spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်း“လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အဲန်ဒီ- ဘားမား အစီရင်ခံစာထုတ်

    “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အဲန်ဒီ- ဘားမား အစီရင်ခံစာထုတ်

    -

    ကျလွန်းထော – ရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်း စစ်အစိုးရ၏ မတရားလုပ်ဆောင်ချက်များကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အဲန်ဒီ – ဘားမားမှ “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။

    ရွေးကောက်ပွဲမတိုင်ခင် ၁၀ လကြာ ကာလအတွင်း ပြောရေးဆိုခွင့် မရှိခြင်း၊ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်ခံနေရခြင်းအပြင် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၄၇ မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၈၇၅ မှုတို့ကို ၄င်းအစီအရင်ခံစာက ဖော်ထုတ် တင်ပြထားသည်။

    မွန်ပြည်သူ့အခွင့်အရေးဖောင်ဒေးရှင်းမှ လူ့အခွင့်အရေးသတင်းအချက်အလက် ကောက်ခံရေးနှင့် စုစောင်းရေးတာဝန်ခံ ကိုအွန်းမွန်က “ရွေးကောက်ပွဲကာလမှာ စစ်အစိုးရရဲ့ တရားနည်းလမ်းမကျတဲ့ လုပ်ဆောင်ချက်တွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲကို စိတ်ပါဝင်စားစွာစောင့်ကြည့်နေတဲ့သူတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူပြည်သားတွေ အားလုံး ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေဖို့ စစ်အစိုးရပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တကယ့် တရားမျှတမှုမရှိဘူး ဆိုတာကို ကျနော်တို့ရဲ့ ကောက်ချက်အတိုင်း တင်ပြထားပါတယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲမတိုင်ခင်ကာလမှစ၍ ရွေးကောက်ပွဲရောက်သည့်ရက်အထိ စစ်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်သည့် ကြံ့ဖွံ့ပါတီက ခြိမ်းခြောက်၍ မဲဆွဲခြင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် မတရားအခွန်ကောက်ခံနေခြင်း၊ မဲစာရင်းကောက်ချိန်တွင် ပေါ်တာဆွဲခြင်း၊ အတင်းအကြပ်ငွေကြေးပေး၍ အစည်းအဝေးတက်ခိုင်းခြင်း၊ ပါတီဝင်စာရင်း ကောက်ခြင်း၊ အာဏာအလွဲသုံးစားလုပ်၍ ပါတီဝင်စုဆောင်းခြင်း နောက်ဆုံး ကြိုတင်မဲကောက်ယူခြင်း အစရှိသည့် ပြည်သူ/သားများ မတရား ချိုးဖောက်ခံနေရမှုများကို ၄င်းအစီရင်ခံစာက အထောက်အထားအပြည့်အစုံဖြင့် တင်ပြထားသည်။

    ၄င်းအစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းမှ မြို့နယ်ပေါင်း ၆၀ တို့၏တိုင်းရင်းသားများ၏ ချိုးဖောက်ခံရမှုများကို ထင်ဟတ်ဖော်ထုတ်ထားသည်။

    နအဖ စစ်အစိုးရ ပြုလုပ်သွားသော ရွေးကောက်ပွဲရလာဒ်အဖြေမှာ မသမာသောနည်းဖြင့် ရခဲ့သည့်ရလာဒ်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ၄င်းတို့ (၁၃) ဖွဲ့က မိမိတို့ျနယ်ပယ် အစုအရပ်မှ ရွေးကောက်ပွဲကာလအတွင်း ပြောဆိုစည်းရုံးခွင့်၊ တရားမျှတမှုမရှိ အစရှိသည့် ပုံစံအမျိုးမျိုး ချိုးဖောက်ခံရမှုများကို တစိုက်မတ်မတ် ကောက်နုတ်တင်ပြထားကြောင်း နိုင်အွန်းမွန် စီမံခန့်ခွဲရေးအဖွဲ့ဝင် (ND-ဘားမား) က ပြောသည်။

    “ရွေးကောက်ပွဲမှာ နအဖရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ကြံ့ဖွံ့ပါတီ မဲအနိုင်ရပြီး နိုင်ငံကို ဆက်လက် အုပ်ချုပ်သွားမယ်ဆိုရင် ကျနော်တို့ ကောက်ခံရရှိထားတဲ့ အချက်အလက် မှတ်တမ်း တွေအားလုံးကို လာမည့်အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုအတွက် ထိထိရောက်ရောက် အသုံးချပြီးတော့ ဆုံးရှုံးသွားရတဲ့ တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေး အခြေအနေတွေအားလုံးကို ကျနော်တို့က ထိရောက်စွာ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ကိုအွန်းမွန်က ပြောသည်။

    ရွေးကောက်ပွဲ၏ရလဒ်အဖြေမှာ အဓိကမဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်ခင်အတွင်း ပြည်သူ/သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်များကို အစီရင်ခံစာက ကောက်နုတ်ဖော်ပြထားသည်။

    အဲန်ဒီဘားမားသည် လူ့အခွင့်အရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း ၁၃ ဖွဲ့တို့ဖြင့် ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts