spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကေအင်ယူ ဆန်တင်ခွင့် ပိတ်

    ကေအင်ယူ ဆန်တင်ခွင့် ပိတ်

    -

    ဂျူရီချိုင်း –  ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆန်တင်ပို့ခြင်းကို ကေအင်ယူက ခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

    ဇန်နဝါရီလ တတိယပတ်မှစ၍ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် ရေးမြို့ ကားလမ်းတစ်လျှောက်ရှိ ကေအင်ယူ ဂိတ်များမှ ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်သည်။

    “အခု ဆန် ၂ အိတ် ၃ အိတ်လောက်ပဲ တင်လို့ရတယ်၊ တင်ရင်လည်း အကောက်ပေးရတယ်” ဟု ကားသမားတဦးက ပြောသည်။

    ဘုရာသုံးဆူမြို့ရှိ စစ်အစိုးရတပ်များအတွက် တပ်ရိက္ခာ ဖြတ်တောက်ရန်အတွက် ယခုကဲ့သို့ တားဆီးခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

    ဆန်ကုန်သည်များကို တင်ပို့ခွင့် ပိတ်ထားသည့်အတွက် ဒေသခံများက ဆန်အဟောင်းကို စျေးကြီးကြီးနှင့် ဝယ်ယူစားသုံးနေရကြောင်း မြို့ခံများက ပြောသည်။

    ကေအင်ယူက သုံးဆူ-သံဖြူဇရပ်လမ်းနှင့် သုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကို ပိတ်ထားသည့်အတွက် မွန်ပြည်သစ်ပါတီနယ်မြေအတွင်း ဖြတ်သန်းသွားသည့် သုံးဆူ-ရေး လမ်း တလမ်းသာ သွားလာခွင့် ရှိသည်။

    ဘုရားသုံးဆူမြို့နှင့် ရေးမြို့သို့ ပြေးဆွဲနေသည့် ကားပေါင်း အစီး (၆၀) ခန့် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts