spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းလယ်ပိုင်ရှင်များ စပါးရိတ်ချိန်မှာ အလုပ်သမား အခက်အခဲဖြစ်

    လယ်ပိုင်ရှင်များ စပါးရိတ်ချိန်မှာ အလုပ်သမား အခက်အခဲဖြစ်

    -

    မွန်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် အထက်မြန်မာပြည်မှ အလုပ်သမားများ

    နိုင်မာန် – မွန်ပြည်နယ်အတွင်း နေရပ်အသီးသီးမှ အလုပ်လာလုပ်သူများ နေရပ်သို့ ပြန်ကုန်ခြင်းနှင့် အလုပ်သမားရှားပါးလာမှုကြောင့် လယ်ပိုင်ရှင်များ အလုပ်သမားအခက်အခဲဖြစ်နေကြသည်။

    “ကောက်ကြီးကတော့ ရိတ်လို့တောင်ရနေပြီး ခုချိန်ထိ အလုပ်သမားတွေ ရှာမရသေးဘူး ကိုယ့်ဟာနဲ့ကိုယ်တော့ တနေ့ နည်းနည်း ရိတ်နေပြီး အလုပ်သမားတာမရရင်တော့ အကုန်ကြွေကုန်မှာပဲ” ဟု အသက် (၆၈) နှစ်ရှိ ပငကျေးရွာမှာ လယ်သမားဦးကြီးတစ်ဦးက ပြောသည်။

    အလုပ်သမားပြဿနာက တနှစ်ထက်တစ်နှစ် ပိုရှားလာတာဖြစ်တယ်၊ အများအားဖြင့် မွန်ပြည်နယ်မှာ အလုပ်ရှင်တွေဟာ အထက်ဗမာပြည်မှ လာရောက်အလုပ်လုပ်သည့် အလုပ်သမားများကိုသာ အဓိကထား မီခိုနေရတဲ့အတွက် အလုပ်ရှင်တွေ အလုပ်သမားရဖို့ အပြိုင်လုနေကြတယ်၊ အခုလို အလုပ်သမား ရှားပါးမှု အလုပ်ရှင်တွေ အလုပ်သမားအပြိုင်လုနေကြတဲ့အတွက် အလုပ်သမားငှားခတွေလည်း မြင့်တက်လာနေတယ်လို့ လယ်ပိုင်ရှင်တွေက ပြောနေကြသည်။

    “အခုဆို လယ်တိုင်း ရွာတိုင်းမှာ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်၊ ဟိုတုန်းဆို နေ့စာနဲ့ ငှားတယ်၊ အခုတော့ အဲလိုမဟုတ်တော့ဘူး ဧကနဲ့ ငှားရတယ်၊ မနှစ်က တစ်ဧကဆို ၁၂၀၀၀ ဒီနှစ်တော့ တစ်သောင်းခွဲဖြစ်သွားတယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

    တချို့ဒေသမှာ နေ့စာနဲ့ ငှားပြီး တစ်နေ့မှာ ၃၅၀၀ ကျပ် ၄၀၀၀ ကျပ် ပေးရသည်။ “ဟိုတုန်းကဆို စပါးရိတ်ချိန်မှာပဲဖြစ်ဖြစ် ကောက်စိုက်ချိန်မှာပဲဖြစ်ဖြစ် အလုပ်သမားတွေ အလွယ်တကူရှာလို့ရတယ်၊ အခုက အဲလိုမဟုတ်တော့ဘူး မွန်တွေဆို သွားမရှာနဲ့တော့ အထက်ဗမာပြည်ကလာတဲ့ ဗမာတွေတောင် သူတို့ကို တောင်းပန်ပြီး ငှားနေရတယ်” ဟု အသက် ၇၀ ရှိ လယ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

    လွန်ခဲ့သည့် နှစ်အတော်ကြာက မွန်ပြည်နယ်အတွင်းရှိ အလုပ်သမားအများစုက နီးစပ်ရာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်လိုက်ခြင်းကြောင့် မွန်ပြည်နယ်အတွင်း အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

    မွန်ပြည်နယ်မှ လယ်သမားများမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ကောက်စိုက်သူများ ကောက်ရိတ်ကောက်စိုက်သူများကို သွားရောက်ငှားရမ်းကြသည်။

    သို့သော်လည်း ယခုအခြေအနေတွင် ၄င်းဒေသမှ အလုပ်လုပ်သူများလည်း မွန်ပြည်နယ်မှ အလုပ်သမားများကဲ့သို့ ဝင်ငွေပိုရများသည့်ထိုင်းနိုင်ငံသို့ ပွဲစားများမှတဆင့် ဝင်ရောက်လာနေကြသည့်အတွက် အလုပ်သမားငှားရန်အတွက် ပိုမိုခက်ခဲလာနေသည်ဟု မုဒုံမြို့မှလယ်သမားတစ်ဦးက ပြောသည်။

    “အခုဆိုရင် အလုပ်သမားငှားတာခက်တဲ့အတွက် လုပ်ခပိုပေးနေရတယ်။ အဲဒါအပြင် အမျိုးသမီးတွေကိုလည်း အမျိုးသားကောက်ရိတ်သမားနည်းတူ ကျမတို့လယ်မှာပေးတယ် အလုပ်သမားရှားတဲ့အတွက်။ ဒါပေမယ့် တခြားလယ်မှာတော့ မပေးသေးဘူး” ဟု ၄င်းလယ်ရှင်အမျိုးသမီးက ပြောသည်။

    ပဲခူးတိုင်း ဝေါမြို့နယ်မှ ကောက်စိုက်ကောက်ရိတ်သမားများကို မိမိတို့လယ်သို့ လာရောက်လုပ်ကိုင်ရန်အတွက် စရန်ငွေကြိုတင်ပေးရပြီး၊ စရန်ငွေကြိုတင်မပေးထားပါက စရိတ်ငွေကြိုတင်ပေးသူများ၏လယ်မြေများဆီသို့ သွားရောက်လုပ်ကိုင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts