spot_img
Tuesday, April 23, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့မှာ မွန်အမျိုးသားအလံနှင့်အတူ နိုင်ငံတော်အလံပါ တင်ရန် အာဏာပိုင်တွေက ပြော

    မွန်အမျိုးသားနေ့မှာ မွန်အမျိုးသားအလံနှင့်အတူ နိုင်ငံတော်အလံပါ တင်ရန် အာဏာပိုင်တွေက ပြော

    -

    လဝီဝင်၊ ဟောင်ဒိန် – ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာ စိုက်ထူရာမှာ နိုင်ငံတော်အလံပါစိုက်ထူရမည်ဖြစ်ပြီး နိုင်ငံတော်အလံကို မစိုက်ထူပါက မွန်အမျိုးသားတို့၏အလံကိုလည်း မစိုက်ထူရန် သံဖြူဇရပ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့မှ တားမြစ်ထားသည်။

    မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ ဒေါက်တာမင်းစိုးလင်းက “ကျနော်တို့ ကော်မတီကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သူတို့ရဲ့ နိုင်ငံတော်အလံမပါပဲနဲ့ ကျနော်တို့ မွန်အမျိုးသားအလံကို မစိုက်ထူဖို့ ပြောလာတယ်” ဟု သူက ပြောသည်။

    “ကျနော်တို့ ကော်မတီဝင်တွေ မြို့ပေါ်မှာ ပိုစတာတွေ စိုက်ထူထားပြီးပြီ၊ ဒါပေမယ့် ကျနော်တို့ မွန်အမျိုးသားအလံကို မစိုက်ထူထားဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံတော်အလံကို မတင်ချင်လို့ပဲ ဖြစ်တယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို ကျင်းပရာ သံဖြူဇရပ်မြို့ပေါ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီဝင်တို့က မြေစိုက်ပိုစတာကို မွန်အမျိုးသားအလံမပါပဲ စိုက်ထူထားခဲ့ပြီးဖြစ်သည်။

    ယခုကဲ့သို့ မြေစိုက်ပိုစတာနှင့်အတူ မွန်အမျိုးသားအလံ စိုက်ထူခွင့်မရှိသည်မှာ သံဖြူဇရပ်မြို့ပေါ်တွင်သာ တားဆီးခံရပြီး ကျန်သည့် မော်လမြိုင်မြို့နှင့် မုဒုံမြို့ပေါ်တွေမှာ မြေစိုက်ပိုစတာနှင့်အတူ မွန်အမျိုးသားအလံကိုပါ စိုက်ထူထားပြီးဖြစ်သည်။

    “ကျနော့်အထင်တော့ သံဖြူဇရပ်က အာဏာပိုင်တွေ ပြဿနာရှာချင်လို့ပဲ ဖြစ်တယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျရောက်သည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုဌာနကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်တွင် ကျင်းပမည်ဖြစ်သည်။

    မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူက မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဒီနှစ် မြေစိုက်ပိုစတာမှာ မွန်နှင့် မြန်မာ နှစ်ဘာသာ ရေးသားဖို့ ခွင့်ပြုထားတယ်၊ ယမန်နှစ်တွေက မွန်ဘာသာ တစ်ဘာသာကိုပဲ ရေးသားဖို့ ခွင့်ပြုတယ် ဒါဟာ ဒီနှစ်အတွက် ကောင်းတဲ့ အကျိုးကျေးဇူးတွေဖြစ်တယ်လို့ ပြောသည်။ သထုံတဝိုက်မှ မလေးကျွန်းဆွယ်အထိ အရှေ့တောင်အာရှဒေသတစ်ခုလုံးသည် သုဝဏ္ဏဘူမိဒေသတွင် အကျုံးဝင်သည်။ သထုံဒေသတိုက်ခိုက်ခံရပြီး အမျိုးသား အမွေအနှစ်အားလုံး ဆောင်ကြည့်သွားခြင်းခံရသော်လည်း သုဝဏ္ဏဘူမိနန်းစဉ်ဗုဒ္ဓရုပ်ပွားတော်သာ ကျန်ရစ်နေခဲ့သည်။

    မြန်မာနိုင်ငံတောင်ပိုင်းမှာ မွန်လူမျိုး ၃ သန်းလောက်ရှိပြီး မြန်မာစစ်အစိုးရတို့၏ အုပ်ချုပ်မှုအောက်မှာ မွန်စာပေနှင့် ယဉ်ကျေးမှုတွေကို လွတ်လပ်စွာ သင်ကြားပြသခွင့်မရရှိခဲ့ပေ။

    ရွေးကောက်ပွဲမှာ အနိုင်ရထားသည့် မွန်ကိုယ်စားလှယ်လောင်းတို့က မွန်ပြည်သူလူထုတို့၏ လိုအပ်ချက်ကို အစိုးရသစ်မှာ တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်ကာ ၁၆ နေရာအနိုင်ရရှိပြီးနောက်ပိုင်း မွန်လူထူတွေအနေဖြင့် လွှတ်တော်မှာ မိမိတို့လိုအပ်ချက်ကို ပထမဆုံးအကြိမ် တင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

    နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် မွန်လူမျိုးတို့သည် မြန်မာလူမျိုးတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် မွန်လူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်အုပ်ချုပ်ခွင့်မရပဲ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာသာ တည်ရှိလာခဲ့သည်။

    မွန်လူမျိုးတို့သည် မွန်အမျိုးသားနေ့ကို စစ်အစိုးရတို့၏ ချုပ်ချယ်ကန့်သတ်မှုအောက်မှာ ကြိုးမမ်းပြီး အခမ်းအနားလုပ်ဆောင်လာခဲ့သည်မှာ ၆၃ နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။ ထိုမျှမက စစ်အစိုးရတို့က မွန်အမျိုးသားပြတိုက်ကို အမျိုးသားပြတိုက်အဖြစ်ပြောင်းလဲခဲ့သည်။

    မွန်လူမျိုးတို့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားနေ့ကို မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တွေမှာ အသီးသီး ကျင်းပကြသည်။ မွန်အမျိုးသားနေ့ကို မွန်ဘုရင် ဟံသာဝတီပြည်ထူထောင်သည့် ခရစ်သက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလဆုတ် တစ်ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts