 MB) ကို ၉၅၀၀၀ ကျပ်၊ (2 MB) ကို ၁၄၅၀၀၀ ကျပ် သွင်းရပြီး ဖုန်းလိုင်းကို မည်သို့အသုံးပြုမည်ကို အသေးစိတ် မဖော်ပြသေးပါ။

    ၄င်းကို အများအားဖြင့် မြို့ပေါ်ရှိအလုပ်သမားများက စိတ်ဝင်စားပြီ အင်တာနက်လိုင်း အသုံးပြုလျှင် မည်မျှမြန်မည်ကို လူအများအကဲခတ်နေကြသည်။ “မြို့မှာရှိတဲ့ဆိုင်တွေ (ip star) နဲ့ဆက်ထားတာတောင်မှ အတော့်ကိုနှေးတယ်၊ G talk ဖွင့်မရတဲ့အထိပဲဖြစ်နေတယ် အခုဒီ SKY NET က လိုင်းဘယ်လောက်ထိကောင်းလဲဆိုတော့ စောင့်ကြည့်ရဦးမယ်” ဟု တက္ကသိုလ်ကျောင်းသူများကို အင်တာနက်အသုံးပြုနည်း သင်တန်းပေးနေသူတစ်ဦးက ပြောသည်။

    ၎င်း SKY NET သည် အခြားအင်တာနက်လိုင်းများထက် ကုန်ကျသက်သာပြီး အကယ်၍ လိုင်းကောင်းပါက အသုံးပြုသူများပြီး ဆိုင်ဖွင့်သူများက ဖွင့်သွားမည့်အသံ များလာကြောင်း ကြားနေရသည်။ “SKY NET က လိုင်းကောင်းရင် တို့ဆိုင်လည်းဖွင့်ဖို့ရှိတယ်၊ အခုစောင့်ကြည့်နေတုန်း” ဟု သံဖြူဇရပ်မြို့ ကွန်ပျုတာဆိုင် ကြီးကြပ်သူက ပြောသည်။

    အခြာမြို့နယ်များတွင် အင်တာနက်ဆိုင် တိုးချဲ့ဖွင့်ရန် အလုပ်ရှင်များက အကဲခတ်နေကြပြီး လိုင်းကောင်းပါက မြို့ပေါ်ရှိ အင်တာနက်ဆိုင်များနှင့် ကျေးရွာကြီးအဆင့်ရှိဆိုင်များ နောက်ထပ်များလာရန်ရှိနိုင်ကြောင်း စိတ်ဝင်စာသူများက ပြောဆိုနေကြသည်။

    မြန်မာနိုင်ငံတွင် SKY NET မှ Internet ချိတ်ဆက်အသုံးပြုခြင်း၊ ဖုန်းပြောဆိုခြင်း၊ Fax ပို့ခြင်းနှင့် Message များဖတ်ခြင်းတို့ကို ဖေဖော်ဝါရီလမှစ၍ ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု SKY NET ကိုယ်စားလှယ်ရုံးခွဲ တာဝန်ရှိသူတစ်ဦးကို ကိုးကားချက် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    နိုင်ငံ့စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးအတွက် သာမန်စက်မှုကုန်ထုတ်လုပ်မှုအဆင့်မှ အိုင်တီနည်းပညာအခြေခံ ကုန်ထုတ်လုပ်မှုအဆင့်သို့ တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံတော်မှ အဘက်ဘက်က ပျိုးထောင်အားပေးလျက်ရှိရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ကို ဖွင့်လှစ်ပေးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    SKY NET ဝန်ဆောင်မှုများကို ပြန်ကြားရေးဌာနလက်အောက်ရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြားလိုင်း၊ ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီတို့က ပူးပေါင်းစီစဉ်သည်ဟု မြန်မာ အိုင်စီတီဒေါ့ကွန်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts