spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းလုံခြုံရေးကြောင့် ဘုရားပွဲနှင့် တန်ဆောင်တိုင်ပွဲ ဆင်နွှဲဖို့ ထိတ်လန့်နေကြ

    လုံခြုံရေးကြောင့် ဘုရားပွဲနှင့် တန်ဆောင်တိုင်ပွဲ ဆင်နွှဲဖို့ ထိတ်လန့်နေကြ

    -

    Donation at Three Pagodas Pass

    မင်းတော်လဝီ – မော်လမြိုင်မြို့ ကျိုက်သံလံနှင့် ကျိုက်သုတ်ဘုရားပွဲတာ်ကို နှစ်စဉ်တန်ဆောင်မုန်း လပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်နေ့မှာ ကျင်းပမြဲရှိခဲ့ပေမယ့် ယခုနှစ်မှာ ပြည်သူတွေဆင်နွှဲရန် ထိတ်လန့်နေကြသည်။

    မကြာခင်ကဘုရားသုံးဆူနှင့် မြဝတီမှာဖြစ်ပွားခဲ့သော ဒီကေဘီအေနှင့်နအဖစစ်တပ်တို့အ ကြားစစ်ပွဲကြောင့် မော်လမြိုင်မြိုပေါ်ရှိလူများနှင့် နယ်လူထုကထိတ်လန့်နေကြသည်ဟု မော်လမြိုင်မြို့စျေးချိုရပ်က ကုန်စုံဆိုင်ပိုင်ရှင်တဦးကပြောသည်

    “ဒါ့အပြင် ရွေးကောက်ပွဲရလဒ်အပေါ် ကော်မရှင်နဲ့ကြံ့ဖွံ့ပါတီကို လူထုကမကျေနပ်မှုတွေ များနေတဲ့အချိန်၊ နောက်ပြီး လူထု စိတ််ပျက်နေကြတာလည်း ဒီလှူရေးတန်းရေးမှာပါ သဒ္ဒါထက်သန်မှုနည်းသွားကြတယ်” ဟု ၄င်းကဆက်ပြောသည်။

    “မြို့ပေါ်လူကဆွမ်းကြီးလောင်းတာပဲရှိမယ်၊ ပွဲသွင်းခွင့်ကအခုထိ မသေချာသေးဘူး လူစုလူ ဝေးဖြစ်မှာကိုသူတို့ကြောက်တယ်၊ အမှန်တော့လုံခြုံရေးကြောင့်ပဲနေမှာပေါ့” ဟု မော်လ မြိုင်မြို့ပေါ်က ဆွမ်းလောင်းအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

    မော်လမြိုင်အနီးအနာမှ ဘုရားဖူးသူများမှာ ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်အား အဓိကလာရောက်ကြတာဖြစ်ပြီ ညအချိန်တွင် ပွဲကြည့်ချင်သူများကို ကြည့်ရှုကြမည်ဖြစ်သည်၊ ပွဲမရှိပါက လူသွားလူလာ နည်းနိုင်တယ်ဟု ကျိုက်သုတ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    “မကြာခင်ပြီးစီးသွားတဲ့ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကြိုတင်မဲနဲ့မတရားအနိုင်ယူသွားတဲ့ ကော်မရှင်နှင့် ကြံ့ဖွံ့ပါတီကိုမကျေနပ်ဘူး၊ စိတ်ပျက်သွားကြတယ် တဆက်ထဲမှာဒီတန်ဆောင်တိုင်ပွဲတော်ကိုပါ မလာချင်ကြတော့ဘူး” ဟု မော်လမြိုင်မြို့နယ် ကော့နှပ်ရွာသားတဦးက ပြောသည်။

    နိုင်ငံရေးရှုပ်ထွေးမှုများ ကုန်စျေးနှုန်းတက်သည့်အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီးလှူရေးတန်းရေးမှာလည်း လျှော့သွားတယ်၊ ဆွမ်းကြီးလောင်းလှူပွဲမှာတောင် တော်တော်နည်းသွားနိုင်တယ်” ဟု မော်လမြိုင်မြို့ မောင်ငံရပ် ဆွမ်းလောင်းအဖွဲ့ဝင်တဦးက ပြောသည်။

    “သီတင်းကျွတ်လပြည့်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင် ဘုရားပွဲတော်ဆက်တိုက်ရှိတဲ့ဒေသပါ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ကမာဝက်ဘုရားပွဲနဲ့ ငါးပျံတောင်ဘုရားပွဲတွေတောင် လူတွေသိပ်မလာရဲကြဘူး” ဟု မုဒုံမြို့နယ် ညောင်ကုန်းရွာသား တဦးကပြောသည်။

    “ကျိုက်သံလံဘုရားပွဲဆိုရင်လည်း တန်ဆောင်တိုင်ပွဲတော်နဲ့အတူနောက်ဆုံး ဘုရားပွဲပါ၊ ဒီဘုရားပွဲပြီးရင် လယ်သမားတွေ ကောက်ရိတ်ဆင်းသွားတော့မယ်။ ဒီနှစ်ဘုရားပွဲမှာ လုံခြုံမှုမရှိမှာစိုးလို့ လန့်နေကြတယ်” ဟု ကျိုက်မရော-မော်လမြိုင် ခရီးသည်ကားမောင်းသူတဦးက ပြောသည်။

    မွန်ပြည်နယ်တွင် အဦးဆုံးဘုရားပွဲတော်မှာ ကျိုက္ခမီရေလယ်ဘုရားပွဲတော်ဖြစ်ပြီး တစ်လတာအတွင်း တန်ဆောင်မုန်းလပြည့်နေ့အထိ နောက်ဆုံးဘုရားပွဲတော်မှာ မော်လမြိုင်မြို့ပေါ်ရှိ ကျိုက်သံလံ နှင့် ကျိုက်သုတ်ဘုရားပွဲတော် ဖြစ်သည်။

    မော်လမြိုင်မြို့ ကျိုက်သံလံနှင့် ကျိုက်သုတ်ဘုရားပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်း လပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်နေ့မှာ ကျင်းပမြဲရှိခဲ့ပေမယ့် ယခုနှစ်မှာ ပြည်သူတွေဆင်နွှဲရန် ထိတ်လန့်နေကြသည်။

    မကြာခင်ကဘုရားသုံးဆူနှင့် မြဝတီမှာဖြစ်ပွားခဲ့သော ဒီကေဘီအေနှင့်နအဖစစ်တပ်တို့အ ကြားစစ်ပွဲကြောင့် မော်လမြိုင်မြိုပေါ်ရှိလူများနှင့် နယ်လူထုကထိတ်လန့်နေကြသည်ဟု မော်လမြိုင်မြို့စျေးချိုရပ်က ကုန်စုံဆိုင်ပိုင်ရှင်တဦးကပြောသည်

    “ဒါ့အပြင် ရွေးကောက်ပွဲရလဒ်အပေါ် ကော်မရှင်နဲ့ကြံ့ဖွံ့ပါတီကို လူထုကမကျေနပ်မှုတွေ များနေတဲ့အချိန်၊ နောက်ပြီး လူထု စိတ််ပျက်နေကြတာလည်း ဒီလှူရေးတန်းရေးမှာပါ သဒ္ဒါထက်သန်မှုနည်းသွားကြတယ်” ဟု ၄င်းကဆက်ပြောသည်။

    “မြို့ပေါ်လူကဆွမ်းကြီးလောင်းတာပဲရှိမယ်၊ ပွဲသွင်းခွင့်ကအခုထိ မသေချာသေးဘူး လူစုလူ ဝေးဖြစ်မှာကိုသူတို့ကြောက်တယ်၊ အမှန်တော့လုံခြုံရေးကြောင့်ပဲနေမှာပေါ့” ဟု မော်လ မြိုင်မြို့ပေါ်က  ဆွမ်းလောင်းအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

    မော်လမြိုင်အနီးအနာမှ ဘုရားဖူးသူများမှာ ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်အား အဓိကလာရောက်ကြတာဖြစ်ပြီ ညအချိန်တွင် ပွဲကြည့်ချင်သူများကို ကြည့်ရှုကြမည်ဖြစ်သည်၊ ပွဲမရှိပါက လူသွားလူလာ နည်းနိုင်တယ်ဟု ကျိုက်သုတ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    “မကြာခင်ပြီးစီးသွားတဲ့ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကြိုတင်မဲနဲ့မတရားအနိုင်ယူသွားတဲ့ကော်မရှင်နှင့်ကြံ့ဖွံ့ပါတီကိုမကျေနပ်ဘူး၊စိတ်ပျက်သွားကြတယ် တဆက်ထဲမှာဒီတန်ဆောင်တိုင်ပွဲတော်ကိုပါ မလာချင်ကြတော့ဘူး” ဟု မော်လမြိုင်မြို့နယ် ကော့နှပ်ရွာသားတဦးက ပြောသည်။

    နိုင်ငံရေးရှုပ်ထွေးမှုများ ကုန်စျေးနှုန်းတက်သည့်အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီးလှူရေးတန်းရေးမှာလည်း လျှော့သွားတယ်၊ ဆွမ်းကြီးလောင်းလှူပွဲမှာတောင် တော်တော်နည်းသွားနိုင်တယ်” ဟု မော်လမြိုင်မြို့ မောင်ငံရပ် ဆွမ်းလောင်းအဖွဲ့ဝင်တဦးက ပြောသည်။

    “သီတင်းကျွတ်လပြည့်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင် ဘုရားပွဲတော်ဆက်တိုက်ရှိတဲ့ဒေသပါ၊လုံခြုံရေးအကြောင်းပြချက်နဲ့ ကမာဝက်ဘုရားပွဲနဲ့ ငါးပျံတောင်ဘုရားပွဲတွေတောင် လူတွေသိပ်မလာရဲကြဘူး” ဟု မုဒုံမြို့နယ် ညောင်ကုန်းရွာသား တဦးကပြောသည်။

    “ကျိုက်သံလံဘုရားပွဲဆိုရင်လည်း တန်ဆောင်တိုင်ပွဲတော်နဲ့အတူ နောက်ဆုံး ဘုရားပွဲပါ၊ ဒီဘုရားပွဲပြီးရင် လယ်သမားတွေ ကောက်ရိတ်ဆင်းသွားတော့မယ်။ ဒီနှစ်ဘုရားပွဲမှာ လုံခြုံမှုမရှိမှာစိုးလို့ လန့်နေကြတယ်” ဟု ကျိုက်မရော-မော်လမြိုင် ခရီးသည်ကားမောင်းသူတဦးက ပြောသည်။

    မွန်ပြည်နယ်တွင် အဦးဆုံးဘုရားပွဲတော်မှာ ကျိုက္ခမီရေလယ်ဘုရားပွဲတော်ဖြစ်ပြီး တစ်လတာအတွင်း တန်ဆောင်မုန်းလပြည့်နေ့အထိ နောက်ဆုံးဘုရားပွဲတော်မှာ မော်လမြိုင်မြို့ပေါ်ရှိ ကျိုက်သံလံ နှင့် ကျိုက်သုတ်ဘုရားပွဲတော် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts