spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းစစ်တပ် လက်နက်ရိက္ခာ တင်ရန် ကားချောဆွဲ

    စစ်တပ် လက်နက်ရိက္ခာ တင်ရန် ကားချောဆွဲ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၈) နှင့် ခလရ ၂၈၃ မှ တပ်ရင်းမှူးတို့က ၎င်းတို့တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များကို သယ်ဆောင်ရန်အတွက် ဘုရားသုံးဆူဒေသရှိ မော်တော်ကားများကို ချောဆွဲနေသည်ဟု ကားပိုင်ရှင် အသိုင်းအဝိုင်းက ပြောသည်။

    ကားပိုင်ရှင်များကို အကြောင်းကြားခြင်း မရှိပဲ လမ်းတလျှောက် ပြေးဆွဲနေသည့် ကား ၁၀ စီးကို လျှပ်တပြက် ချောဆွဲထားပြီး အခြားကားပိုင်ရှင်တို့မှာ ချောဆွဲ မခံရရန်အတွက် ရှောင်တိမ်းနေကြကြောင်း ကားပိုင်ရှင်တစ်ဦးက ပြောသည်။

    “ဖမ်းထားတဲ့ ချောကားတွေအားလုံး အနန်းကွင်းကို ပို့မယ်။ အဲဒီမှာရှိတဲ့ စစ်ကား ၁၂ စီးစာ တင်တဲ့ စစ်ပစ္စည်းတွေကို တင်ဖို့ ခရီးသည်တင်ကား အစီး ၅၀ လောက်လိုမယ်၊ ကားအစီး ပြည့်ရင် ထွက်မယ် ထင်တယ်” ဟု အစိုးရနှင့် နီးစပ်သူ တဦးက ပြောသည်။

    တပ်ရိက္ခာများ၊ လက်နက်ခဲယမ်းမီးကျောက်များကို တင်ဆောင်လာသည့် စစ်ကားများ ဘုရားသုံးဆူသို့ တက်ရန် အခက်အခဲ ရှိသည့်အတွက် ယခုကဲ့သို့ ကားချောဆွဲရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

    ရိက္ခာ ခဲယမ်းမီးကျောက်နှင့်အတူ ဘုရားသုံးဆူမြို့တွင် ထပ်မံအခြေချမည့် ဗျူဟာ တဗျူဟာအင်အားလည်း ပါသည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် စစ်ရေးအကဲခတ်သူ တဦးက ပြောသည်။

    ဘုရားသုံးဆူတွင် ထပ်မံအခြေချမည့် ဗျူဟာမှာ မည်သည့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အောက်တွင် ရှိသည်ကို အတိအကျ မသိရသေးကြောင်း သူက ပြောသည်။

    နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်မှူး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ ၉၀၆ တပ်ရင်းနှင့် စစ်အစိုးရတပ်တို့ နှစ်ရက်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရဝန်ထမ်းရုံးအချို့ကို ဒီကေဘီအေက ခေတ္တသိမ်းဆည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts