spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ပါတီ ကိုယ်စားလှယ် (၁၅) ဦးထက်မနည်း အနိုင်ရရန် သေချာ

    မွန်ပါတီ ကိုယ်စားလှယ် (၁၅) ဦးထက်မနည်း အနိုင်ရရန် သေချာ

    -

    မော်လမြိုင်ရှိ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးချုပ်

    အာကာ – ယမန်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း၌ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၁၅) ဦးထက်မနည်း အနိုင်ရရန် သေချာပြီ ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    (၁၅) နေရာတွင် ပြည်သူ့လွှတ်တော် (၃) နေရာ၊ အမျိုးသားလွှတ်တော် (၄) နေရာနှင့် ပြည်နယ်လွှတ်တော် (၈) နေရာ ဖြစ်သည်။

    ပြည်သူ့လွှတ်တော် (၃) နေရာတွင်

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နိုင်လှမောင်၊

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ နိုင်သိန်းအောင်နှင့်

    မွန်ပြည်နယ် ရေးမြို့နယ်မှ မိမြင့်သန်းတို့ ဖြစ်ကြသည်။

    အမျိုးသားလွှတ်တော် (၄) နေရာတွင်

    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) ချောင်းဆုံမြို့နယ်မှ နိုင်ကျော်သိန်း၊

    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) သံဖြူဇရပ်မြို့နယ်မှ နိုင်ထွန်းအုံး၊

    မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) ရေးမြို့နယ်မှ ဒေါက်တာဗညားအောင်မိုးနှင့်

    ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) ကော့ကရိတ်မြို့နယ်မှ နိုင်မျိုးတင့်လွင်တို့ ဖြစ်ကြသည်။

    ပြည်နယ်လွှတ်တော် (၈) နေရာတွင်

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်စံတင်၊

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ နိုင်အောင်နိုင်ဦး၊

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်နိုင်ဦး (ခ) နိုင်တလချမ်း၊

    မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာမင်းနွယ်စိုး၊

    မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေ နှင့် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်သိန်းဟန်၊

    မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်ချမ်းမြင့် နှင့်

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်စိုးသိန်းတို့ ဖြစ်ကြသည်။

    ကျန်သည့် (၆) ဦး ဖြစ်သော

    မွန်ပြည်နယ် ကျိုက်မရောမြို့ ပြည်သူ့လွှတ်တော်မှ ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်း၊ အမျိုးသားလွှတ် မဲဆန္ဒနယ် (၃) မှ နိုင်လှအောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှ နိုင်အုံးသောင်း၊

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်မှ နိုင်ဝင်းမြင့်

    ကရင်ပြည်နယ် လူမျိုးစုလွှတ်တော် နိုင်ချစ်ဦး

    တနင်္သာရီတိုင်း ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မှ နိုင်တင်မြ (ခ) နိုင်တလလဝီ တို့၏ မဲအရေအတွက်များကို မသိရသေးကြောင်း ပါတီ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    “ကရင်ပြည်နယ်မှာ လူမျိုးစုလွှတ်တော်အတွက် ရွေးတဲ့ နိုင်ချစ်ဦး ဆိုရင် အခုလောလောဆယ်မှာတော့ အနိုင်ရနေတယ်၊ ဒါပေမဲ့ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်ဘက်က မဲတွေကို မသိရသေးဘူး” ဟု သူက ပြောသည်။

    ပါတီဥက္ကဌ နိုင်ငွေသိန်းကမူ “ကြံ့ဖွံ့တွေ မညစ်ပတ်ဘူး ဆိုရင် အနည်းဆုံး (၂၂) နေရာလောက် ကျနော်တို့ အနိုင်ရလိမ့်မယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်သည့် ပါတီ၏ သဘောထား တုံ့ပြန်ချက်ကို ယနေ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီများ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts