spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းညမထွက်ရန် သုံးဆူမယက အမိန့်ထုတ်

    ညမထွက်ရန် သုံးဆူမယက အမိန့်ထုတ်

    -

    ဘုရားသုံးဆူမြို့၌ တိုက်ပွဲဖြစ်ပြီးကာလ

    ကျလွန်းထောထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မြို့နယ်မယကဥက္ကဋ္ဌ) မှ အမိန့်ထုတ်ထားသည်။

    ထိုအမိန့်ကို နိုဝင်ဘာလ ၂၃ ရက်နေ၌ ရပ်ကွက်ဥက္ကဋ္ဌများထံသို့ မယက ဥက္ကဌက အကြောင်းကြားထားပြီး ၄င်းမှတဆင့် ညနေ ၄ နာရီခွဲအချိန်တွင် ရပ်ကွက်အလိုက် ရပ်ကွက်ဥက္ကဋ္ဌများက လိုက်လံကြေညာထားသည်ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ညဘက်ဆိုရင် စစ်တပ်အင်အား ၄၀၀ ကျော်လောက်က နေရာအနှံ့ လက်နက်အပြည့်နဲ့ စောင့်နေတယ်၊ ဟိုက ဒီကေဘီအေတွေလာရင် ပစ်ဖို့အဆင်သင့် ပုံစံနဲ့ စောင့်နေတာ” ဟု ၄င်းက ပြောသည်။

    ရွေးကောက်ပွဲပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ဒီကေဘီအေနှင့် စစ်အစိုးရ တပ်တို့၏ ပဋ္ဋိပက္ခအဆက်ကြောင့် နောက်ထပ် တိုက်ပွဲဖြစ်လာနိုင်သည့် အလားလာရှိသည့် ကောလဟလသတင်းထွက်ပေါ်သည့်အတွက် မြို့ပေါ်နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားပြီး ညမထွက်ရအမိန့်ကိုလည်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်မည်ဟု သတင်းထွက်ပေါ်နေတာကြောင့် ယခုကဲ့သို့ အခြေအနေပြောင်းလဲလာသည့်အတွက် မြို့ခံတချို့က မွန်ပြည်သစ်ပါတီလက်အောက်ဒေသအတွင်းရှိ ကြံတောရွာ၊ ဂျပန်ရေတွင်းရွာ၊ တဒိန်ရွာဘက်သို့ ပြောင်းရွေ့လာကြသည်။

    ထိုမျှမက မဲ့ကသတော သွားရာလမ်းရှိ သုံးဆူမြို့စွန်းရပ်ကွက်၌ လူဦးရေ ၃၀၀၀ ကျော်ရှိသည့် တောင်ဝိုင်းရပ်ကွက်ကိုလည်း မြို့တွင်သို့ ပြောင်းရွှေ့ရန် မယကဥက္ကဌမှ ညွှန်ကြားထားကြောင်း ၄င်းရပ်ကွက်သားတွေနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

    အဲဒီရပ်ကွက်က (မဲ့ကသာ) တောနဲ့နီးနေတယ်ဆိုတော့ တိုက်ပွဲဖြစ်ရင် သူတို့တာဝန်မယူဘူးဆိုတဲ့ သဘောနဲ့ ပြောင်းခိုင်းတာ၊ အဲဒီရပ်ကွက်မှာ ကရင်တွေများတယ်၊ မွန်၊ ဗမာနဲ့ ကုလားက နည်းနည်းရှိတယ်၊ ပစ်ဖို့အခြေအနေရှိသေးလားတော့ မသိဘူး၊ မြို့သားတွေအားလုံးကတော့ ထိတ်လန့်နေကြတယ်” ဟု နီးစပ်သူ မြို့ခံက ဆက်ပြောသည်။

    သုံးဆူမယကဥက္ကဌမှ ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ညပိုင်းအချိန်တွင် တချို့ယာဉ်ကားများ သွားလာနေသည်ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို၌ ညမထွက်ရအမိန့်ကို ရွေးကောက်ပွဲမတိုင်မီအချိန်တွင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှုဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲပြီး မြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကြောင့် ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်ထားသည်။

    နိုဝင်ဘာ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံမြိုသူ/သားများ ထိတ်လန့်ကြောက်ရွံ့ကြကာ တမြို့လုံးနီးပါး နီးစပ်ရာ ထိုင်းဘက်ကမ်းနှင့် လွတ်ကင်းရာ ကျေးရွာတွေဆီသို့ တိမ်းရှောင်နေကြသည်။

    ယခုတွင်လည်း ဒေသခံများ တိုက်ပွဲ ထပ်ဖြစ်ပွားမည်ကို စိုးရိမ်နေလျှက်ရှိပြီး တိုက်ပွဲဖြစ်လာပါက အချိန်မီထွက်ပြေးနိုင်ရန်အတွက်လည်း ကလေးများအား ကျောင်းသို့ မသွားခိုင်းသည့်အနေအထားမှာ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts