spot_img
Friday, April 19, 2024
More
    spot_img
    Homeမေးမြန်းချက်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

    ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

    -

    မောင်ကို (နိုင်သဟ)
    ကျနော်တို့ ဒီရွေးကောက်ပွဲကို လက်ခံနိုင်မဲ့ကြောင်း မရှိပါ။ ဒီရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက် စိုးရှည်ပို့အတွက် သူတို့က ကြိုတင်စီစဉ်ထားတဲ့ ဥပဒေပါ။ နောက်တစ်ခုက (၂၀၀၈) အဖွဲ့အစည်း ပုံအခြေခံဥပဒေက တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုတဲ့ ဒီအဖွဲ့အစည်းပုံ အခြေခံဥပဒေမ ဟုတ်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတစ်ခု ရင်ဆုံးဦးတည်ချက်လုပ်ဆောင်မှုမဟုတ်ပဲ စစ်အာဏာသက်စိုးရှည်ဖို့အတွက် လမ်းကြောင်းကို ရွေးကောက်ပွဲတစ်ခု လုပ်တာပဲဟု ကျနော် မြင်တယ်။

    ကျနော်တို့တိုင်းရင်းသားတစ်ယောက်နေနဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ကျနော်မပေးချင် ဘူး။ ပေးလိုက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာရှိတဲ့ အတိုက်ခံပါတီတော်တော်များများဟာ ဒီ ရွေးကောက်ပွဲကို အောင်နိုင်မှာမဟုတ်ဘူး။ ဘာကြောင့်ဆိုတော့ ပြည်နယ်နှင့်တိုင်း (၁၅) ခုကို သူတို့အားလုံး  ကြိုတင်ပြင်ဆင် လုပ်ထားပြီးပြီး ဖြစ်လို့ပါ။

    ကျနော် Media မှာကြားခဲ့တာက နယ်စပ်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေ ဗမာပြည်ပြန်ပို့မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းကျတော့ ထိုင်းဝန်ကြီးချုပ်က စကားပြန် လှန်လဲလှယ်ပြီး ပြောတာက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမူတည်ပြီးမှ ဒီနယ် စပ်ဒေသမှာ နေထိုင်တဲ့ဒုက္ခသည်တွေ ပြန်ပြီး စကားပြောကြမယ်လို့ Media ကတဆင့် ပြန်ကြားခဲ့ ပြန်သည်။

    ယခု စစ်အာဏာရှင်ရဲ့ လုပ်တဲ့ရွေးကောက်ပွဲဟာ စစ်မှန်သောဒီမိုကရေစီ၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဟု ပြောနေသော်လည်း ကျနော်နေနဲ့ လုံးဝယုံကြည်မှုမရှိပါဘူး။
    ကျနော်တို့က လက်နက်ကိုင်အဖွဲ့အစည်း ဒီမဝ်ကရေက်တေတ် (ABDF) အဖွဲ့က နှစ် (၂၀) လုံးလုံး လှုပ်ရှားခဲ့ပြီး စစ်အစိုးရကို ဆန့်ကျင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ကျနော်ဒီဒုက္ခသည်စခန်းမှာ စရောက်တာကတော့ (11.10.2006) နှစ်ကနေ ရောက်ရှိပြီး ခုဆိုရင် (၄) နှစ်တောင်ရှိသွားပါပြီး။ ဒီမှာရှိနေတဲ့အခက်အခဲတွေဟာ ကျနော်တို့လှုပ်ရှားနေတုံးက အခက်အခဲလောက်မမှီပါဘူး။ ထိုင်းနိုင်ငံမှ ချမှတ်ထားတဲ့ဥပဒေ သူ့ဧရိယာမှာနေပြီး သူ့ဥပဒေကို လိုက်နာရမှာပေါ့။ ထိုင်းအစိုးရ က ကျနော်တို့အတွက် လုံခြုံရေးတစ်ခုပါပဲ။

    နောက်ဆုံးနေနဲ့ ကျနော်ရဲ့မြင်မှာ တိုင်းရင်းသားတွေအားလုံး (၂၀၁၀) ရွေးကောက်ပွဲကို လုံးဝတည် မပြုပဲနဲ့ ညီညီညွှတ်ညွှတ် မဲဆန္ဒကို သွားမထည့်ကျပါနဲ့လို့ ဆန္ဒပြုခြင်ပါတယ်။

    ဦးလဝီ

    ဟုတ်ကဲ့ ကျနော်နာမည် ဦးလဝီပါ၊ (၂၀၁၀) ရွေးကောက်ပွဲနဲပတ်သက်ပြီး ကျနော်လုံးဝကို လက်မခံနိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ စစ်အစိုးရအတွက် အပြည့်အဝပဲ၊ အသေအခြာ စီစစ်ကြည့်မယ်ဆိုရင် စစ်အစိုးရက သူတို့ရဲ့အာဏာ အသက်ရှည်ဖို့အတွက်ကိုပဲ စီစဉ်ထားတာပါပဲ။ တကယ်လို့ ဒီရွေးကောက်ပွဲသာ စစ်မှန်မယ်ဆိုရင် ပြည်သူလူထူအနေနဲ့ ဝမ်းသာစွာကို ကြိုဆိုရမှာပဲ၊ အခုရွေးကောက်ပွဲကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုတော့လည်း သူတို့ပဲ အားတက်မာန်တက် ပျော်နေကြပြီး ကျနော်အမြင်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲကတော့ သူတို့ အာဏာတည်တံဖို့အတွက်ပါပဲ။

    ဒီရွေးကောက်ပွဲပြီးရင် ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့မယ်လို့တော့ ကြားနေရတယ်။  ဒါကို ကျနော်တို့လုံးဝကို လက်မခံနိုင်ဘူး တစ်နည်းတစ်ဖုံတော့ ဆန့်ကျင်ရမှာပဲ၊ နိုင်ငံအတွင်းကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးလုပ်တဲ့လူအများစုကတော့ ထောင်ကျနေကြတာကြီးပဲ ဒီလူတွေကိုတောင် မလွှတ်ပေးပဲ ကျနော်တို့ကို ပြန်ပို့မယ်ဆိုရင် ကျနော်တို့ကို ထောင်ချလိုက်တာနဲ့အတူတူပါပဲ၊ ဒုက္ခသည်စခန်းမှာရှိနေတဲ့လူတွေ တစ်ချို့ကတော့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့လူတွေ၊ တစ်ချို့က နိုင်ငံခြားကို သက်သက်သွားချင်တဲ့လူတွေလည်း ရှိပါတယ်၊ ဒါကြောင့် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်။

    ခရီးလွန်နေတဲ့လူတွေ၊ နိုင်ငံခြားကိုရောက်နေတဲ့လူတွေအပြင် ကျနော်တို့လည်း ဒီရွေးကောက်ပွဲမှာ မဲမထည့်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ မဲမထည့်ရလို့ ခံစားရမဲ့နေနေသာသာ ဒီတရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို စိတ်နာမိတယ်။ တကယ်လို့ မဲထည့်ခွင့်ရှိခဲ့ရင်တောင်မှ ကျနော်မဲထည့်မှာ မဟုတ်ဘူး။

    ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ (NLD) ပါတီကိုလည်း အာဏာမလွှဲပေးပဲ နေခဲ့တယ်။ ဘယ်လောက်ပဲ ကြေညာချက်ကောင်းကောင်း ဘယ်လောက်ပဲ (TV) မှာထုတ်လွှတ်နေ၊ ပါတီကနေ စည်းရုံးရေးဆင်းပြီး ပြောနေလည်း ပြောတဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူး။ ကျနော်အမြင်နဲ ပြောရမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ဒီမိုကရေးစီရွေးကောက်ပွဲလို့ ပြောနေပေမဲ့ လုံးဝ စစ်မှန်မှာမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ စစ်အစိုးရဆိုတာ ပြောတာကတစ်မျိုး လုပ်တာကတစ်မျိုး လုပ်နေတယ်လို့ပြောချင်ပါတယ်။

    ဦးဓနဝိ

    လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာပြုလုပ်မဲ့ စစ်အစိုးရရဲ့ရွေးကောက်ပွဲကတော့ ဒီမိုကရေစီ နည်းလမ်းကျလိမ့်မှာမဟုတ်ဘူး စစ်အစိုးရအတွက်သက်သက်ပဲ ဖြစ်နေတယ်၊ ကျနော်အနေ့နဲဆိုရင် မဲထည့်လည်း ဘာမှထူးမှာမဟုတ်ဘူး၊ သူတို့ ညွှန်ကြားတာကိုပဲ ထည့်ရပြီး ကိုယ့်ရဲ့ဆန္ဒမှ မပါတာ ဒါကြောင့် ကျနော်အတွက် ဘာခံစားချက်မှမရှိဘူး၊ တကယ်လို့ မဲထည့်ခွင့် ရှိခဲ့မယ်ဆိုရင်တော့ ကျနော် မွန်ဒီမိုကရေစီပါတီကိုပဲ မဲထည့်လိမ့်မယ်။

    ဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး စစ်အစိုးရရဲ့ ရွေးကောက်ပွဲပဲဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာမှာ ရောက်နေတဲ့လူတိုင်းက ပြောနေကြတယ်၊ ဒါတင်မကဘူး သတင်းသမားတွေကိုလည်း ရွေးကောက်ပွဲကို သတင်းယူခွင့်မရှိဘူးလို သတင်းဖြန့်ထားတယ်၊ သူတို့အခွင့်ပေးတဲ့လူမှ ပါဝင်ရမယ် နောက်ပြီး နိုင်ငံတကာက အကြံအညံတွေကိုလည်း လက်ခံစရာမလိုဘူး စစ်အစိုးရက ရွေးကောက်ပွဲကို လုပ်တတ်တယ်ဆိုပြီးတော့ သူတို့ရဲ့ဆန္ဒအတိုင်း လုပ်နေကြတာပဲ၊ ဒါကြောင့် စစ်မှန်တဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာမှာမဟုတ်ပါဘူး၊

    ထိုင်းအစိုးရက ဒုက္ခသည်တွေကို ပြန်ပို့ဖို့အစီအစဉ်ကတော့ ရွေးကောက်ပွဲပြီးလို့ နောက်တက်လာမဲ့ အစိုးရကောင်းခဲ့ရင်တော့ ပြန်ပို့မယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစကားကို ထိုင်းအစိုးရက ပြန်လည်ပြင်ဆင်လိုက်ပြီး၊ ခေါ်င်းဆောင်တွေနဲ ဆွေးနွေးပြီး ပြန်ပို့မဲ့အစီစဉ်ကို ရပ်ဆိုင်ထားတယ်လို့လည်း သိရတယ်။

    နောက်ပြီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေ၊ ဆန္ဒပြတဲ့လူတွေ၊ ရဟန်သံဃာတော်တွေ အခုထိ လွှတ်ပေးတာမရှိသေဘူး၊ ဒါကြောင့် ဒုက္ခသည်စခန်း (၉) ခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊

    ကျနော်ဒီဒုက္ခသည်စခန်းကိုရောက်တာ ၃ နှစ်ရှိပြီး၊ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်၊ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ (၅၀၀၀) လောက်ရှိတယ်၊ တိုင်းရင်းသားပေါင်းစုံပဲ၊ တော်လှန်ရေးလုပ်ပြီး ဒီကိုရောက်လာကြတယ်၊ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျနော်တို့ ပြည်သူတွေ မဲထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ဘာမှ ထူးမှာမဟုတ်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။

    နိုင်တလ

    ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ပြည်သူတွေကို လိမ်ညာပြီး လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်။ အရင်ကလည်း ရွေးကောက်ပွဲကို ကျနော် ကြုံခဲ့ရဘူးပါတယ်။ ဦးနေဝင်း လက်ထက်တုန်းကလည်း အမည်းရောင် ကန့်ကွက်မဲတွေဟာ အဖြူရောင် ထောက်ခံမဲတွေ ဖြစ်ကုန်တာ ကြုံခဲ့ရတယ်။ ဒီရွေးကောက်ပွဲကလည်း အဲဒီလို လိမ်ညာဦးမှာပဲ။

    ဒီရွေးကောက်ပွဲကို နိုင်ငံတကာကို လက်မခံပါဘူး၊ အခုစစ်အစိုးရ လုပ်မယ့် ရွေးကောက်ပွဲနဲ့ အမေရိကန် ရွေးကောက်ပွဲကို နှိုင်းယှဉ်ရင် အများကြီး ကွာခြားတာ တွေ့ရမယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေကလည်း ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ နောက်တော့ ကြံ့ဖွံ့ပါတီ အနိုင်ရဖို့ပဲ လုပ်နေတယ် အားပေးနေတယ် ဆိုတော့ ဒါဟာ တရားမမျှတဘူး၊ ဒါ့ကြောင့် ဒီမိုကရေစီ မစစ်မှန်ဘူး။

    ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် ဘာအကျိုးမှ မရှိဘူး။ ရွေးကောက်ပွဲ ပြီးသွားရင်လည်း ပြည်သူလူထုကို ဆက်ပြီး ဖိနှိပ်နေဦးမှာပဲ။ လွှတ်တော်မှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းကို ယူထားမယ်၊ ကျန်တာတွေကို ကြံ့ဖွံ့တွေ ရအောင် လုပ်နေတယ် ဆိုတော့ ကျန်တဲ့ပါတီတွေက အမတ်နေရာ နည်းနည်းပဲ ရနိုင်မယ်။

    ကျနော်တို့ မွန်ပါတီလည်း သုံးလေး နေရာ လောက်ပဲ ရနိုင်မယ်။ ကျန်တဲ့ ကရင် ရခိုင် ရှမ်း စတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ အခြားနိုင်ငံရေး ပါတီတွေကလည်း ဒီလောက်ပဲ ရနိုင်မယ်။ လွှတ်တော်မှာ သူတို့ချယ်လှယ်ချင်တိုင်း ချယ်လှယ်မယ်။ ကိုယ်က ဘာမှ ပြောမှ ပြောလို့ မရဘူး။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ကျနော်က မဲထည့်ချင်တဲ့ ဆန္ဒ မရှိဘူး။ တကယ်လို့ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်ရင်တော့ မဲထည့်ခွင့် ရှိရင် ကျနော်မဲထည့်မယ်။

    အခုက ကြိုတင်မဲ လိုက်ကောက်နေတယ်၊ အမှန်မှာဆိုရင် ကြိုတင်မဲက ဆေးရုံတက်နေရတဲ့ အတွင်းလူနာတွေ၊ အချုပ်ကျနေတဲ့ လူတွေ၊ သက်ကြီး ရွယ်အိုတွေလောက်ပဲ ကြိုတင်မဲ ထည့်ရမယ်။ အခုက ဝန်ထမ်းတွေ အားလုံးကို ကြိုတင်မဲ ထည့်ခိုင်းတယ်။ ကြံ့ဖွံ့ကို မဲထည့်ခိုင်းတယ် ဆိုတော့ ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်။

    ဒေါ်တင်တင်မြင့်

    ကျမနေနဲ့တော့ နိုင်ငံရေးကြောင်းကို သိပ်နားမလည်ဘူး။ ဒါပေမယ့် ခုလာမယ့် (၂၀၁၀) ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူတို့ပဲလုပ် သူတို့ပဲအာဏာတက်ဆိုသလိုပါပဲ ဘာဖြစ်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်လည်းပါခွင့်မရှိဘူး။ တိုင်းရင်းသား အနည်းအငယ်သာပါရှိပြီး ကျန်ရှိတဲ့တိုင်းရင်းသားတွေကိုလည်း ပါခွင့်မရှိလို့ ခုလာမယ့် (၂၀၁၀) ရွေးကောက်ပွဲဟာ အားလုံးရဲ့ ဆန္ဒကို သူတို့မယူပဲနဲ့ သူတို့သဘောနဲ့တာ လုပ်နေတယ်ဆိုတာ စစ်မှန်သော ဒီမိုကရေစီ လုံးဝမဖြစ်နိုင်ကြောင်း ကျမမြင်ပါတယ်။

    ကျမငယ်ငယ်တုံးက မဲဆန္ဒတစ်ခါနှစ်ခါ မဲပေးခဲ့ဖူးတယ်။ ပြည်သူလူထုအတွက် ဘာမှလေး အကျိုးမရှိဘူး။ ခုလေးဒီအတိုင်းပဲ၊ ထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ ဘယ်လိုမှလေး မခံစား ရဘူး။ ကျမတို့အစိုးရမကောင်းလို့ပဲ ကျမတို့ပြည်တွင်းမှာ နေခွင့်မရခဲ့ဘူး။
    ကျမစိတ်ထဲမှာ ဒီရွေးကောက်ပွဲဟာ လုံးဝတရားမျှတမှုမရှိဘူး။ သူတို့ပဲနိုင်မှာပါ ကိုယ်လုပ်ချင်တဲ့ ဆန္ဒကို လုပ်ခွင့်မရှိပါ။

    ကျမ ခလော့ခနီဘန်တွန်းယာန်ဒုက္ခသည်စခန်းမှာရှိနေတာ (၄) နှစ်လောက်ရှိပြီး ပြည်တွင်း နဲ့ဝေးကွာနေသောကြောင့် သတင်းစုံလင်စွာကို ကျမမသိခဲ့ပါဘူး။ အနည်းကျဉ်းသာသိရလို့ သိသလောက်ပဲ ကျမပြောနိုင်ပါတယ်။ နောက်ပြီး ဒီရွေးကောက်ပွဲပြီးရင် ဒုက္ခသည်တွေအားလုံး ပြန်ပို့မယ်လို့ ကြားတယ်။ ဒါပေမယ့် ကျမမကြောက်ဘူး နိုဝင်ဘာလ (၇) ရက်နေ့မှာ သူတို့ရဲ့ရွေးကောက်ပွဲ၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျမတို့မိသားစုအားလုံး နိုင်ငံခြားသွားရတော့မှာမို့ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။ ဒါပေမယ့် ကျန်ရှိနေတဲ့အပေါင်းအဖော်တော်တော်များတွေဟာ ကျမစိုးရိမ်တယ်။ စိတ်လည်းပူတယ်။ တကယ်လို့ပို့မယ်ဆိုရင် အခက်အခဲရှိတဲ့မိသားစု အများကြီးရှိနိုင်တယ်။ ကျမတို့မိသားစုက  အစိုးရနဲ့လွတ်ကင်း၍ သူတို့ညှင်းဆဲလို့လည်းမရဘူး၊ ဒုက္ခပေးလို့မရတဲ့နေရာမှာ ရောက်နေတဲ့ အတွက်မို့ ကျန်ရှိနေတဲ့ ပြည်သူလူထုတွေအားလုံး ဆန္ဒပြမယ်လို့ ကျမတို့မတို်က်တွန်းရဲတော့ပါဘူး ဘာဖြစ်လဲဆိုတော့ ကျမတို့ ပြည်ပမှာပဲ အားပေးပြီး ပြောနေတာဟာ ဘာမှအန္တရာယ်မရှိဘူး။ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူလူထုတွေပဲ နာတယ် ဒီစစ်အစိုးရရဲ့ ယုတ်မာတဲ့စိတ်ဓာတ်မို့လို့ သတ်မယ်၊ ထောင်ချမယ်၊ ညှင်းပန်းနှိပ်စက်မယ် အမျိုးမျိုးဖုံဖုံ ခံနေရပါတယ်ဟု ကျမ ကိုယ်ချင်းစာ တရားဖြည့်ရှိပြီး မတိုက်တွန်းရဲတော့ပါဘူးဟု ဆိုချင်ပါတယ်။

    နိုင်ထော်ဟန်
    ဒီလာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပတော့မှာမို့ လူထုတွေ နေနဲ့တော့ စိတ်လှုပ်ရှားမှုရှိမှာပဲနော်။ ဒါပေမယ့် ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်မြင်ပြောရ မယ်ဆိုရင် အများပြည်သူတွေအတွက် အကျိုးသိပ်မရှိဘူး။ အကျိုးမရှိတဲ့အတွက်ကြောင့် လူထု တွေလည်း ခံစားမှုနည်းပါးလာတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ပါတီတွေဟာ အားမာန်တက် မာန် ပျော်ပျော်ပါးပါး ရှိနေသည်ဟု ကျနော်ထင်တယ်။

    ကျနော်ကတော့ ဒီဆန္ဒမဲတွေ ထည့်ခွင့်ရပေမဲ့ မထည့်ချင်ပါဘူး။ ဘာဖြင့်လဲဆိုတော့ ကျနော်တို့ KNU နဂိုကတည်းက ဒီအစစ်အစိုးရရဲ့ အုပ်ချုပ်မှုကို မကြိုက်နှစ်သက်ဘူး။ ကျနော်တို့ပါတီတစ်ခုထဲ မဟုတ်ဘူး။ ကချင်၊ ကရင်၊ မွန်၊ ရှမ်း ပြည်နယ်တွင်းထဲမှာရှိတဲ့ ရွာချို့တွေကို မဲပေးပိုင်ခွင့်မရှိခဲ့ဘူး။ သူတို့ဥပဒေနဲ့ပဲ သူတို့ရွေးကောက်ပွဲလုပ်ပြီးတော့ ဘယ်တိုင်းရင်းသားမှ လက်ခံမှာလဲ။ သုံးပွင့်ဆိုင် စားပွဲပေါ်မှာ ဆွေးနွေးမှုမရှိခဲ့လို့ ခုလာမယ့် ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မှ စစ်မှန်သော ဒီမိုကရေ စီ မဖြစ်နိုင်ဘူး ဒီစစ်အစိုးရ၏ မူဝါဒကို ပြောတခြား လုပ်တခြား ကိုက်ညီခြင်းမရှိလို့ အချို့တိုင်းရင်း သားတွေကို လက်မခံကျဘူးလို့ ကျနော်သိခဲ့ရပါတယ်။

    ဒီဘန်တွန်ယာန်မှာရှိနေတဲ့ ဒုက္ခသည်တွေအာလုံးဟာ ဗမာပြည်ကလာတဲ့ တိုင်းရင်းသားပေါင်းစုံ (၄၀၀၀) ကျော်ရှိတယ်။ ဒီမှာရှိတဲ့ လူတွေအားလုံးဟာ တစ်ချို့က မဲထည့်ခွင့်ရှိတယ်။ တစ်ချို့က မဲထည့်ခွင့်မရှိဘူး။ ဥပမာ စစ်အစိုးရကို ဆန့်ကျင်နေတဲ့အဖွဲ့အစည်းကတော့ ထည့်ခွင့်မရဘူးပေါ့။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင် ဘယ်သူရှူံး ဘယ်လိုဖြေမျိုးတွက်နိုင်မှာလဲဆိုတာ ဘယ်သူမှ မသိကျသေးဘူး။ အားလုံးက ထင်နဲ့မြင်တွေကျည်းပဲ ပြောနေကြတယ်လို့ သိရပါတယ်။

    ဆရာမ ခံလွာချမ်း

    ရွေးကောက်ပွဲတကယ်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်မွန်ပါတီကို မဲထည့်ပေးချင်တယ်။ ဒီမှာနေတာ မဲဆိုလို့ ဘာမဲမှ မမြင်ဖူးဘူး၊ သူငယ်ချင်းမိတ်ဆွေဆီက ကြားတော့ ရွာပြန်ပြီးမဲထည့်ချင်တယ်၊ စစ်အစိုးရက သူတို့အာဏာကို အမြဲတမ်းသုံးနေတော့ ဒီရွေးကောက်ပွဲကလည်း ဖြစ်လာဖို့ မသေခြာဘူး၊ သူတို့ပြောထားတဲ့ဂတိအတိုင်း ပြုလုပ်ပေးမှာလည်း မဟုတ်ဘူး၊ တကယ်လို့ မဲထည့်ခွင့်ရမယ်ဆိုရင် ကိုယ့်မန်ပါတီကို ထည့်ချင်ပါတယ်၊ မဲမထည့်ရတော့ မွန်ပါတီအတွက် မဲတမဲလျော့သွားတာပေါ့။ နယ်ဘက်မှာ ကျမကိုယ်တိုင်တွေ့ခဲ့ရတယ်၊ သူတို့ပါတီကို မဲထည့်ခိုင်းတယ်၊ ၂၀၀၈ ဆန္ဒခံယူပွဲတုန်းကလိုပဲ ကျေးရွာဥက္ကဌက မဲပုံအနားမှာနေနေတယ်၊ စစ်သားတွေက တစ်ဖက် ပြည်သူ့စစ်က တစ်ဖက် စောင့်နေကြတယ်၊ ကိုယ်ထည့်ချင်တဲ့အတိုင်း ရေးခြစ်လို့လည်းမရ၊ ရေးရင် သူတို့က ကိုယ့်ကိုရိုက်မှာစိုးရသေးတယ်၊ ယခုအခြေအနေရဆိုရင် မွန်လူမျိုးအတွက် လှုပ်ရှားနေတဲ့ ကိုယ့်မွန်ပါတီကို ရဲရဲဝံ့ဝံ့ မဲထည့်ပေးလို့ရတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts