spot_img
Tuesday, April 23, 2024
More
    spot_img
    Homeသတင်းသုံးဆူပြည်သူအားလုံး မြို့မှ ထွက်ကြပြီ

    သုံးဆူပြည်သူအားလုံး မြို့မှ ထွက်ကြပြီ

    -

    ဘုရားသုံးဆူမြို့

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ပြည်သူများ၏ လုံခြုံရေးကို တာဝန်ယူထားသော သံဃာတော်များက လုံခြုံရေး မယူနိုင်တော့ဟု ပြောကြားသည့်အတွက် မြို့တွင်းကျန်ရှိနေသည့် ပြည်သူများ ယနေ့နံနက်ပိုင်းတွင် ထိုင်းဘက်ကမ်းသို့ ထပ်မံထွက်ခွာနေကြောင်း သိရပါသည်။

    တိုက်ပွဲဖြစ်ပွားသည့် နောက်ပိုင်း၌ ဓမ္မဟေဝန်ကျောင်းတွင် မှီခိုနေကြသည့် ကျောင်းသူ/သားများနှင့် ပြည်သူ (၈၀၀) ကျော်သည်လည်း ယနေ့နံနက်ပိုင်းတွင် ထိုင်းဘက်ကမ်းသို့ ထွက်ခွာလာကြသည်။

    “ဒီကေဘီအေတပ်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ရင် ပြည်သူတွေကို ထိမှာစိုးလို့ ကရင်ဆရာတော်က ဒီလို မိန့်ကြားတာ ဖြစ်တယ်။ အခုမြို့ထဲမှာ လူတွေ မရှိသလောက်ပဲ။ အကုန်လုံး ပြောင်းကုန်ပြီ။ မနေ့က ကျန်ခဲ့တဲ့ လူတောင် မရှိတော့ဘူး ထွက်သွားကြကုန်ပြီ” ဟု မွန်ပြည်သစ်ပါတီ လက်အောက်ခံ ကျေးရွာအတွင်းသို့ ရောက်ရှိလာသည့် သုံးဆူမြို့ခံတစ်ဦးက ပြောသည်။ ယနေ့အခြေအနေမှာ ပိုမိုတင်းမာလျှက် ရှိနေသည်။

    ယမန်နေ့ နေလည်ခန့်တွင် တပ်မ (၂၂) မှ စစ်သားနှင့် စစ်လက်နက်ပစ္စည်းတင် စစ်ကား (၁၈) စီး ဘုရားသုံးဆူသို့ စစ်ကူပို့ရန် တက်သွားပြီ ဖြစ်ကြောင်း သံဖြူဇရပ်မြို့မှ မျက်မြင်တစ်ဦးက ပြောသည်။

    တိုက်ပွဲသံ တိတ်နေသည့် အချိန်တွင် လူမရှိသည့် အိမ်များကို စစ်သားများက တံခါးဖေါက်ပြီး ပစ္စည်းနှိုက်ယူခြင်းများ ရှိကြောင်း၊ မည်သည့် စစ်သားများ ဖြစ်သည်ကို မသိရှိကြောင်း တိုင်တစ်ရာကျောင်းဝင်းအတွင်းမှ ဒေသခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts