spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးသေနတ်သံကြားက ပြည်သူတွေ

    သေနတ်သံကြားက ပြည်သူတွေ

    -

    ရိုင်မရော့ – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားသည့် စစ်အစိုးရတပ် ခမရ ၄၀၅ နှင့် တိုးတက်သော ဗုဒ္စဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ရင်း ၉၀၇ တို့ရဲ့ တိုက်ပွဲအခြေအနေကြောင့် လက်ရှိမှာ ဒေသခံမြို့သူ မြို့သားတွေက ဘေးကင်းလွတ်ရာ နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

    “ဒီနေ့မှာဆို လူတွေ မြို့ပေါ်မှာ မရှိတော့ဘူး တိုက်ပွဲစဖြစ်တဲ့နေ့ကတော့ ထွက်ပြေးကြတယ်၊ ဒါပေမယ် တချို့ကတော့ ကျန်နေသေးတယ်၊ ဒီနေ့က ထပ်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြို့မှာ လူတွေမရှိတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

    စစ်ပြေးများကို စံခလဘူရီမှ စေတနာရှင်များက ညပိုင်းအအေးဒဏ်ကာကွယ်ရန်အတွက် ခြုံစောင်များကို လိုက်လံဝေငှသော်လည်း လူများသည့်အတွက် ခြုံစောင်များမှာ မလောက်ငှပေ။
    နောက်ဆုံးအခြေအနေမှာတော့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် မြို့ခံ တစ်သောင်းကျော်ရှိနေပြီး၊ ခုနှစ်ထောင်ကျော်က ထိုင်းဘက်ကမ်းမှာ ရောက်ရှိနေပြီး၊ တချို့က ဘုရားသုံးဆူမြို့အနီးအနားတဝိုက်ရှိ မွန်ပြည်သစ်ပါတီ လက်အောက်ခံကျေးရွာတွေဖြစ်သည့် ဂျပန်ရေတွင်းရွာ ဂူပေါင်းကျေးရွာနှင့် ဥယျာဉ်ခြံများတွင် ပုန်းအောင်း တိမ်းရှောင်နေကြပါတယ်။

    “ထိုင်းဘက်ကမ်းကို တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ညနေပိုင်း ခလေးလာကြိုရင်းနဲ့ ရောက်လာတယ်၊ အခုတော့ အမျိုးအိမ်မှာ ကျန်တာကတော့အောက်ဘက်မှာ အပေါ်ကုန်းကျောင်းကွင်းမှာ ထားထားတယ်၊ ရှမ်းဘက်ပိုင်းမှာ ရှမ်းတွေက ကယ်ဆယ်ရေးလုပ်ပေးနေတယ်၊ ပေးနေနေတယ် ကျောင်းမှာပဲ ဘယ်မှမသွားကြနဲ့လို့ ပြောတယ်၊ အစားအသောက်က တချို့က ဝယ်စားတယ် လာဝေပေးတဲ့လူတွေလည်းရှိတယ်၊ ရေဝေပေးတယ် လူကတော့အများကြီးပဲ ရေလို့မနိုင်ဘူး သုံးထောင်လောက်တော့ရှိမယ်၊ ဟိုတကွက် ဒီတကွက်နဲ့ ကွင်းကို ကြည့်လိုက်ရင် လူတွေကြီးပဲ” ဟု တိုက်ပွဲစဖြစ်သည့်နေ့ကပင် ထိုင်းဘက်ကမ်းသို့ ရောက်ရှိနေသည့် အသက် ၃၀ ဝန်းကျင်ရှိ မြန်မာလူမျိုး အမျိုးသမီးတစ်ဦးက ပြောသည်။

    တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၈ ရက်နေ့မှာ ထောင်ချီသောမြို့ခံများ ထွက်ပြေးတိမ်းရှောင်မှုရှိသော်လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့်နှင့် စစ်အစိုးရတပ်မှ လက်နက်ပစ်ဖောက်နေမှုကြောင့် မြို့တွင်း၌ ကျန်ရှိနေကြသည့်သူတွေလည်း ယနေ့နံနက်ထိ ထွက်ခွာမှုက သောင်းကျော်ချီရှိနေသည်။
    “ဒီအချိန်မှာက နေ့စားအလုပ်သမားတွေ နပ်မမှန်နေတဲ့အချိန်၊ အခုစစ်ဖြစ်တော့ ပိုပြီးတော့ ဒုက္ခရောက်တယ်။ အဲဒါကြောင့် တက်နိုင်သလောက်စုပြီးတော့ သူတို့ စားစရာလိုအပ်တဲ့အချိန်မှာ စားစရာ၊ ရေလိုအပ်နေတဲ့အချိန်မှာ ရေကို လှူပေးတာပါ” ဟု အကူအညီပေးနေသည့်ခဲကုမ္ပဏီက ပြောသည်။

    ထိုင်းဘက်ကမ်းရှိ ရှမ်းကုန်နှင့် ၄င်းအနီးအနာရှိ ခြံနှင့် ကျေးရွာများတွင် နေထိုင်သူများထံသို့ လိုက်လံ ဝေငှပေးသည်ဟု သိရပါသည်။

    “အခု ခဲကုမ္ပဏီက ဆန်အိတ် ၁၀၀၊ အချိုရည်၊ ရေတွေနဲ့ တခြားရိက္ခာတွေကို ထောက်ပံ့ပေးနေတယ်။ အခုလောလောဆယ်တော့ ရိက္ခာက ကုန်တော့မယ်။ ဒါပေမယ့် ကျန်နေတဲ့လူတွေက အများကြီးရှိသေးတယ်” ဟု အကူအညီပေးနေသည့်ကုမ္ပဏီက ပြောသည်။

    ၄င်းကုမ္ပဏီအပြင် နယ်စပ်ဒေသရှိ အဖွဲ့အစည်းများလည်း အကူအညီပေး ထောက်ပံ့နေကြသည်ဟု သိရပါသည်။

    ၄င်းအကူအညီပေးနေသူတို့က စစ်ပြေးဒုက္ခသည်များအား တက်နိုင်သမျှကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သို့သော် ရက်ပေါင်းမည်မျှကြာသည့်အထိ ဆက်လက်ထောက်ပံ့သွားရမည်မှာ ဒီကေဘီအေ ဦးဆောင်သည့် ကရင်တပ်များနှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲအပေါ်တွင်သာ မူတည်သည်။

    ယခုထိုင်းဘက်ကမ်းပိုင်းမှာရှိသော သောင်းနှင့်ချီ စစ်ပြေးဒုက္ခသည်များက တစ်ခြားလွတ်မြောက်နိုင်သော နေရာများသို့ သွားနိုင်ကြောင်း ယခုလို နေရာပေးပြောင်းခြင်းသည် တစ်ခုခုဖြစ်ပွားပါက သံဃာတော်တို့က လုံခြုံရေးတာဝန်မယူကြောင်း မွန်ပြည်သစ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ဒီနေ့မှာတော့ တိုက်ပွဲထပ်ဖြစ်မယ်လို့ကြားတယ် ဒါပေမယ့် ခုထိတော့ မကြားသေးဘူး သေနတ်သံက ဗမာစစ်တပ်တွေလည်း တက်လာနေပြီးတဲ့ အခြေအနေကတော့ ထပ်ဖြစ်ဖို့ရှိတယ်၊ မြို့မှာတော့ လူမရှိတော့ဘူး” ဟု ယနေ့မှ ထိုင်းဘက်ကမ်းကို ရောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

    မြို့ပေါ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မြန်မာစစ်အစိုးရတပ်မှာ တပ်အင်အား ထပ်မံရောက်ရှိလာနေပြီး၊ တိုက်ပွဲဖြစ်ပွားပြီး နောက်တရက်မှာ မြန်မာစစ်တပ် တပ်မ ၂၂ မှ တပ်သား အင်အားနှင့်အတူ စစ်လက်နက်ပစ္စည်းတင်ကား (၁၈) စီးက ဘုရားသုံးဆူမြို့သို့ စစ်ကူအဖြစ် တက်လာနေကြောင်းလည်း သံဖြူဇရပ်က မျက်မြင်တစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားသည့် ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ်တို့ရဲ့ တိုက်ပွဲသည် မြဝတီမှာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအဆက်ကြောင့်လည်းဖြစ်နိုင်သည်။

    ဘုရားသုံးဆူတိုက်ပွဲသည် နိုဝင်ဘာ ၈ ရက်နေ့က မြို့ပြင် မဲကသာမှာ မြန်မာစစ်အစိုးရတပ်နဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တွေ မိနစ် ၂၀ လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

    တိုက်ပွဲဟာ နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်မှာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲမှာ လက်နက်ကြီး အချက် ၂၀ လောက်နှင့် လက်ငယ်တွေပါ ၁၅ မိနစ်လောက်ပစ်ခတ်ကြသည်ဟု မြို့ခံတွေက ပြောသည်။

    သေနတ်သံတိတ်ဆိတ်သွားပြီးတော့ ဒီကေဘီအေတပ်တွေက မြို့ထဲဝင်လာပြီး မြို့တွင်းရှိ အစိုးရနှင့် ပတ်သတ်သည့် စုပေါင်းရုံး သစ်တောရုံး၊ စရဖရုံးတွေကို ပစ်ခတ်မီးရှုံ့လိုက်ကာ ထိုနေ့ပစ်ခတ်မှုမှာ ထိခိုက်သူတွေလည်းရှိနေသည်။

    ယခုလက်ရှိဖြစ်ပွားနေသည့် ဒီကေဘီအေနှင့် စစ်အစိုးရတပ်တို့အကြား ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့အနေဖြင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေပါက ဒီဘေဘီအေဘက်မှ စစ်ကူလိုလာလျှင် (KNLA) တပ်မဟာ ၆ မှ ကူညီရန်အဆင်သင့်ပဲဆိုပြီး ဗိုလ်ကြီးစောထဲနေက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts