spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းရေးလမ်းခရီးအတွက် စစ်အစိုးရတပ်မှ အခွန်တိုးမြှင့်ကောက်ခံ

    ရေးလမ်းခရီးအတွက် စစ်အစိုးရတပ်မှ အခွန်တိုးမြှင့်ကောက်ခံ

    -

    ကျွန်းချောင်းဂိတ်

    ဂျူရီချိုင်း – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ပိတ်ထားသည့် ချောင်းဆုံကြာအင်းဆိပ်ကြီးရေလမ်းခရီး ပြန်ဖွင့်ပေးသော်လည်း လှေသမားနှင့် ခရီးသွားများအပေါ် အခွန်တိုးမြှင့်ကောက်ခံနေသည်။

    ဒီဇင်ဘာလ ၃ ရက်နေ့ကစ၍ စစ်အစိုးရတပ်တို့မှ ချောင်းဆုံကြာအင်းဆိပ်ကြီး ရေလမ်းခရီးပြန်ဖွင့်ပေးကာ ခရီးသည်တစ်ဦးလျှင် ဘတ် ၃၀၀ ဖြင့် ဒေသအတွင်းလှုပ်ရှားနေသည့် စစ်အစိုးရတပ်က ချောင်းဆုံဂိတ်မှာ ကောက်ခံနေသည်ဟု ခရီးသည်တစ်ဦးက ပြောသည်။

    စစ်အစိုးရတပ် ခမရ (၄၁၀) စစ်ကြောင်း (,) လှုပ်ရှားနေသည့် ချောင်းဆုံဒေသအတွင်း အင်အားတိုးချဲ့ရောက်ရှိနေသည့် စစ်တပ်တို့ စားနတ်ရိက္ခာအတွက်ဆိုပြီး နောက်ထပ်ဂိတ်အသစ်တစ်ခုထပ်တိုးလားကာ ယခုလို ခရီးသည်တွေအတွက် အခွန်ကောက်ခံနေသည်။

    အခုလို ခရီးသည်တွေပါ အခွန်တွေ ပေးနေရတဲ့အတွက် ရေလမ်းခရီးဘက်က သွားလာတဲ့လူ သိပ်မရှိတော့ဘူး၊ ကုန်းလမ်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ဖောက်လုပ်ထားတဲ့လမ်းဘက်ကိုပဲ သွားလာနေကြတယ်” ဟု ၎င်းက ပြောသည်။

    ယမန်နှစ်က ခရီးသည်တစ်ဦးလျှင် လှေခ ၃၅၀၀၀ ကျပ်ပေးဆောင်ရပြီး အခွန်ကို လှေသမားကမှ အကုန်ခံပေးရသည်။ ယခုနှစ်တွင် လှေခ ငါးသောင်းထိ တိုးလာပြီး ချောင်းဆုံဂိတ်ရှိ တိုးလားသည့် စစ်တပ်ဂိတ်မှာ ခရီးသည်တစ်ဦးလျှင် ဘတ် ၃၀၀ ဖြင့် အခွန်ထပ်ဆောင်ရသေးသည်။

    တိုးလာတဲ့ စစ်တပ်ဂိတ်မှာပဲ ခရီးသည်တွေ ပေးရတယ်၊ ကျန်တဲ့ ဂိတ်တွေကျတော့ လှေသမားကပဲ တာဝန်ယူရတယ်၊ လှေသမားတွေက ဂိတ်တစ်ဂိတ်မှာ ၄ ထောင်ကျပ် ဆောင်ရတယ်” ဟု လှေသမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ခါတိုင်းနှစ်တွေက ချောင်းဆုံဂိတ်မှာ အဖွဲ့ပေါင်းစုံဆိုသည့် ဂိတ်တစ်ဂိတ်သာရှိပြီး ခရီးသည်တစ်ဦးလျှင် ကျပ် ၃၀၀၀ ကောက်ခံနေကာ ယခုနှစ်တွင် စစ်တပ်မှာ ထပ်မံကောက်ခံနေသည်။

    ချောင်းဆုံနှင့် ဘုရားသုံးဆူကြားရှိ ပြည်သူ့စစ်ဂိတ်တွေမှာလည်း ယခင်က လူတစ်ဦးကို ဘတ် ၂၀ ဖြင့်ကောက်ခံနေပြီး ယခုနှစ်တွင် တစ်ဦးလျှင် ဘတ် ၁၀၀ ထိ တိုးမြှင့်ကောက်ခံလိုက်သည်။

    အခု လှေလမ်းဘက်ကတက်လာတဲ့လူသိပ်မရှိဘူး၊ စစ်တပ်က အခွန်ဆောင်ကလည်း များတယ် နောက်တော့ လမ်းခရီးမှာ တိုက်ပွဲဖြစ်ပွားမှာကိုလည်းစိုးရိမ်ရတယ််” ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကိုထိုးစစ်ဆင် ရန်အတွက် စစ်အစိုးရတပ်မှ ချောင်းဆုံကြာအင်းဆိပ်ကြီးရေလမ်းခရီးကို ရက်အကန့်အသတ်မရှိပိတ်ထားခဲ့ကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

    လှေသမားများအား လှေပြေးဆွဲခွင့်မပြုရန် ခမရ တပ်ရင်း (၂၈၃) မှ ဗိုလ်မှူးကြီးသိန်းဇော်က တားမြစ်ထားခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ချောင်းဆုံမှ သုံးမိုင်လောက်ဝေးသည့် မယ်တဗွီးကျေးရွာ၌ ကေအဲန်ယူနှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် ရွာခံ ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးသွားသည့်အတွက် စစ်အစိုးရတပ်မှ ရေလမ်းခရီးဖြင့်သွားသည့်လှေများအား ဂိတ်ထွက်ခွင့်ပြုရန် ပိတ်လိုက်သည်ဟု ၎င်းကဆက်ပြောသည်။

    အကယ်၍ ၎င်းရေလမ်းခရီးဖွင့်ရန်ခွင့်ပြုထားသည့်အချိန်အတွင်း တိုက်ပွဲများထပ်ဖြစ်ပွားလာပါက နောက်ထပ် ပြန်ပိတ်နိုင်မည့်အလားလာရှိနိုင်ကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts