spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းဘဲဥရှာသည့် ကလေး ၄ ဦး ရေနစ်သေဆုံး

    ဘဲဥရှာသည့် ကလေး ၄ ဦး ရေနစ်သေဆုံး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာတောင်ပိုင်းရှိ ဘဲရမ်းအင်းအတွင်း ဘဲဥရှာသည့် ကလေးငယ် ၄ ဦး ရေနစ်သေဆုံးခဲ့သည်ဟု မြန်မာ့အလင့်သတင်းစာတွင် ဖော်ပြထားသည်။

    “အဲဒီအင်းက ဂလိုင်းပေါက်ဖြစ်နေတယ်။ အရင်ဦးဆုံးနစ်သွားတဲ့ကလေးက အဲဒီဂလိုင်းပေါက် ရေနစ်တော့ နောက်တစ်ယောက်က ဂလိုင်းပေါက်မှန် မသိဘူး ဒေါက်ပင်ထိုးဆင်းပြီး သွားကူးတယ်”  ဟု ဘဲရမ်းကျေးရွာအနီးမှ သံဃာတော်တစ်ပါးက ပြောသည်။

    သေဆုံးသူ ကလေးလေးဦးမှာ အသက် ၁၀ နှစ်၊ ၉ နှစ်၊ ၈ နှစ်နှင့် ၇ နှစ်အရွယ်အသီးသီးဖြစ်ကြပြီး ယောက်ျားလေး ၂ ဦးနှင့် မိန်းကလေး ၂ ဦးဖြစ်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

    ၄င်းသံဃာတော်က “နောက်တစ်ယောက်ကြတော့ အဲဒီနှစ်ယောက်ကို သွားကူတယ်။ နောက်ဆုံးတစ်ယောက်ကတော့ သူဘာသာသူလျှောကြသွားတယ်။ ကျန်တဲ့တစ်ယောက်က ရွာကို ပြေးပြီသွားပြန်ပြောတော့မှ ကလေးတွေ ရေနစ်တာကို သိတယ်”။

    ၄င်းကလေးငယ်တို့သည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခန့် ရေဆင်းကူး ဘဲဥရှာရာမှ သေဆုံးခြင်းဖြစ်သည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

    ဘဲရမ်းရွာသားနှင့် နီးစပ်သူက “ဘဲရမ်းကျေးရွာမှာ နတ်ဝင်ပူတာ လူ ၇ ယောက်ယူမယ်လို့ ပြောနေကြတယ်”။ ရေနစ်သည့်ကလေးများမှာ ဘိုးဘွားများနှင့် နေထိုင်သူဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည်။

    သို့သော် သေဆုံးသည့်ကလေးများမှာ ဘဲရမ်းကျေးရွာမှမဟုတ်ဘဲ မုဒုံမြို့ စာစင်ရပ်ကွက်မှ ဖြစ်သည်ဟု ဘဲရမ်းရွာသားတစ်ဦးက ပြောသည်။ ဘဲရမ်းကျေးရွာသည် မော်လမြိုင်- မုဒုံ မော်တော်ကားလမ်းဘေးတွင် တည်ရှိပြီး မုဒုံမြို့နှင့် အလွန်နီးသည့် ကျေးရွာလည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts