spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထပ်မံလက်နက်အပ်

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထပ်မံလက်နက်အပ်

    -

    နိုင်ရှောင်းဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ လက်နက်အပ်နှံစဉ်

    ကျလွန်းထော – နယ်ခြားစောင့်တပ်လည်းမဟုတ်၊ ပြည်သူ့စစ်အသွင်လည်းမဖြစ်သေးသည့် နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်မှ ကျန်ရှိနေသေးသည့် အဖွဲ့ဝင်များသည် စစ်အစိုးရထံ လက်နက်ထပ်မံ အပ်နှံလိုက်သည်။

    လူအင်အား ၅၂ ဦး၊ လက်နက် ၂ လက်ဖြင့် ကရင်ပြည်နယ် ကော့ပေါက်ကျေးရွာရှိ မွန်ဘုန်းတော်ကြီးကျောင်းဖြစ်သည့် ဘုရားကြီးကျောင်းတွင် နိုဝင်ဘာလ ၃ ရက်နေ့မှာ လက်နက်အပ်နှံပွဲ ပြုလုပ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းက တက်ရောက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းမှ သိရသည်။

    ၄င်းလက်နက်အပ်နှံပွဲ လုံခြုံရေးအတွက် တပ်မ (၂၂) မှ တပ်သားအင်အားများက တာဝန်ယူပေးခဲ့သည်ဟု ကော့ပေါက်ရွာအနီးတစ်ဝိုက်ရှိ ရွာသားတစ်ဦးက ပြောသည်။

    “အဲဒီနေ့က သူတို့စစ်ကား ၃/၄ စီး ဆင်းသွားတယ်၊ စစ်ဝတ်အပြည့်နဲ့ပဲ၊ အင်အားဘယ်လောက်ပါလဲတော့မသိဘူး” ဟု ၄င်းက ပြောသည်။

    နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အား ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လူအင်အား ၁၂၅ ဦး၊ လက်နက် ၅၇ လက်ဖြင့် ပထမအကြိမ် လက်နက်အပ်နှံပွဲ အခမ်းအနားကို မြန်မာစစ်အစိုးရမှ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

    အောက်တိုဘာလ လက်နက်အပ်ပွဲအပြီးတွင် ကရင်ပြည်နယ်ရှိ ကော့ယက္ခ (ယက္ခကျွန်း) ကို အုပ်ချုပ်ရန် စစ်အစိုးရမှ ပေးထားသော်လည်း ၄င်းအနီးတွင် တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် ဒီကေဘီအေတပ်အပြင် မွန်ပြည်သစ်ပါတီ သထုံခရိုင်တို့က လက်မခံသည့်အတွက် ကော့ယက္ခနေရာမှ နိုင်ရှောင်ဦးဆောင်သောတပ်ဖွဲ့က ဆုတ်ခွာသွားရသည်ဟု မုဒုံမြို့ခံ စီးပွားရေးသမားတစ်ဦးက ပြောသည်။

    “မော်လမြိုင် မြိုင်သာယာရပ်ကွက်မှာ သူတို့ အိမ်ဝယ်ထားတယ်၊ စီးပွားရေးလုပ်ဖို့ပေါ့နော်၊ ဒါပေမယ့် အခု စီးပွားရေးသမားတွေနဲ့လည်း မကိုက်ပြန်ဘူး၊ သူတို့တွေ ပြဿနာတွေ့တော့လည်း စစ်အစိုးရက တာဝန်မယူပြန်ဘူး၊ အဲဒီအဖွဲ့တွေ တော်တော်ဒုက္ခရောက်နေတာ” ဟု ၄င်း စီးပွားရေးသမားက ပြောသည်။

    အဘက်ဘက်မှ နေထိုင်မှုကျဉ်းကြပ်နေသည့်အခြေအနေတွင် ပုံမှန်အတိုင်းနေနိုင်ရန်အတွက် ယခုလိုမျိုး လက်နက်ပြန်လည်အပ်နှံလိုက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောသည်။

    “တခြားလက်နက်ကိုင်အဖွဲ့တွေကြားက တော်တော်ကြပ်နေလို့ အခုလို လက်နက်ပြန်အပ်တာ ဖြစ်မယ်” ဟု ၄င်းက ပြောသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ကွယ်လွန်သွားသည့် မွန်ပြည်သစ်ပါတီမှ အနားယူသွားခဲ့သည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်နိုင်အောင်နိုင်က ဦးစီးခဲ့သည်။ နိုင်အောင်နိုင် ကွယ်လွန်သည့် ၂၀၁၀ ခုနှစ် သြဂုတ်လမှစပြီး မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗိုလ်မှူးကြီးဟောင်း နိုင်ရှောင်က ဥက္ကဌအဖြင့် ဆက်လက်တာဝန်ယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts