spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းနေပြည်တော်သွားမည့် မွန်ကိုယ်စားလှယ်လောင်းများ ပြည်သူ့လိုအပ်ချက် ကောက်ခံ

    နေပြည်တော်သွားမည့် မွန်ကိုယ်စားလှယ်လောင်းများ ပြည်သူ့လိုအပ်ချက် ကောက်ခံ

    -

    ဟောင်ဒိန်း၊ ရိုင်မရော့ – လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့၌ စတင်ကျင်းပမည့်လွှတ်တော်သုံးရပ်တွင် ပြည်သူများ၏ တကယ့်လိုအပ်ချက်များကို တင်ပြနိုင်ရန်အတွက် မွန်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီက မွန်ပြည်သူများလိုအပ်ချက်စစ်တမ်း ကောက်ခံနေသည်။

    “လွှတ်တော်ဝင်မယ့် ကိုယ်စားလောင်းတွေကိုယ်တိုင် ကျေးရွာတွေမှာဆင်းပြီးတော့ လွှတ်တော်မှာ ပြည်သူတွေအတွက် ဘာကို ပေးတင်ပြချင်လဲ သူတို့ ဘာကို လိုအပ်နေတာတွေလည်းဆိုတာကို မေးမြန်းတယ် ကောက်ခံတယ်၊ ပြည်သူတွေကနေ တင်ပြတဲ့ သူတို့ရဲ့ လိုအပ်ချက်ကို လွှတ်တော်မှာ တင်ပြသွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါဝင်တစ်ဦးက ပြောသည်။

    ယခုရက်သတ္တပတ်တွင် ရွေးကောက်ပွဲ၌ ၁၆ နေရာအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီကိုယ်စားလှယ်လောင်းများသည်  မြို့နယ်အသီးသီးမှ မွန်ပြည်သူများနှင့် တွေ့ဆုံကာ ၄င်းတို့၏လိုအပ်ချက်များနှင့် တောင်းဆိုချက်များကို ကောက်ခံခဲ့သည်။

    “မွန်စာပေနဲ့ ယဉ်ကျေးမှုဟာ ကျနော်တို့ မွန်လူမျိုးအတွက် အလွန်အရေးကြီးပါတယ်၊ ကျနော်တို့ဘာသာစကားကို ကျနော်တို့ လူမျိုးတွေ သင်ကြားခွင့်ရဖို့ လိုအပ်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တက်လာမယ့် အစိုးရသစ်လည်း အသိအမှတ်ပြုသင့်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ယခုတက်လာမည့်အစိုးရသစ်တွင် အစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မူလတန်းစာသင်ကျောင်းများ မွန်စာကို သင်ကြားခွင့်ရရန် အဓိက တောင်းဆိုသွားမည်ဖြစ်သည်။

    “ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့မှာ အဓိက အသက်မွေးဝမ်းကျောင်းက ခြံလုပ်၊ လယ်လုပ်ပဲလေ၊ ကျနော်တို့ မုဒုံကလူတွေဆို လယ်ကအဓိကပေါ့၊ ဒီနောက်ပိုင်း ဆည်တွေ ဆောက်လာတယ်၊ အဲဒီ ဆည်က ရေတွေကြောင့် လယ်တွေ ဧကရာချီ ပျက်စီးတာတွေရှိတယ် အဲဒါကြောင့် ကျနော်တို့ အနေနဲ့ကတော့ အဲဒီ ပျက်စီးသွားတဲ့ လယ်တွေ ပြီးတော့ နောက်ထပ် ပျက်စီးမှုမရှိအောင် ဖြည့်စွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ လယ်သမားတစ်ဦးက လယ်သမားတို့၏ လိုအပ်ချက်များကို လွှတ်တော်၌ တင်ပြပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသို့ တင်ပြသည်။

    ယခုကဲ့သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူတို့၏ လိုအပ်ချက်ကို ကောက်ခံရာတွင် လွတ်လပ်စွာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားရေးကို လွတ်လပ်စွာ သင်ကြားခွင့်တွေကို အဓိက လွှတ်တော်မှာ တင်ပြပေးဖို့ ပြည်သူအများစုက ပြည်သူအများစုက  တောင်းဆိုခဲ့ကြသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့်လည်း မွန်ပြည်သူတို့၏ လိုအပ်ချက် တောင်းဆိုချက်၊ မွန်ပြည်သူတို့၏ ရသင့် ရထိုက်သည့် အခွင့်အရေးများကို အခြားတိုင်းရင်းသားခေါင်းဆောင်များနည်းတူ လွှတ်တော်၌ တင်ပြဆွေးနွေးသွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။

    မြန်မာစစ်အစိုးရတို့သည် ၂၂ နှစ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် သုံးရပ်အတွက် ပထမဆုံး လွှတ်တော်ခေါ်ယူရေးကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပသွားရန် တရားဝင်ကြေငြာထားသည်။

    ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသည့် နိုင်ငံရေးပါတီတို့၏ ကိုယ်စားလှယ်လောင်းများအနေနှင့်လည်း လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည့် တိုင်းရင်းသားအရေးများကို ပြင်ဆင်မှုများ ပြုလုပ်ထားကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts