မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ကေအင်ယူ ဆန်တင်ခွင့် ပိတ်

ကေအင်ယူ ဆန်တင်ခွင့် ပိတ်

ရေးသားသူ:

ဂျူရီချိုင်း –  ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆန်တင်ပို့ခြင်းကို ကေအင်ယူက ခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ တတိယပတ်မှစ၍ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် ရေးမြို့ ကားလမ်းတစ်လျှောက်ရှိ ကေအင်ယူ ဂိတ်များမှ ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်သည်။

“အခု ဆန် ၂ အိတ် ၃ အိတ်လောက်ပဲ တင်လို့ရတယ်၊ တင်ရင်လည်း အကောက်ပေးရတယ်” ဟု ကားသမားတဦးက ပြောသည်။

ဘုရာသုံးဆူမြို့ရှိ စစ်အစိုးရတပ်များအတွက် တပ်ရိက္ခာ ဖြတ်တောက်ရန်အတွက် ယခုကဲ့သို့ တားဆီးခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

ဆန်ကုန်သည်များကို တင်ပို့ခွင့် ပိတ်ထားသည့်အတွက် ဒေသခံများက ဆန်အဟောင်းကို စျေးကြီးကြီးနှင့် ဝယ်ယူစားသုံးနေရကြောင်း မြို့ခံများက ပြောသည်။

ကေအင်ယူက သုံးဆူ-သံဖြူဇရပ်လမ်းနှင့် သုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကို ပိတ်ထားသည့်အတွက် မွန်ပြည်သစ်ပါတီနယ်မြေအတွင်း ဖြတ်သန်းသွားသည့် သုံးဆူ-ရေး လမ်း တလမ်းသာ သွားလာခွင့် ရှိသည်။

ဘုရားသုံးဆူမြို့နှင့် ရေးမြို့သို့ ပြေးဆွဲနေသည့် ကားပေါင်း အစီး (၆၀) ခန့် ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျိုက်ထိုမြို့နယ်တွင်ရေဘေးသင့်ဦးရေ သုံးထောင်နီးပါးရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၃၀ဝဝ ဦးနီးပါးခန့်ရှိနေပြီး စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများအတွက်ငွေကြေးတို့ကို ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားကြောင်း သိရသည်။ Related

%d bloggers like this: