spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအစိုးရကျောင်း၌ မွန်စာသင်ကြားခွင့်ရရန် အစိုးရသစ်နှင့် ဆွေးနွေးမည်ဟု မွန်ပါတီပြော

    အစိုးရကျောင်း၌ မွန်စာသင်ကြားခွင့်ရရန် အစိုးရသစ်နှင့် ဆွေးနွေးမည်ဟု မွန်ပါတီပြော

    -

    လရီထော -ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အစိုးရစာသင်ကျောင်းတွင် မွန်ဘာသာရပ် သင်ကြားခွင့်ရရန် တက်လာမည့် အစိုးရသစ်ထံ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက တောင်းဆိုသွားမည်ဟု ပါတီဥက္ကဌက ပြောသည်။

    ကျနော်တို့ အဓိကလှုပ်ရှားတာကတော့ မွန်ပြည်နယ်က မူလတန်းကျောင်းတွေမှာ မွန်စာ သင်ကြားခွင့်ရဖို့ အစိုးရသစ်ထံမှာ တောင်းဆိုသွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်လူမျိုး ၃ သန်းခန့်မှာ အစိုးရစာသင်ကျောင်းတွင် မွန်ဘာသာ သင်အံခြင်း ရေးသားခြင်းတို့ကို သင်ကြားခွင့်မရရှိခဲ့ပါ။ မြန်မာစာကိုသာ သင်ကြားလာခဲ့ရသည်။

    မွန်စာပေနဲ့ ယဉ်ကျေးမှုဟာ ကျနော်တို့ မွန်လူမျိုးအတွက် အလွန်အရေးကြီးပါတယ်၊ ကျနော်တို့ဘာသာစကားကို ကျနော်တို့ လူမျိုးတွေ သင်ကြားခွင့်ရဖို့ လိုအပ်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တက်လာမယ့် အစိုးရသစ်လည်း အသိအမှတ်ပြုသင့်တယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်များ အစိုးရးကျောင်းတွင် မူလတန်းကျောင်း၌ မွန်စာ သင်ကြားခွင့်ရရှိနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ မွန်ဘာသာစကားသင်ကြားခြင်းကို ခွင့်ပြုပေးပါက ၄င်းမှာ ပထမအကြိမ်အဖြစ် မွန်ကလေးများမှာ မိမိတို့၏မိခင်ဘာသာဖြစ်သည့် မွန်စကား မွန်စာကို အစိုးရစာသင်ကျောင်းတွင် သင်ကြားခွင့်ရမည် ဖြစ်သည်။ မွန်ကလေးများအားလုံး မြန်မာဘာသာစကား မသင်ကြားမီ ၄င်းတို့၏ မိခင်ဘာသာစကား သင်ကြားခွင့်ကို မဖြစ်မနေအကောင်အထည်ဖော်နိုင်မည်ဟုလည်း မွန်ပါတီခေါင်းဆောင်များက ၄င်းတို့၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

    ခလေးတွေ ပထမဦးဆုံးအနေနဲ့ မွန်စာ သင်ကြားခွင့်ရဖို့အတွက်ကို ကျနော်တို့ တောင်းဆိုသွားမယ်။ ပြီးတော့မှ မြန်မာစာတွေနဲ့ တခြားစာတွေကို သင်ကြားရမယ်” ဟု သူက ဆက်ပြောသည်။

    ထိုင်းနိုင်ငံ စံခလပူရီရှိ အစိုးရစာသင်ကျောင်းမှ နှစ်ဘာသာသင်ကြားရေးအစီအစဉ် တာဝန်ခံ နိုင်စွန်ထွန်း၏ ပြောဆိုချက်အရ မွန်လူငယ်များ မိမိရဲ့ မိခင်ဘာသာစကား ဖတ်ကြားခြင်း ရေးသားခြင်းကို အရင်ဦးဆုံးသင်ကြားသင့်သည်။ ၄င်းက ကလေးများအတွက် အခြေခံလေ့လာခြင်းကို ပေးပြီး ကလေးများအတွက် တခြားဘာသာစကားလေ့လာရန် ပိုမိုလွယ်ကူစေသည်ဟု ၄င်းယုံကြည်ဟု နိုင်စွန်ထွန်က ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင်အနေဖြင့် တက်လာမည့် အစိုးရသစ်မှာ မွန်စာသင်ကြားခွင့်ကို အချိန်ပိုင်းဖြင့်သာ ခွင့်ပြုခြင်း ကျောင်းချိန်ပြီးမှ ခွင့်ပြုခြင်းကို ၄င်းတို့ လက်ခံမည်မဟုတ်ကြောင်း အစိုးရစာသင်ကြောင်းမှာ မွန်စာကို ဘာသာတစ်ခုအနေဖြင့် သင်ကြားခွင့်ကို လိုလားသည်ဟု ရွေးကောက်ပွဲဝင်ရောက်သည့် မွန်ပါတီခေါင်းဆောင်တို့က ပြောသည်။

    စစ်အစိုရးမှ မွန်စာသင်ကြားခွင့်ကို ပိတ်ပင်လိုက်သည့် ၁၉၉၅ နောက်ပိုင်း မွန်ကလေးများမှာ မွန်စာသင်ကြားလိုလျှင် ဘုန်းကြီးကျောင်းမှာသာ သင်ကြားရလေ့ရှိသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း အစိုးရစာသင်ကျောင်းမှာ မွန်စာကို အချိန်ပိုင်းဖြင့် သင်ခွင့်ပေးရန် စစ်အစိုးရနှင့် နားလည်မှုယူကာ သင်ကြားခွင့်ရလေသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ပြီး မွန်စာသင်ကြားပေးနေသည်။

    မွန်အမျိုးသားပညာရေးဌာန၏ ၂၀၀၈ ခုနှစ်ထုတ်ပြန်ချက်အရ စာသင်ကျောင်း ၁၁၄ ကျောင်းတွင် မွန်နှင့် မြန်မာစာ တွဲဖက်သင်ကြားခွင့်ရပြီး မွန်ပြည်နယ်တွင် မွန်စာသင်ကြားပေးနေသည့် မွန်အမျိုးသားပညာရေးကျောင်း စုစုပေါင်း ၁၅၇ ရှိသည်။

    ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် သထုံခရိုင်အတွင်းရှိ မူလတန်းကျောင်း ၃၀၀၀ နှင့် အလယ်တန်းကျောင်း ၃၀ တို့တွင် မွန်စာသင်ရိုးညွန်းတမ်းများ သင်ကြားခွင့်ကို အာဏာပိုင်တို့မှ မွန်စာသင်ကြားမှုကို ပိတ်ပင်လိုက်သည်။

    နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်ပုံစံပြောင်းလဲရန် စစ်အစိုးရမှ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီမှ လက်မခံကြောင်း ငြင်းဆိုထားပြီးနောက် မွန်အမျိုးသားပညာရေးလက်ရှိ မွန်စာသင်ကြားမှုကိုပါ နှောင့်နှေးမှုဖြစ်စေသည်။

    မွန်ဘာသာစကားသည် ရှေးကျသည့် အိန္ဒိယ ဗာမာန် ကျောက်စာမှ ဆင်းသက်လာပြီး မွန်သည် ဒေသအတွင်း ရှေးအကျဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံးဘာသာလည်း ဖြစ်သည်။ ၄င်း၏အက္ခရာများမှာ ဗမာ၊ ထိုင်း၊ ခမာနှင့် လောတို့၏ လက်ရေး ဖြစ်ပေါ်လာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts